ဘဝမှာ အလုပ်က အရေးအပါဆုံး ဆိုတဲ့ ရာသီဖွား ၅ ခု

ဘဝမှာ ဘယ်အရာက အရေးအပါဆုံးလဲ မေးလာရင် အလုပ်ပါပဲလို့ တန်းဖြေမယ့် ရာသီဖွား ၅ ခု ရှိပါတယ်။ သူတို့တွေကတော့ …

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉)

အလုပ် ကြိုးစားသလောက် ငွေကိုလည်း အမှီအခိုကင်းစွာနဲ့ သုံးချင်ကြသူတွေ ဖြစ်တယ်။ မိသားစုကိုလည်း လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးချင်တတ်ကြသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘဝမှာ အလုပ်သရဲလို့ ခေါ်ရလောက်အောင် အလုပ်မှ အလုပ် ဦးထိပ် ပန်ဆင်ထားသူတွေပါပဲ။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁)

အာရုံစူးစိုက်မှု ပြင်းထန်တဲ့ ဒီရာသီဖွားတွေဟာ အလုပ်တစ်ခုကို သေချာအာရုံထည့် လုပ်နေပြီ ဆိုရင်လည်း ဘာဆိုဘာမှ မသိလောက်အောင် ဖြစ်တတ်ပါတယ်။ အလုပ်လုပ်ပြီဟေ့ဆို ထမင်းမေ့ဟင်းမေ့ သားမယားမေ့ ဖြစ်တတ်ပြီ အလုပ်ပြီးဖို့သာ ပဓာန ဆိုပြီး ခံယူထားသူတွေ ဖြစ်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀)

သူများတွေ အလုပ်ကနေ အိမ်ပြန်ရောက်ချိန်မှာတောင် အလုပ်စားပွဲက မထစတမ်း ကြိုးစားနေသူတွေထဲမှာ ပြိဿရာသီဖွားတွေလည်း ကျိန်းသေ ပါပါတယ်။ ဘဝကို ဇိမ်ကျကျ၊ အထက်တန်းကျကျ ဖြတ်သန်းချင်တဲ့သူ ဖြစ်လို့ ငွေကို ပိုရှာချင်ကြ၊ အလုပ်တွေ ပိုလုပ်ချင်ကြတာ သဘာဝပါပဲ။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂)

အလုပ်ဆိုရင် အသေးအဖွဲကနေ အကြီးကြီးအထိ သေချာတိကျ ပြည့်စုံနေမှ ကျေနပ်တဲ့ Mr.Perfect ကြီတွေ ဖြစ်လို့ အလုပ်လုပ်ပြီဆိုရင်လည်း ကျကျနနကြီးကို လုပ်တတ်ကြပါတယ်။ လုပ်တဲ့အလုပ်တိုင်းအတွက်လည်း တန်ရာတန်ကြေး ယူတတ်ပြီး လှည့်ကြည့်စရာမလိုအောင် လုပ်နိုင်ကြပါတယ်။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀)

အလုပ်ချိန် ပြီးသွားရင်တောင် အလုပ်အကြောင်းကို ခေါင်းထဲကနေ မထုတ်နိုင်အောင် အလုပ်ကို စွဲလန်းကြသူ၊ အလုပ်သရဲတစ်မျိုး ဖြစ်ပါတယ်။ ဘဝကို တိုးတက်မြင့်မားစေတာကလည်း အလုပ်သာ ဖြစ်လို့ အလုပ်မှအလုပ် ကြိုးစားအားထုတ်ကြတဲ့ မေထုန်ရာသီဖွား ဖြစ်ပါတယ်။

ဒါကတော့ တခြားရာသီဖွားတွေနဲ့ ယှဉ်ရင် အလု့ပ်ကို စွဲလန်းတဲ့၊ အလုပ်မှ အလုပ် သရဲစီးသလို ဖြစ်တတ်တဲ့ ရာသီဖွားတွေအကြောင်းကို စုစည်းတင်ပြထားတာ ဖြစ်ပါတယ်။ ဗေဒင်သုတက တင်ဆက်ပါတယ်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)