တနင်္ဂနွေနေ့ဖွားများနှင့် ချစ်မှုရေးရာကံ

တနင်္ဂနွေနေ့ဖွားများဟာ ချစ်မှုရေးရာကံမှာ ခံစားချက်ကို ဦးစားပေး ရွေးချယ်တတ်သူတွေ ဖြစ်ပါတယ်။ အသန့်အပြန့် အလှအပ အမွှေးအကြိုင်ကို နှစ်သက်သလို ခေတ်မှီစွာနေထိုင်ပြောဆိုတတ်မှုကိုလည်း အလေးထားတတ်ကြတယ်။

အချစ်ကြီးရင် အမြတ်ကြီးတယ် ဆိုတဲ့စကားပုံဟာ တနင်္ဂနွေဖွားများအတွက်ပိုမှန်ပါလိမ့်မယ်။ ကိုယ်ချစ်ရတဲ့သူကို လိုချင်တဲ့ ပုံစံ ရအောင် အစီအစဉ်တကျ သိမ်းသွင်းနိုင်တဲ့ သူတွေအဖြစ်လည်း တွေ့ရမှာပါ။ ခေါင်းမာတာ တဇွတ်ထိုးဆန်တာ နဲ့စကားကို ဒေါသအလျောက် ပြောဆိုတတ်မှုတွေက အချစ်ရေးမှာ အခက်အခဲပြဿနာကို ဖြစ်လွယ်စေပါတယ်။ ဒါ့ကြောင့် တနင်္ဂနွေနေ့ဖွားများဟာ ချစ်မှုရေးရာမှာ အတ္တနှလုံးသားပိုင်ရှင် တနည်းအားဖြင့် ချစ်စိတ်ကြီးမားသူများအဖြစ် ယေဘုယျအားဖြင့် သတ်မှတ်နိုင်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဘယ်အချိန်မှာ အချစ်ရေးကံအားနည်းတတ်သလဲ – အသက်ကိုတည်ပြီး (၇)နဲ့စားလို့ (၀)ကြွင်းတဲ့အသက်ပိုင်းတွေနဲ့ (၄)ကြွင်းတဲ့ အသက်ပိုင်းတွေမှာ မေတ္တာရေးကံ အားနည်းတတ်ကြပါတယ်။ ၁၄နှစ်၊ ၁၈နှစ်၊ ၂၁နှစ်၊ ၂၅နှစ်၊ ၂၈နှစ် ၊ ၃၂နှစ်၊ ၃၅နှစ် ၊ ၃၉ နှစ် စတဲ့အသက်ပိုင်းများဟာ တနင်္ဂနွေနေ့ဖွားများအတွက် အချစ်မေတ္တာနဲ့ပက်သက်ပြီး ကံအားနည်းတတ်သော အသက်ပိုင်းများဖြစ်ပါတယ်။

သံယောဇဉ်မထားသင့်သူအပေါ် သံယောဇဉ်ထားမိတတ်ခြင်း၊ မျှော်လင့်သလိုဖြစ်မလာတတ်ခြင်း၊ ရုတ်တရက် အလုပ်သဘာဝကြောင့် ဝေးကွာရတတ်ခြင်း ၊ ရန်ပဋိပက္ခ ဖြစ်ပွားလွယ်ခြင်းနှင့် နားလည်မှုလွဲစေတတ်ခြင်း စသော ကိစ္စရပ်များမှာ တစ်ခုမဟုတ်တစ်ခု ဖြစ်စေတတ်သော အသက်အပိုင်းများဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဘယ်အချိန်တွေမှာ အချစ်ရေးကံကောင်းတတ်ကြသလဲ – အသက်ကို တည် (၇)နဲ့ စားလို့ (၂)ကြွင်းတဲ့ အသက်ပိုင်တွေနဲ့ (၅)ကြွင်းတဲ့ အသက်ပိုင်းတွေ ဖြစ်တဲ့ ၁၆နှစ်၊ ၁၉နှစ်၊ ၂၃နှစ်၊ ၂၆နှစ်၊ ၃၀နှစ် ၊ ၃၃နှစ် စတဲ့အသက်ပိုင်းတွေမှာ စန်းအားကောင်းတတ်ပြီး မေတ္တာရေး ကံကောင်းတတ်တဲ့ ကာလများဖြစ်ပါတယ်။ နှလုံးသားရေးရာကိစ္စများ ဆုံးဖြတ်ချက်ချမှတ်ရခြင်း၊ ချစ်သူ မရှိသူများ ချစ်သူအသစ် ရခြင်း၊ ချစ်သူနှင့်ပက်သက်သော ကံကောင်းခြင်း စတဲ့ အကျိုးတရား ဖြစ်ထွန်းလွယ်သော အသက်အပိုင်းအခြားများပဲ ဖြစ်ပါတယ်။

ဒါပေမယ့် တစ်ဦးချင်းစီ၏ မွေးသက္ကရာဇ်အလိုက် အမည်တည်ဆောက်ပုံအနေအထားများအရ ကွာခြားမှု ရှိပါမယ်။ ယေဘုယျသဘောကို မြန်မာ့လက်ဆန်းဗေဒင်ပညာရပ်ဖြင့် တင်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့ဖွားများ ချစ်မှုရေးရာ အဆင်ပြေ စိတ်ချမ်းမြေ့ကြပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီ ရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)