တချိန်တည်း တပြိုင်တည်းမှာ အလုပ်မျိုးစုံ လုပ်နိုင်တဲ့ ရာသီခွင်များ

ဒီဘက်ခေတ်မှာ အာရုံများစရာတွေ စုပြုံလာတဲ့အတွက် အလုပ်မျိုးစုံကို တပြိုင်တည်း ကောင်းကောင်း စီမံနိုင်တဲ့ အရည်အချင်းကလည်း လိုအပ်လာပါတယ်။ အများစုက တချိန်တည်းမှာ အလုပ်ပေါင်းစုံကို တပြိုင်တည်း လုပ်ဖို့ ခက်ပေမဲ့ တချို့လူတွေကတော့

တပြိုင်နက်တည်းမှာ တချိန်တည်းမှာ မတူညီတဲ့ အလုပ်တွေကို လုပ်ပြနိုင်ပါတယ်။ အနည်းဆုံး အလုပ် ၃ ၊ ၄ ခု ကို လက်ထဲမှာ ကိုင်ထားပြီး မညည်းညူစတမ်း လုပ်နိုင်တဲ့ ရာသီခွင်တွေကတော့ …

မိန်ရာသီဖွား

ငါးနှစ်ကောင်ရုပ်ပုံနဲ့ ရာသီခွင် ဖြစ်ပြီး ဒွေးဒဟရာသီထဲမှာလည်း ပါဝင်နေလို့ မိန်ရာသီဖွားတွေဟာ မတူညီတဲ့ အလုပ်တွေကို တချိန်တည်းမှာ ပြီးစီးအောင်မြင်အောင် လုပ်သွားနိုင်ကြပါတယ်။ အရည်အချင်းကောင်းတွေ ရှိကြပြီး ရှိတဲ့စွမ်းရည်ကိုလည်း အထိရောက်ဆုံး သုံးတတ်သူတွေ ဖြစ်ပါတယ်။ ပြီးတော့..

သိဟ်ရာသီဖွား

ဆရာကြီးရာသီဖွားတွေ ဖြစ်လို့ သူများထက် ထူးပြီး အလုပ်များနေတာကို သဘောကျကြပါတယ်။ သူတို့တွေ လက်ထဲမှာ အလုပ်တစ်ခုမက ရှိနေတတ်ကြပြီး သူတို့ စိတ်အာရုံကို တည်ငြိမ်အောင် ထိန်းကျောင်းထားနိုင်ဖို့ အလုပ်တွေ များနေတာ၊ အလုပ်မျိုးစုံ လုပ်နေရတာကို သဘောခွေ့တတ်ကြပါတယ်။

 

ကရကဋ်ရာသီဖွား

အလုပ်မျိုးစုံကို တစ်ခုပြီးတစ်ခု စိတ်နှစ် လုပ်တတ်ကြသလို အလုပ်တာဝန်တွေအများကြီးကိုလည်း ကိုင်တွယ် လုပ်ကိုင်နိုင်ကြသူတွေပါ။ စိတ်ပါလက်ပါ ရှိနေပြီဆိုရင် အလုပ်တစ်ခုကို ခဏတာအတွင်း အပြတ်ဖြတ်နိုင်သလို အချိန်တိုတိုလေးနဲ့လည်း အလုပ်တွေ တပုံကြီးကို အလွယ်တကူ လုပ်သွားနိုင်ပါတယ်။

ဗြိစ္ဆာရာသီဖွား

ဇွဲလုံ့လရော သန္နဋ္ဌာန်ပါ ခိုင်မာသူတွေ ဖြစ်လို့ ဘယ်လောက် အလုပ်များများ ပြီးအောင် လုပ်သွားနိုင်ကြပါတယ်။ အလုပ်များလေ ဇွဲကောင်းလေ ဖြစ်ပြီး အလုပ်တိုင်းကိုလည်း ခပ်သွက်သွက်နဲ့ မှန်မှန်ကန်ကန် လုပ်နိုင်ကြသူမျိုး ဖြစ်ပါတယ်။ စိတ်ကူးကောင်းတွေကို လက်တွေ့လုပ်သွားနိုင်တဲ့စွမ်းရည် ရှိကြပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)