ကျွန်တော်တို့ ဗေဒင်သုတ Page ရဲ့ ပင်တိုင်ဗေဒင်ဆောင်းပါးရှင် ဆရာစိုးမိုးထွန်း (မြန်မာ့ရိုးရာဗေဒင်ပညာရှင်) ရဲ့ လက်တွေ့ လာဘ်ဖွင့်နည်းကို ဆရာ့အာဘော် မပျက်စေရဘဲ မူရင်းအတိုင်း ပြန်လည်တင်ပြလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့ တစ်ရက်ရက်ကို ရွေးပါ။ ဖြစ်နိုင်ရင် မနက်စော ၆ နာရီတိတိကနေ ရး၃၀ အတွင်း အချိန်မှာ စာအိတ်အနီလေးထဲမှာ ငွေကျပ် တစ်သောင်းတန်ကို ထည့်ပါ။ စာအိတ်ကို ပိတ်မပစ်ပါနဲ့။
ပထမဦးဆုံးတစ်အိတ်ကို ဘုရားမှာပူဇော်ပါ။ ကျန်အိတ် သို့မဟုတ် ကျန်သည့်အိတ်များကို မိမိ အမြဲကိုင်သည့် ပိုက်ဆံအိတ် ၊ ဆန်အိုး ၊ အလုပ်စားပွဲအံဆွဲ စသည်ဖြင့်ထဲမှာ ထည့်နိုင် ဆောင်နိုင်ပါတယ်။
သုံးလေးခု လုပ်ခိုင်းတာ မဟုတ်ပါ။ အနည်းဆုံး နှစ်ခုတော့ လုပ်ပါ။ ဘုရားမှာ ပူဇော်တာက တစ်အိတ်၊ မိမိဆောင်ဖို့က တစ်အိတ်ပေါ့။
ကျွန်တော်ကိုယ်တိုင်လည်း ဒါလေးကတော့ နှစ်စဉ် သုံးလေးငါးနှစ်ဆက်တိုက် ရှိပြီ.. လုပ်ဖြစ်ခဲ့ပါတယ်။ စလုပ်လုပ်ချင်းတွေမှာ တော်တော်သိသိသာသာ ရှိပါတယ်။ နည်းနည်း ကြာသွားလို့ ခြောက်လတစ်ခါ သုံးလတစ်ခါ ပြန်လုပ်ချင်လည်း လုပ်နိုင်ပါတယ်။
ခုလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကမှ စလုပ်တာ …စလုပ်ပြီးပြီးချင်း သိသိသာသာ လာဘ်လာဘ များပြားလာစေပါတယ်။ ယုံတာ မယုံတာ လုပ်တာ မလုပ်တာ မိမိတို့ ဉာဏ်နဲ့သာ ဆုံးဖြတ်လုပ်ကိုင်ကြပါ။
စာရေးသူဟာ စာဖတ်သူတွေရဲ့ အကျိုးကျေးဇူးကို ဖြစ်ထွန်းစေဖို့လည်း ဂရုစိုက်ရပါတယ်။ ကျွန်တော့် စာဖတ် ပရိတ်သတ်တွေ ရဲ့ အကျိုးကျေးဇူးအတွက် ကျွန်တော်ရေးပါတယ်။
အားလုံးပဲ ကျန်းမာချမ်းသာပြီး အကျိုးစီးပွားတိုးတက်အောင်မြင်ကြပါစေ။ ( စာကြွင်း- ပြည်ပတွင် နေထိုင်ကြသူများအဖို့ မိမိတို့နေထိုင်ရာ နိုင်ငံဒေသအလိုက် အမြင့်ဆုံးတန်ဖိုးရှိ ငွေစက္ကူအသစ်လေး ကို အသုံးပြုရပါတယ်။)
လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း – 09 789 333 791
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)