သတိထားရမယ့် ဗုဒ္ဓဟူးနောက်ပြန်ကာလ

ကမ္ဘာနဲ့အနီးဆုံး ဂြိုဟ်တစ်လုံး ဖြစ်တဲ့ မာကျူရီ (ခေါ်) ဗုဒ္ဓဟူးဂြိုဟ်ဟာ တစ်နှစ်မှာ သုံးလေးကြိမ်လောက် အသွားမမှန် ဖောက်ပြန်တတ်ပါတယ်။ နက္ခတ်ဗေဒင်အရ ဂြိုဟ်သွားလမ်းကြောင်း နောက်ပြန်လှည့် သွားတယ်လို့ ဆိုချင်တာပါ။ ဒီလို နောက်ပြန်လှည့်ချိန်မှာ ရာသီခွင်အလိုက် ပြဿနာလေးတွေလည်း ဖြစ်ပွားတတ်ပါတယ်။ (အောက်ပါပုံမှာ ကြည့်ပါ)

အထူးသဖြင့် စကားနဲ့ ဆက်သွယ်ရေးကို ကိုယ်စားပြုတဲ့ ဗုဒ္ဓဟူးဂြိုဟ်ကြောင့် ဒီကဏ္ဍတွေမှာ ပြဿနာတွေ ဖြစ်တတ်ပါတယ်။ အခုလည်း ဖေဖော်ဝါရီ ၁၇ ကနေ မတ်လ ၁၀ ရက်နေ့အထိမှာ ဗုဒ္ဓဟူးဂြိုဟ် နောက်ပြန်သွားပါလိမ့်မယ်။ ဒီကာလမှာ ၁၂ ရာသီဖွားတွေ ဘာဖြစ်မလဲဆိုတာ ကြိုသိထားရင် ကြိုတင် ပြင်ဆင်နိုင်မှာပါ။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉ ထိ) – ဒီကာလမှာ ချစ်သူချင်းကြား နားလည်မှု လွဲတတ်သလို ငွေကြေးကိစ္စမှာလည်း အရှုပ်အရှင်း ဖြစ်လွယ်ပါလိမ့်မယ်။ စကား အမှားကြောင့် နောင်တရစရာတွေ ဖြစ်တတ်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ ထိ) – သူများအမှားကြောင့် ကိုယ်ပါ အချောင် နစ်နာတတ်ပါတယ်။ တရားဥပဒေကိစ္စတွေ ရင်ဆိုင်နေရသူဆိုရင် ပိုဂရုစိုက်ရပါမယ်။ လွယ်လွယ်နဲ့ မဆုံးဖြတ်ဖို့ ကြပ်ကြပ် သတိပေးချင်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀ ထိ) – ဒီကာလမှာ နေထိုင်မကောင်း ဖြစ်လွယ်နေပါမယ်။ ကျန်းမာရေး အားနည်းချူချာလို့ နေ့စဉ် အလုပ်တွေမှာ ထိခိုက်ရတတ်ပါတယ်။ နားလည်မှု လွဲတာ၊ အထင်အမြင် လွဲတာမျိုး ခံရပါမယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂ ထိ) – ဘယ်သူနဲ့မှ ပြောဆိုဆက်ဆံလို့ အဆင်မပြေ ဖြစ်နေပါမယ်။ မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းတွေကြားမှာ အထင်မြင်လွဲမှားတာ၊ စိတ်တို ဒေါသ ဖြစ်စရာတွေချည်း ကြုံရတတ်ပါတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ ထိ) – မိသားစုထဲမှာ ပြဿနာလေးတွေ ပေါ်ပေါက်လာတတ်ပါတယ်။ အိမ်တွင်းသုံးပစ္စည်း ကိရိယာတွေ အပျက်အစီး ဖြစ်တတ်ပါတယ်။ အိမ်သုံးစရိတ် များလာလို့ အကုန်အကျ ပိုများလာမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ထိ) – မပြောတတ်ရင် ဆဲသလို ဖြစ်တာ ဒီကာလပါပဲ။ ကိုယ်က ရိုးရိုးလေး ပြောလိုက်ပေမယ့် သူတပါးဘက်မှာ နစ်နာစရာ ဖြစ်တတ်ပါတယ်။ အပြောအဆို ဆက်ဆံရေးတွေမှာ ဂရုစိုက်ရပါမယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

တူရာသီဖွား(စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ထိ) – ဒီကာလမှာ ဖုန်း၊ ပိုက်ဆံအိတ် စတဲ့ ကိုယ်ပိုင်အသုံးအဆောင်တွေ ကျပျောက်၊ ပျက်စီး၊ မေ့ကျန်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘယ်လောက် အကောင်းစား ကိုင်ကိုင် ပျက်လွယ်နေပါမယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ထိ) – သိပ်မထူးခြားဘဲ ပုံမှန်အတိုင်း ဖြတ်သန်းနိုင်ပါမယ်။ တခြားရာသီဖွားတွေလို တစ်ခုခု အညံ့ မရှိဘဲ သက်တောင့်သက်သာ ဖြစ်နေပါမယ်။ စိတ်အနှောင့်အယှက် ကြုံရလည်း ခဏလေးပါပဲ။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ ထိ) – ဖုံးဖိထားတာတွေ လူသိရှင်ကြား ဖြစ်တတ်တဲ့ ကာလပါ။ ကိုယ်တိုင် မှားနေရင်တောင်မှ ငါ မမှားဘူးလို့ ပြောရင်း အများအမြင်မှာ ပိုဆိုးတတ်ပါတယ်။ စကားနည်းလေ ကောင်းလေလို့ မှတ်ပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မကာရရာသီဖွား(ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ ထိ) – အလုပ်ထဲမှာ ပြဿနာ အချင်းများ တတ်ပါတယ်။ အများနဲ့ တစ်ယောက် ဆိုသလို အမြင်မတူ ဆန့်ကျင်ဘက် ဖြစ်နေပါမယ်။ အားလုံးနဲ့ လိုက်လျောညီထွေ နေနိုင်အောင်သာ ကြိုးစားပါ။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ ထိ) – ဒီကာလမှာ အလုပ်အကိုင်တွေ မကောင်းဘဲ ဖြစ်နေပါမယ်။ အလုပ် ပြောင်းရွှေ့တာ၊ အသစ် ထပ်ရှာတာမျိုး ခဏ ဆိုင်းထားပါ။ လုပ်သမျှလည်း အမှားတွေ များတတ်လို့ ပို ဂရုစိုက်ပေးပါ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀ ထိ) – ဘာကိုမှ မသေချာ မရေရာသလို ခံစားလာရပါမယ်။ လုပ်နေသမျှ အဓိပ္ပါယ် ကင်းမဲ့ပြီး ရည်ရွယ်ချက်တွေ ပျောက်နေပါမယ်။ ကျောင်းသူကျောင်းသားတွေဆိုရင် ပို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

မာကျူရီ နောက်ပြန်ကာလမှာ ၁၂ ရာသီဖွားအားလုံး အဆင်ပြေပြေ ဖြတ်သန်းနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)