လက်ဖဝါးပြင်က ပြတဲ့ နိမိတ်များ

လက္ခဏာပညာရပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော လက်ဖဝါးပြင်က နိမိတ်များ အကြောင်းမှာ စိတ်ဝင်စားဖွယ် ကောင်းလှသည်။ ထိုနိမိတ်များထဲမှ လက်ဖဝါး ယားယံခြင်းအကြောင်းကို ဦးစွာ ဖော်ပြပေးပါမည်။

(၁) လက်ဖဝါး ယားယံခြင်းနှင့် နိမိတ်များ

-ညာလက်ဖဝါး ယားယံလျှင် မိတ်သစ်ဆွေသစ် တိုးပွားခြင်း၊ ဝင်ငွေ တိုးပွားခြင်း၊ လာဘ်ရွှင်ခြင်း ရှိမည်။ မမျှော်လင့်ဘဲ ငွေဝင်မည်။ -ဘယ်လက်ဖဝါး ယားလျှင် အလုပ်အကိုင်အကြံအစည် လွဲချော်မှု များတတ်သည်။ ကြွေးတောင်းရတတ်သည်။ အမွေအနှစ် ရတတ်သည်။

-လက်ဖမိုး ဆီပေ၍သော်လည်းကောင်း၊ ယားယံသော်လည်းကောင်း မကောင်းပါချေ။ ဆွေမျိုးသားချင်းများနှင့် ခိုက်ရန် ပြဿာနာ ဖြစ်တတ်ခြင်း၊ ခွဲခွာရတတ်ခြင်း ရှိပေမည်။ -ဘယ်ဘက်ဖြစ်စေ ညာဘက်ဖြစ်စေ လက်ကောက်ရစ် ယားယံပါက နိမိတ် ကောင်းသည်။ မိမိ လုပ်ကိုင်ပြောဆိုမှု အကြံအစည်များ အောင်မြင်ထမြောက်မည့် နိမိတ်ဖြစ်ပေသည်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

-လက်မ ယားယံခြင်းသည် ပျော်ရွှင်မှု ကြုံတွေ့ရတော့မည့် နိမိတ်ဖြစ်သည်။ -လက်ခလယ် ယားယံမူ ကျန်းမာရေး ချူခြာအားနည်းလွယ်တတ်သော နိမိတ်ဖြစ်သည်။  -လက်သူကြွယ် ယားယံမူ အိမ်ထောင်ပြုရတတ်ခြင်း၊ စေ့စပ်ကြောင်းလမ်းခြင်းများ ဖြစ်တတ်သည်။ ဆက်လက်၍ လက်သည်းပွင့် နိမိတ်များကို ဖော်ပြပါမည်။

(၂) လက်သည်းပွင့်ခြင်း (သို့မဟုတ်) အဖြူစက်ပေါ်ခြင်းအတွက် နိမိတ်များ

-ယောက်ျးလေး ညာ ၊ မိန်းကလေးဘယ် လက်သည်းထိပ်တွင် အဖြူစက်လေးများ ပေါ်လာပါက စန်းပွင့်မည်။ ချစ်သူ ရတတ်သည်။ ရှိပြီးသူများပင် အသစ် ရတတ်သည်။-လက်ညိုးထိပ် လက်သည်းပေါ်တွင် အဖြူစက်ပေါ်ပါက အချစ်ရေးကိစ္စကြောင့် ငွေကုန်ကြေးကျ များမည်။

-လက်သူကြွယ်လက်သည်းပေါ်တွင် အဖြူစက်နှစ်စက် ပေါ်လာပါက ချစ်မှုရေးရာနှင့် အနာဂတ်တွင် ကောင်းကျိုးဖြစ်ထွန်းမည့် နိမိတ်ဖြစ်သည်။  ဆက်လက်၍ လက်တွင် ထိခိုက်ဒဏ်ရာ ရခြင်း၊ မီးလောင်ခြင်း တို့အတွက် နိမိတ်များကို ပြဆိုပါမည်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

(၃) လက်ထိခိုက်ဒဏ်ရာရခြင်း၊ မီးလောင်ခြင်းနှင့် သက်ဆိုင်သောနိမိတ်များ

-လက်သန်းကို တစ်ခုခုနှင့် ထိခိုက်မိခြင်း ညှပ်မိခြင်း ရှိပါက အကျိုးမပေးသော ခရီး သွားရတတ်ခြင်း၊ လူလိမ်ခံရခြင်း ဖြစ်တတ်သည်။ -လက်မကို တစ်ခုခုနှင့် ညှပ်မိခြင်း ထိခိုက်ခြင်းရှိပါက ချစ်သူ၏ လှည့်ပတ်ခြင်းခံရတတ်သည်။

-လက်ညိုးကို ညှပ်မိပါက ထိခိုက်မိက လူလိမ်ခံရတတ်သည်။ -လက်ခလယ် ညှပ်မိ၊ ထိခိုက်မိပါက ကျန်းမာရေး ချူခြာအားနည်းတတ်သည်။  -လက်သူကြွယ်ကား ထူးခြားချက်ရှိသည်။ လက်သူကြွယ် ညှပ်မိ၊ ထိခိုက်မိလျှင် အမှုပြဿနာအားလုံး အဆင်ပြေသွားမည်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

-လက်မ မီးလောင်သော် ချစ်သူနှင့် လမ်းခွဲရဲခြင်း၊ စွန့်ပစ်ခံရခြင်း ဖြစ်တတ်သည်။ -လက်ညိုး မီးလောင်လျှင် လူလိမ်ခံရခြင်း ၊ငွေကြေးဆုံးတတ်ခြင်း ဖြစ်တတ်သည်။ -လက်ခလယ် မီးလောင်လျှင် ကျန်းမာရေး ကျဆင်းခြင်းနှင့် မတော်တဆထိခိုက်မှု ဖြစ်တတ်သည်။

-လက်သူကြွယ်ကား အခြားလက်ချောင်းများနှင့်မတူထူးခြားသည်။ လက်သူကြွယ် မီးလောင်လျှင် ကြုံတွေ့နေရသော အပူသောကမီးများ အဆင်ပြေသွားမည်။ -လက်ချောင်းများ မီးလောင်လျှင် စီးပွားလုပ်ငန်း ပျက်တတ်သည်။

-လက်ကောက်ဝတ်ကို ထိရှခြင်း ယားယံခြင်း တစ်ခုခုဖြစ်ပါက မကြာမီ ကောင်းသော ဖြစ်ရပ်များနှင့် ကြုံရမည့် နိမိတ်ဖြစ်သည်။ သို့သော် ၎င်းဖြစ်ရပ်ပေါ် ဒေါသမဖြစ်ရန် လိုအပ်သည်။ ဒေါသဖြစ်ပါက အကောင်းများနှင့် လွဲချော်တတ်သည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ကြပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာ ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)