ဒေါ်စုကို ကိုးကွယ်သူတစ်ယောက်ပါ

အခုဖြစ်ပျက်နေတဲ့ မြန်မာပြည်တွင်းနဲ့ မလေးရှားနိုင်ငံတွင်းက ပြဿနာတွေဟာ အဓိကအားဖြင့် လူထုခေါင်းဆောင်ကို ခွချက် ချက်ထားတာဖြစ်တယ်လို့ ယုံကြည်ပါတယ်။ ဒေါ်စုအနေနဲ့ လူ့အခွင့်အရေး ဘက်က ပြောရင် ပြည်တွင်းထောက်ခံမှု ကျဆင်းမယ်။ အမျိုးဘာသာဘက်က ပြောရင် နိုင်ငံတကာမှာ သိက္ခာကျမယ်။ ဒီလို ခွချက် ချက်ထားတာကို တွေ့ရပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးကိုသာ ထောက်ပြပြီး ထွက်လမ်း ရှာနိုင်ခဲ့ တာကို တွေ့ရပါတယ်။ နှစ်ပေါင်းငါးဆယ်လုံး တိုင်းပြည်ကို ရောင်းစားပေါင်စားလို့ အားမရသေးတဲ့ စစ်အရေခွံချွတ် အုပ်စုဟာ ခုထိလည်း နောင်တကောင်းကောင်း မရသေးဘူးဆိုတာကို တွေ့ရပါတယ်။ တကယ်လို့ ဒေါ်အောင်းဆန်းစုကြည် နိုင်ငံတကာမှာ သိက္ခာကျခဲ့ရင် တစ်နိုင်ငံလုံး သိက္ခာ ကျမယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ယုံလို့ လာကြမယ့် ရင်းနှီးမြှုပ်နှံသူတွေကို လက်တွန့်စေမယ်။ တိုင်းပြည် နာမယ် စတာတွေကို မတွေးကြတော့ဘဲ ငါတို့အတွက်ချည်းပဲ တွက်နေကြတုန်း ဆိုတာ တော်တော်လေး သိသာလှပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့သိက္ခာကို ချနှင်းပြီး စစ်အုပ်စုရဲ့ ၂ဝ၁ဝ ဖွဲ့စည်းပုံအောက်ကို ဝင်ခဲ့တယ်။ စစ်အရေခွံချွတ်အစိုးရကို နိုင်ငံတကာမှာ လူရာဝင်အောင် ဆွဲခေါ်ခဲ့တယ်။ အဲဒီအတွက် ထောက်ခံသူ တချို့ရဲ့ ငြိုငြင်မှုကို ရခဲ့ပေမယ့် သူ့ကို အသုံးချတာကို ခံခဲ့တယ်။ အရမ်း အောက်ကျနောက်ကျနိုင်နေပြီ ဖြစ် တဲ့ တိုင်းပြည်အတွက် အားလုံးကို ပေးဆပ်ခဲ့တယ်။ နောက်ဆုံး အကြီးကျယ်ဆုံး အကျပ် အတည်းကြီး နှစ်ခုမှာ သူအကောင်းဆုံး ခေါင်းဆောင်သွားခဲ့တယ်။ ကျမ်းသစ္စာ ကျိန်ဆိုရေးနဲ့ လက်ပံတောင်းတောင် ပြဿနာတွေမှာ သူဘာတွေ လုပ်ပေးသွားခဲ့တယ်ဆိုတာ အားလုံး မြင်ခဲ့ရတယ်။ ဒါပေမယ့် ဖွတ်အစိုးရကတော့ ဆိတ်ခေါင်း ချိတ်ပြီး ခွေးသားရောင်းတုန်း ဖြစ်တယ်။ နိုင်ငံတကာမှာ လူရာနည်းနည်း ဝင်လာတော့ လူလိုသူလို ဖြစ်လာတော့ ရိုင်းရိုင်းပြောရရင် ပဲဝက်အသပြာရတဲ့ ပုတ်သင်ညိုလိုပဲ ငါလည်း ဥစ္စာရှင် ဘုရင်ကြီးလည်း ဥစ္စာရှင် လုပ်ချင်လာတယ်။ အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုသလို ဖြစ်လာတယ်။ ငါတို့ တော်တို့ ဆိုပြီး လက်မထောင်ချင်လာတယ်။

ဒါပေမယ့် တကယ့် လူကြားသူကြားထဲရောက်တော့ “ဟုတ်ကဲ့ ခုဆို ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်ထဲ ရောက်နေပါပြီ” ဆိုတာပဲ သက်သေပြနိုင်တယ်။ သမ္မတဆို ဘယ်လောက်ထိ မျက်နှာပြောင် သလဲ ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေးဟာ သူ့အလုပ် မဟုတ်ပါဘူးတဲ့။ မြန်မာပြည်ရဲ့ သမ္မတ လုပ်နေပြီး မြန်မာပြည်အတွက် သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေးဟာ သူနဲ့ မဆိုင်ပါဘူးလို့ ပြောရဲတာ အံ့တော့ မအံ့သြပါဘူး။ မိဘပြည်သူများ ခင်ဗျားလို့ စပြီးတော့တာနဲ့ လိမ်တော့တာပဲ။

ဥပမာ ကျွန်တော်တို့ ပြည်သူပြည်သားများက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ပါတို့. မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူး ဆိုတာမျိုးတွေ။ နောက်ပြီး လာသေးတဲ့ သက်တမ်း ၂ နှစ်သာ ရှိသေးတဲ့ အစိုးရ ဆိုတာမျိုး တွေလေ။ အရင်ကလည်း ဒီမျက်နှာတွေချည်းပါပဲ။ ထားပါ ။ ကိုယ့်ဘာသာကိုယ် အရည်အချင်းက မရှိ။ ဘယ်ကစလို့ ဘာလုပ်ရမှန်းမသိ။ ဒါတွေကို ထည့်မပြောဘဲ ပြုပြင်ပြောင်းလဲရေးဆိုတာ ဖြည်းဖြည်းပဲ လုပ်ရတယ်ဆိုတာ ပါသေး။ ဒီကြားထဲ အနားယူသွားတဲ့ ပထွေးတွေကိုလည်း ကာဗာပေးရ သိဒ္ဓိတင်ရ လုပ်ရသေးတယ်။ ပြီးခဲ့တဲ့ WEF မှာ ဒေါ်အောင်ဆန်းစုကြည် နောက်က တကောက်ကောက် လိုက်နေခဲ့တဲ့ ဟိုအေဘီစီဒီ လေးလုံးမကွဲတဲ့ တစ်ယောက်ကလည်း သားက ကြီးလာရင် သမ္မတကြီး လုပ်မှာ ပြောချင်သေးတယ်။ တော်တော်လည်း ရယ်ရတဲ့ဟာတွေ။

ခု မလေးမှာ ဖြစ်နေတဲ့ မြန်မာလူမျိုးတွေ အသတ်ခံနေ ကြရတဲ့ ပြသနာ ကိုလည်း ဒေါ်အောင်ဆန်းစုကြည် ဘက်ကို ထိုးချဖို့ ကြံနေကြပြန်ပြီ။ ပြည်တွင်းမှာ မွတ်စလင်တွေကို သတ်တယ်။ ဗလီတွေကို မီးနဲ့ရှို့တယ်။ နောက်ကွယ်က ကြိုးကိုင်သူတွေ ရှိနေပါတယ် ပြောတယ်။ ခုထိ ကြိုးတောင် မတွေ့ရသေးဘူး။ အိုအိုင်စီတွေက ဖိအားပေးတော့ ဟိုလိုလို ဒီလိုလို လုပ်နေတယ်။ ခုမလေးမှာ ဖြစ်တော့ ဘယ်လို ဖိအားပေးမလဲ။ ဟိုက မေးမှာပေါ့။ မင်းနိုင်ငံမှာရော မင်းရှင်းနိုင်လို့လားဆို ခွေးပိန်လှည်းနှင်းသလို ဘယ်လို ပြန်ဖြေကြမလဲ။ အေး အဲဒီတော့ သူတို့တတွေ အကုန် မာလကီးမယားမချင်း တို့နိုင်ငံသားတွေလည်း ဘယ်တော့မှ ငြိမ်းချမ်းကြရမှာ မဟုတ်သေးဘူး။

ဒီကြားထဲ ဘူးလေးရာဖရုံဆင့်။ ဟို တစ်ပူးကြီးက ၁၉၈၂ ဥပဒေကို ပြင်ဖို့ NLD က ကြိုးစားရင် ပြည်တွင်းထောက်ခံမှု ကျဆင်းမှာဖြစ်ပြီး သူတို့က အပြင်းအထန် ကန့်ကွက်ပါတယ်တဲ့။ ကိုုယ့်ခေါင်းဆောင်ကိုု အကျဉ်းထဲ အကျပ်ထဲ ရောက်အောင် အချွန်နဲ့ မ, နေကြတာ။ နိုုင်ငံတကာမှာ အဲလိုု မပြောရင် နိုုင်ငံတကာရဲ့ ထောက်ခံမူကိုု မရနုုိင်တော့ဘူး။ ဒါဆိုု ဘယ်လိုု ရှေ့ဆက်ကြတော့မလဲ။ ဘာတွေပြင်မယ် ဆိုုတာတောင် မပြောသေးဘူး။ နိုုင်ငံတကာစံတွေကိုုပါ လေ့လာသင့်တယ် လို့ပဲ ပြောရသေးတယ်။ ကန့်ကွက်တာက အရင်။ ဒါကြောင့် မပြီးခင် ဗမာမမြင်စေနဲ့လို့ ဆိုုတာ။ ထူပုံကိုု ပြောပါတယ်။

တချိုု့လည်း ဒေါ်အောင်ဆန်းစုုကြည်ကိုု ပြုပြင်ပေးချင်ကြတယ်။ အမှားတွေကိုု ထောက်ပြပေးချင်ကြတယ်။ ကိုုယ့်ကြည့်တော့ ၁၀ တန်းတောင် ခိုုးချပြီးမှ အောင်လာကြတဲ့ဟာတွေ ဖြစ်မယ်။ နမူနာ အပြတော့ ကောင်းတယ်။ ဘာတဲ့။ ရှင်သာရိပုတ္တရာ ကိုုယ်တော်ကြီးတောင် ရ နှစ်အရွယ် သာမဏေက သင်္ဃန်းဝတ်တာ မှားနေလို့ ပြင်ပေးရသေးတယ်တဲ့။ ရယ်လည်း ရယ်ရတဲ့ဟာတွေ။ အေးပေါ့။ မင်းတို့လည်း ဒေါ်စုု ထမိန် ၀တ်တာ တိုုနေရင် ပြောကြပေါ့။ ဒါပေမယ့် အဲဒီ သာမဏေကရဟန္တာကြီးကိုု ဘယ်လိုု တရားကျင့်ရမယ်လို့ သွားပြောလို့တော့ ဘယ်ရမလဲကွယ်ရို့။ ကိုုယ့်နေရာကိုုယ်တော့ သိကြပေါ့။ ဒေါ်အောင်ဆန်းစုုကြည်ရဲ့ သမာဓိနဲ့ ပညာကိုု နှစ်ပေါင်း ၂၀ ကျော် လေ့လာပြီးပြီပဲ။ ငါတို့တော့ ယုုံတယ်။ ဘယ်လောက် ယုံုလည်း ဆိုုရင် ၂၀၁၅ မှာ ဒေါ်စုုက “သား ကြံဖွံ့ကိုု မဲပေးလိုုက်” လို့ ပြောရင်တောင် သူပြောတဲ့အတုုိင်း ပေးလိုုက်မှာပဲ။

ဟုုတ်ကဲ့ ကျွန်တော်က ဒေါ်စုုကိုု ကိုုးကွယ်သူ တစ်ယောက်ပါ။

ကိုဝီရ

(မှတ်ချက် ။ မူရင်း ရေးသားသူ ကိုဝီရ ထံမှ ခွင့်ပြုချက် တောင်းခံပြီး ဖြစ်သည်။ – Young Gun)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)