မွေးရက်ဂဏန်းအလိုက် အားသာချက်များ

အနောက်တိုင်းစနစ် ဂဏန်းဗေဒင်ပညာမှာ လူတစ်ယောက်ရဲ့ မွေးရက်ဂဏန်းအလိုက် ထူးကဲတဲ့ စွမ်းအားတွေ ရှိကြောင်းကို မကြာခဏ ဖော်ပြခဲ့ကြပါတယ်။ ကိုယ့်ရဲ့ အင်္ဂလိပ်လိုမွေးရက်ကို ဂဏန်းတစ်လုံးတည်း ဖြစ်အောင် ပေါင်းယူပြီး တစ်ကနေ ကိုးအထိ ဂဏန်းတွေရဲ့ ထူးခြားတဲ့ အားသာချက်တွေကို ဖတ်ကြည့်ရအောင်ဗျာ။

(၁ ဂဏန်းသမား – ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်တွင် မွေးဖွားသူများ) – စိတ်ဓာတ် ပြင်းထန်သူ၊ အမြဲတမ်း အသစ်ကို ရှာဖွေ တီထွင်လိုသူ၊ လမ်းရိုးဟောင်းချည်းအတိုင်း မလိုက်ချင်ဘဲ လမ်းသစ်ဖောက် လျှောက်လှမ်းလိုသူတွေဟာ ၁ ဂဏန်းသမားတွေပါပဲ။ သူရိယနေမင်းကို ကိုယ်စားပြုထားတဲ့ ဂဏန်း ဖြစ်လို့လည်း ဘယ်နေရာ ရောက်ရောက် ဦးဆောင်သူ အကြီးအကဲတွေ ဖြစ်လေ့ ရှိပါတယ်။ လက်တွေ့ ကျကျ စဉ်းစား ဆုံးဖြတ်တတ်ပြီး အောင်မြင်ကြီးပွားလိုသူ၊ ဘဝ ရည်မှန်းချက် မြင့်မားသူတွေလည်း ဖြစ်ပါတယ်။

(၂ ဂဏန်းသမား – ၂၊ ၁၁၊ ၂၀၊ ၂၉ ရက်တွင် မွေးဖွားသူများ) – နူးညံ့ သိမ်မွေ့ပြီး စိတ်ကူးဉာဏ် ကွန့်မြူးနိုင်သူတွေဟာ ၂ ဂဏန်းသမားတွေပါ။ သူတကာနဲ့ မတူအောင် ထူးခြား ဆန်းကြယ်တဲ့ စိတ်ကူးစိတ်သန်းတွေ ရှိတတ်ပါတယ်။ အနုပညာပိုင်းတွေမှာ အာရုံခံစားမှု အားကောင်းပြီး ဝိညာဉ်ကိစ္စလို စိတ်နယ်လွန်ပိုင်းတွေနဲ့လည်း ပတ်သက်မှု ရှိနေပါတယ်။ မိသားစုကို အလေးထားသူ၊ မိခင်ကို အထူး တွယ်တာသူတွေလည်း ဖြစ်ပြီး အသိုင်းအဝိုင်းထဲမှာလည်း စိတ်ထား ပျော့ပြောင်းသူတွေ ဖြစ်ပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

(၃ ဂဏန်းသမား – ၃၊ ၁၂၊ ၂၁၊ ၃၀ ရက်တွင် မွေးဖွားသူများ) – အစဉ်အလာ ထုံးတမ်းတွေကို လိုက်နာသူလည်း ဖြစ်သလို ကိုယ်ပိုင်စည်းကမ်းနဲ့လည်း ဘဝကို တည်ဆောက် ဖြတ်သန်းနေသူတွေ ဖြစ်ပါတယ်။ ရှိရင်းစွဲဘဝထက် မြင့်မားအောင်လည်း အမြဲ ကြံစည် ကြိုးစားလုပ်ကိုင်နေသူ ဖြစ်ပြီး ကိုယ်လုပ်သမျှကို တာဝန်ခံ ဖြေရှင်းနိုင်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မိတ်ဆွေတွေအပေါ် သစ္စာ ရှိသူ၊ လွတ်လပ်မှုကို နှစ်သက်သလို တရားဥဒဒေဘောင် ထဲမှာလည်း အလိုက်သင့် နေထိုင်နိုင်သူတွေ ဖြစ်ပါတယ်။

(၄ ဂဏန်းသမား – ၄၊ ၁၃၊ ၂၂ ၊ ၃၁ ရက်တွင် မွေးဖွားသူများ) – ဉာဏ်ရည် မြင့်မားသူတွေ ဖြစ်ပြီး အသစ်အဆန်းတွေကိုမှ တောင့်တသူတွေလည်း ဖြစ်လို့ အဟောင်း မှန်သမျှကို တော်လှန်တတ်ပါတယ်။ ထူးခြားတဲ့ မွေးရာပါ စွမ်းရည်တွေ ရှိနေတတ်ပြီး ဖြစ်လေရာတိုင်းမှာ အဆင်ပြေသလို နေထိုင် ဖြတ်သန်းနိုင်သူတွေ ဖြစ်ပါတယ်။ မွေးဖွား ချက်မြှုပ်ရာဒေသကနေ ဝေးကွာလေ အောင်မြင်မှု ပိုရလေ ဖြစ်ပြီး ကံတရား အတက်အကျတိုင်းဟာ ကိုယ့်လုပ်ရပ် အတွေးအကြံတွေမှာသာ မှီတည်နေတာ တွေ့ရပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၅ ဂဏန်းသမား- ၅၊ ၁၄၊ ၂၃ ရက်တွင် မွေးဖွားသူများ) – လူတကာနဲ့ အဆင်ပြေအောင် ပေါင်းသင်းတတ်ပြီး ရောက်ရာအရပ်မှာ အလိုက်သင့် ရှင်သန်နိုင်သူ ဖြစ်ပါတယ်။ ဘယ်ပညာမဆို နားလည်သဘောပေါက် လွယ်ပြီး အမြဲတမ်းလည်း တက်ကြွ လှုပ်ရှားနေတတ်ပါတယ်။ စကား အပြော ကောင်း၊ ဖြတ်ထိုးဉာဏ်လည်း ကောင်းသလို ပျော်ပျော်နေတတ်သူတွေလည်း ဖြစ်ပါတယ်။ လွတ်လပ် ပေါ့ပါးစွာ နေတတ်ပြီး လူသိလည်း များတတ်သူတွေမို့ အဆက်အသွယ်ကောင်းတွေလည်း ရှိနေတတ်ပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

(၆ ဂဏန်းသမား – ၆၊ ၁၅၊ ၂၄ ရက်တွင် မွေးဖွားသူများ) – အားလုံးအပေါ် မေတ္တာထား နားလည်ပေးနိုင်သူ၊ ချစ်ခင်ရသူတွေအတွက် အကာအကွယ်ပေးသူတွေ ဖြစ်နေလို့ အများရဲ့ လေးစားကြည်ညိုမှုကိုလည်း ရရှိသူတွေ ဖြစ်ပါတယ်။ နားအေးပါးအေး နေလိုသူတွေ ဖြစ်ပြီး ဆူဆူပူပူ၊ သောင်းကျန်းမှုတွေကို မလိုလားသူတွေ ဖြစ်ပါတယ်။ သဘာမနော ကောင်းသူ ဖြစ်ပေမယ့် ကိုယ့်ကို တရားလွန် ထိပါးလာရင် လက်တုံ့ပြန်တတ်ပါတယ်။ လှပသန့်ရှင်းမှုနဲ့ သပ်ယပ်မှုမှာ အားကောင်းသူတွေလည်း ဖြစ်ပါတယ်။

(၇ ဂဏန်းသမား- ၇၊ ၁၆၊ ၂၅ ရက်တွင် မွေးဖွားသူများ) – အတွေးအခေါ် အယူအဆမှာ လွတ်လပ်မှု ရှိသူ၊ စိတ်ကူးစိတ်သန်း အားကောင်းသလောက် လက်တွေ့မှာလည်း အကောင်အထည် ဖော်နိုင်သူတွေ ဖြစ်ပါတယ်။ စိတ်နေသဘော ကောင်းသူတွေ ဖြစ်ပေမယ့် တခါတရံမှာတော့ ခန့်မှန်းရ ခက်အောင် ပေါက်ကွဲတတ်သူတွေ ဖြစ်နေပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်းပညာရပ်တွေနဲ့ ပတ်သက်မှု ရှိနေပြီး စိတ်စွမ်းအင်လည်း ရှိနေတတ်ပါတယ်။ ဉာဏ်ရည်ထက်၊ အကင်းပါးသူလည်း ဖြစ်ပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

(၈ ဂဏန်းသမား- ၈၊ ၁၇၊ ၂၆ ရက်တွင် မွေးဖွားသူများ) – လောကဓံ အခက်အခဲများစွာကို ဖြတ်သန်းနိုင်သူ၊ ထုသားပေသားကျကျ နေထိုင်နိုင်သူ၊ စိတ်ဓာတ် ဇွဲလုံ့လတွေ ခိုင်မာပြီး ဘဝကို လက်တွေ့ဆန်ဆန် ဖြေရှင်းနိုင်သူတွေ ဖြစ်ပါတယ်။ ဆန်ပေးမှ ဆီရ ဆိုတဲ့ သဘောရားတွေကို ကြေညက်လို့လည်း ထိုက်တန်တာ ရဖို့အတွက် ပေးဆပ်ဖု့ိ ဝန်မလေးသူ ဖြစ်ပါတယ်။ ပြဿနာတွေ ကြုံလာတိုင်း သူများတွေ ပြာယာခတ် လှုပ်ရှားနေပေမယ့် ၈ တွေက သွေးအေးအေးနဲ့ ရင်ဆိုင်တတ်သူတွေ ဖြစ်နေပါတယ်။

(၉ ဂဏန်းသမား- ၉၊ ၁၈၊ ၂၇ ရက်တွင် မွေးဖွားသူများ) – စိတ်ကူးထက် လက်တွေ့ကိုမှ ပိုအားသန်သူ၊ အခက်အခဲတွေ ဘယ်လို ကြုံကြုံ ဒူးမထောက် နောက်မဆုတ်တမ်း ရင်ဆိုင်နိုင်သူတွေ ဖြစ်ပါတယ်။ ဘဝကို တိုက်ပွဲ သတ်မှတ်ထားသူတွေမို့ တွေဝေ ငေးငိုင်ပြီး စဉ်းစား မနေဘဲ လက်သွက်ခြေသွက်နဲ့ လုပ်ကိုင်တတ်ပါတယ်။ ငါ့မြင်းငါစိုင်း ဆိုတဲ့ စိတ်ဓာတ်မျိုးလည်း ပြင်းထန်သူမို့ သူတပါးရဲ့ အကြံဉာဏ်ထက် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်ပဲ လုပ်တတ်ပါတယ်။ စိတ်မြန်လက်မြန်သူတွေလည်း ဖြစ်ပါတယ်။ မွေးရက်ဂဏန်းရှင်အားလုံး ကိုယ်ပိုင်စွမ်းရည်တွေကို ထုတ်ယူ အသုံးပြုနိုင်ကြပါစေ – ဧက
