ဒီနှစ် ၁၃၈၀ ထဲမှာ သတိထားရမယ့် အမည်တွဲများ

ဒီနှစ် မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ မြန်မာ့ရိုးရာမဟာဘုတ်ပညာအရ တစ်ခုကြွင်းတဲ့ ဇာတာခွင်နှစ်မှာ အောက်ပါ အမည်တွဲ ပိုင်ရှင်များ ဂရုစိုက်ရပါလိမ့်မယ်။

(၁) တနင်္ဂနွေနံအစ + တနင်္ဂနွေနံအဆုံး အမည်ပိုင်ရှင်များ

(ဥပမာ….အောင်အောင် ၊ အေးအေး ၊ အေးမြတ်ဦး ၊ ဥက္ကာအောင် …စသည်..)

(၂) ဗုဒ္ဓဟူးနံအစ + ကြာသာပတေးနံအဆုံး အမည်ပိုင်ရှင်များ
ကြာသာပတေးနံ အစ + ဗုဒ္ဓဟူးနံအဆုံး အမည်ပိုင်ရှင်များ

(ဥပမာ ….၀င်းမြင့်၊ မြင့်ဝေ ၊ လင်းလက်မိုး ၊ မြင့်သိန်းလွင် ၊ မြချယ်ရီ၊ ရွှေဇင်မှုး စသော အမည်ပိုင်ရှင်များ..) (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

(၃) ဗုဒ္ဓဟူး ၊ ကြာသာပတေးနှင့် တနင်္ဂနွေ သုံးမျိုး မည်သို့ပင် တွဲထားသည် ဖြစ်စေ ပါဝင်နေသော အမည်များ

(ဥပမာ….လင်းမြင့်ဦး ၊ အောင်လွင်မျိုး ၊ မြင့်အောင်ဝင်း ၊ ၀င်းမိုးအေး ၊ လွင်မင်းအံ့ စသည်..)

အထက်ပါ သုံးမျိုးစလုံးမှာ….နံပါတ် (၃) အမည်အမျိုးအစားသည် ဆိုးအားအပြင်းဆုံးပါပဲ။

ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် ကိုးကွယ်ရာဘာသာအလိုက် ကောင်းမှုကုသိုလ်လေးတွေနဲ့ ကာသင့်တာကာ ကွယ်သင့်ရာကွယ် ၊ ကောင်းတာလုပ် မှန်တာကို ပိုမို ရွေးခြယ်ထားနိုင်မှသာ တော်ရုံကျပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

ယုံတာတွေ မယုံတာတွေ အသာထား….

လက်ရှိ ၁၃၈၀ မြန်မာနှစ်ထဲမှာ အဆိုပါ အမည်ရှင်များအားလုံး မကောင်းကျိုးတွေ ပြေလျော့သက်သာပြီး ကောင်းကျိုး အဖြာဖြာ ရရှိနိုင်ကြပါစေလို့သာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

လေးစားစွာဖြင့်
ဆရာဝေသာလီမောင်ဖုန်း (ခေါ်) ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
09 789 333 791, 09 318 17 287 ဟောခန်းလိပ်စာ – တိုက် 6 ၊ အခန်း 3 ၊ မြေညီထပ် ၊ မြကန်သာအိမ်ယာ၊ မြကန်သာလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်။ အနီးဆုံး မှတ်တိုင် – ဆင်ရေတွင်းမှတ်တိုင်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)