ကမ္ဘာကျော်ဘင်္ဂဖွားတစ်ဦးအကြောင်း

ညစ်ညစ်စုတ်စုတ် အ၀တ်အစားနွမ်းလေးနဲ့ ကောင်လေးတစ်ယောက်…ဆိပ်ကမ်းတစ်လျှောက်မှာ စီရီ ရပ်ထားတဲ့ ပင်လယ်ကူး သဘောင်္ကြီးတွေကို ငေးကြည့်နေပါတယ်။

အဝေးကနေ တဖြည်းဖြည်းချင်း ဆိပ်ကမ်းနဲ့ နီးလာတဲ့ သင်္ဘောကြီးတွေကိုရော သူကြည့်နေတယ်။ ဆိပ်ကမ်းကနေ ခွာပြီး တစ်စ …တစ်စ…ဝေးသွားတဲ့ မီးသဘောင်္ကြီးတွေကိုလည်း သူငေးနေပါတယ်။သူ့စိတ်ကူးတွေထဲမှာတော့ …တစ်နေ့ကြရင် ငါလည်း …ဒီလို မီးသဘောင်္ကြီးတွေ ပိုင်ရမယ်ဆိုတဲ့ စိတ်ကူးတွေ နဲ့ပေါ့..။

ဒီကလေးလေးဟာ တနင်္ဂနွေ ဘင်္ဂဖွားလေး ပေါ့။ သူ့နာမည်က တနင်္ဂနွေ အစ + အင်္ဂါအဆုံး မှည့်ထားတဲ့ နာမည်လေးနဲ့ပါ။ တစ်ကယ်ကိုပါပဲ…။ တစ်နေ့မှာ သူဟာ…တစ်ကမ္ဘာလုံးမှာ ရှိသမျှသော မီးသင်္ဘောတွေရဲ့ သုံးပုံနှစ်ပုံကို ပိုင်ဆိုင်သူ ဖြစ်လာခဲ့ပါတယ်။

ဒီကလေးငယ်လေးရဲ့…..တနင်္ဂနွေ အစ + အင်္ဂါအဆုံး အမည် သည် ..ပုတိဌာနမှာ ကသစ်မူနေတဲ့ တနင်္လာဂြိုဟ်လေးကို ပိုမိုပြည့်စုံသော ကောင်းအား ရရှိစေခဲ့ပါတယ်။ တနင်္ဂနွေနေ့မှာ ဖွားမြင်ခဲ့တဲ့ သူ့အတွက် ….တနင်္လာဂြိုဟ်ဆိုတာက …အညွန့်ဂြိုဟ် (အကျိုးစီးပွားကို ဘယ်နေရာကနေ ရမလဲ ဆိုတာ ညွှန်ပြသော ဂြိုဟ်)လည်း ဖြစ်ပါတယ်။

အဲဒီ့ အကျိုးစီးပွားဂြိုဟ် တနင်္လာလေးသည် ရေနှင့် ရေထွက်ကုန်ဆိုင်ရာ လုပ်ငန်းနယ်ပယ်များ ၊ သင်္ဘောသား ၊ သဘောင်္နှင့် စက်လှေ စသော…လုပ်ငန်းများ၊ ရေကို အမှီပြုရသော လုပ်ငန်းနယ်ပယ်များအာလုံးကိုလည်း လွှမ်းမိုးထားသော ဂြိုဟ်ကလေးပီပီ….၊ ဒီကလေးငယ်လေးရဲ့ အိပ်မက်လေးတွေကို လက်တွေ့ အကောင်အထည် ပေါ်လာစေခဲ့ပါတယ်။

တိုက်ဆိုင်စွာပဲ သူ မှည့်ခေါ်မိထားသော အမည်နဲ့ သူမွေးဖွားရာဇာတာခွင်လေး ပေါ်က တနင်္လာ ကသစ်ဂြိုဟ်ကလေးသည် မှန်ကန်သော အိပ်မက်များကို ဘ၀မှာ ရုပ်လုံးပေါ်လာစေခဲ့ပါတယ်။

သူသိပ်ချမ်းသာ သွားခဲ့ပါတယ်။ မှန်ကန်တဲ့ အသက်မွေးမှုကိုလည်း ရွေးခြယ်ခဲ့မိသလို.အတိတ်ကံရဲ့ အထောက်အပံ့ကို ၊ မျက်မှောက်ကံ ကြိုးစားအားထုတ်မှုတွေနဲ့ ..လမ်းကြောင်းမှန် လျှောက်ခွင့်လည်း အပြည့်အ၀ ရရှိခဲ့ပါတယ်။ လွယ်လွယ်ကူကူ အောင်မြင်ခဲ့တာ မဟုတ်ပေမယ့်…သူကြိုးစားရောက်ရှိသွားတဲ့ ဘ​ဝပန်းတိုင်နဲ့ သူ့နာမည် သူ့ဇာတာတို့သည် အထူးကိုက်ညီ ဆီလျော်လှပါတယ်။

သူကတော့ တစ်ချိန်က နာမည်ကျော် ..ကမ္ဘာ့သင်္ဘောသူဌေးကြီး ..အိုနာစစ်ပါပဲခင်ဗျား။

လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)