သောကြာနေ့ဖွား တွေ အတွက် …ဒီတစ်နှစ်သည်…ခြွေရံသင်းပင်းများခြင်း၊ ကောင်းသောစားစရာ ၊ ဝတ်စားတန်ဆာတို့ဖြင့် ပြည့်စုံစေတတ်ခြင်း၊ စည်းစိမ်ခံစားရခြင်း …ပိုမိုရရှိလာတတ်သော ကာလဖြစ်ပါတယ်။ အလားတူပင်….နေရာကောင်းရခြင်း၊ နေရာပေးရခြင်း၊ ကောင်းသောဌာန၊ ကောင်းသော နေရာ၊ ကောင်းသော အခွင့်အလမ်းအချို့လည်း ရနိုင်သော ကာလ ဖြစ်ပါတယ်။
အလုပ်အကိုင် နှင့် စီးပွားရေး
အကျိုးစီးပွားရှာဖွေရာမှာ ရှေးကကဲ့သို့မဟုတ်ဘဲ…လုပ်ရိုးလုပ်စဉ်အချို့ကို ပြောင်းလဲရမယ့်ကာလဖြစ်ပါတယ်။ ဒီနှစ်အကျိုးစီးပွား ရှာဖွေရရှိရေးနဲ့…အလုပ်အကိုင် ကဏ္ဍမှာ…ထင်သလောက်မကောင်းတတ်ပါ။
အချို့သော သောကြာနေ့ဖွားများ ..အလုပ်မှ နှုတ်ထွက်ရခြင်း၊ အနားယူရခြင်း ရှိနိုင်သောကာလ လည်းဖြစ်ပါတယ်။ အထူးသဖြင့် အပြောင်းအလဲ အချိုးအကွေ့တွေကို ကြိုတင်ပြီး တွက်ကို တွက်ထားရမယ့် နှစ်မျိုးလည်း ဖြစ်ပါတယ်။
ချစ်မှုရေးရာ နှင့် အိမ်ထောင်ရေး
အချစ်ရေး မေတ္တာရေးမှာ ပြိုင်ဘက်ရန်သူ ပေါ်လွယ်သောကာလပါ။ အပျိုလူပျိုများအဖို့…မိမိချစ်သူကို အခြားသူက လာကြူတာမျိုး ကြုံရတတ်ခြင်းသော်လည်းကောင်း….မိမိက …အခြားသူတစ်ဦးရဲ့ ချစ်သူကို …မြတ်နိုးစုံမက်မိခြင်းမျိုးသော်လည်းကောင်း . ကြုံကြိုက်ကြရတတ်သော ကာလဖြစ်ပါတယ်။
တစ်ကယ်ကတော့…အချစ်ရေး မေတ္တာရေးမှာ….ယှဉ်ပြိုင်ဘက် ပေါ်လာတတ်သောကံပဲ ဖြစ်ပါတယ်။ အိမ်ထောင်သည်များအဖို့ ……မိမိနေအိမ်ကို သူစိမ်းသူရံ အရွယ်ကောင်း အင်္ဂါနေ့ဖွား သို့မဟုတ် အင်္ဂါနံအမည်ရှင်မျိုး ..ညဉ့်အိပ်ညဉ့်နေ…သို့မဟုတ် ယာယီအတူနေအဖြစ် ….မထားတာ ပိုသင့်ပါလိမ့်မယ်။
လုံးဝ….လုံးဝ..ချစ်သူမရှိသေးသူများအဖို့တော့…ဒီတစ်နှစ်မှာ….ဖူးစာရေးနတ်ကလေးက…..စစ်ဘက်၊ စက်မှုနယ်ပယ်ဘက် သို့မဟုတ် ထက်မြက်ထူးချွန်သော…စိတ်ဆတ်သော …ဖူးစာဖက်မျိုးကို .ချိန်ရွယ်ပစ်ခတ်ပေးတတ်သော ကာလပဲဖြစ်ပါတယ်။
ပညာရေး .
မပြီးနိုင်မစီးနိုင် ပညာရေး အနေအထား ဖြစ်ပေါ်လွယ်ေ်သာ နှစ်ပါ။ တစ်ချို့တွေ…စာမေးပွဲကျရှုံးမှုကြောင့်… ပညာရေး အရစ်ရှည်ပါမယ်။ အချို့ကတော့ ပညာရေးမှာ ဘွဲ့လွန်လိုမျိုး……ဆက်ခါဆက်ခါ တက်ခွင့်တွေ ရရှိကြပါမယ်။
ပညာဘယ်လောက်တော်တော်…အသိမှတ်ပြုခံရဖို့တော့ ခက်ခဲတဲ့ကာလ ဖြစ်ပါတယ်။ အထူးသဖြင့် ဘွဲ့ယူခါနီး ကာလမျိုး ၊ ဘွဲ့လက်မှတ် အောင်လက်မှတ် ရခါနီးကာလမျိုးတွေမှာ အထစ်အငေါ့ ဖြစ်လာစေတတ်ပါတယ်။
ကျန်းမာရေး
ဒီတစ်နှစ်သတိထားအပ်သော နှစ်ပါ။ သည်တစ်နှစ်အဖို့ ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်လေးတွေ ပေါ်လွယ်လာတတ်ချိန်ပါ။ အထူးသဖြင့်.ဦးခေါင်း၊ နှလုံး ၊ အရိုးအဆစ် ပိုင်းဆိုင်ရာ ဝေဒနာအခံရှိထားသူများ ပိုမိုဂရုစိုက်အပ်သော နှစ်မျိုး ဖြစ်ပါတယ်။
အထူးသဖြင့်…သောကြာနံ အစ + အဆုံး အမည်ရှင်များ / ဥပမာအားဖြင့် ….သွယ်သွယ်ဟန်၊ သီတာမြင့်သူ၊ သန်းထိုက်မိုးဟိန်း၊ သော်ဇင်ဟိန်း စသည်ဖြင့်သော အမည်ရှင်များ အဖို့ ကျန်းမာရေး ပိုမိုဂရုစိုက်အပ်သော နှစ်မျိုးပါ။ .. ဘာပဲဖြစ်ဖြစ် အခြားသောကြာနေ့ဖွားတွေလည်း ဒီတစ်နှစ်ကျန်းမာရေးသည် ..အထူးဂရုပြုရမယ့် နှစ်မျိုးဖြစ်ပါတယ်။
အထွေထွေ သုံးသပ်ချက်
အထောက်အပံ့ကောင်း ရလွယ်ခြင်း၊ နေရာကောင်း ရတတ်ခြင်း၊ နေရာပေးခံရခြင်း၊ ကျောထောက်နောက်ခံကောင်းများ အလိုလို ရရှိတတ်ခြင်း ဆိုတဲ့ ကုသိုလ်ကံအကျိုးပေးလေးတွေ ပေါ်ပေါက်လာတတ်သော ကာလ ဖြစ်ပါတယ်။
ဒါကြောင့် …ဒီအကျိုးပေးကံလေးကို….အကျိုးရှိရှိအသုံးချသင့်ပါတယ်။ အလုပ်အကိုင်တွေကတော့ ထင်သလိုမဖြစ်တတ်ချိန်မို့….ယခင်ထက်ပိုမိုကြိုးစားနေကာမှ တော်ရုံကြမယ့်ကာလပါ။
အိမ်ထောင်ရေးဆိုးတတ်သော ကာလမဟုတ်သော်လည်း…ရန်ကိန်းလေး တွေပေါ်လွယ်တတ်ချိန်ပါ။ အထူးသဖြင့် မိမိတို့အိမ်ထောင်ဖက် သို့မဟုတ် ချစ်သူသည် ခါတိုင်းနဲ့မတူပဲ..စိတ်တို စိတ်ဆတ်လာတတ်ပါတယ်။ အကြွေးတင်လွယ်သောကာလပါ။ လွယ်လွယ်ကူကူနဲ့ကို..ချေးဌားလာတတ်ပါတယ်။
အိမ်နီးနားချင်းတို့ရဲ့ အကျိုးကို ခံစားရတတ်ပါတယ်။
ဒီတစ်နှစ်မှာ…..အလိုလိုနေရာကောင်းရရှိခွင့်ကံ နဲ့…..အထောက်အပံ့ကောင်းရရှိတတ်သော ကံ တို့နဲ့ ဆုံမိရင်တော့…သက်တောင့်သက်သာ မျောလိုက်ပြီး …အဆင်ပြေမှာ သေချာပါတယ်။
ကိုယ်တိုင်ထွင်ဖောက် ထွင်လျှောက်ဖို့ကတော့ တယ်မလွယ်လှတဲ့ နှစ်ပါပဲ။ အချို့သော သောကြာနေ့ဖွားများ… ရာထူးတိုးတက်ရေးကဏ္ဍမှာ မပြတ်မသားနဲ့ ရမလိုလို မရမလိုလို….လိုလို…လိုလို စခန်းသွားရပါလိမ့်မယ်။
ဆောင်အပ် / ရှောင်အပ်
ဒီတစ်နှစ်လုံးမှာ ….သောကြာနံနဲ့ ကြာသာပတေးနံတို့ အထူးအကျိုးပေးလာတတ်ပါတယ်။ ခရမ်း၊ ခရမ်းပြာ နဲ့ …ဝါရွှေရောင်၊ နံ့သာရောင်တို့သည် …အထူးအကျိုးပေးသော အရောင်များအဖြစ် ရပ်တည်မှာဖြစ်ပြီး.အိမ်ထောင်ရေး အချစ်ရေး အဆင်မပြေဖြစ်နေကြသူများကတော့ အနီရဲရဲအရောင်ကို အထူးရှောင်ကျဉ်ဖို့ လိုပါလိမ့်မယ်။
ထီကံစမ်းမယ်ဆိုရင် ၆ ၊ ၅ ၊ ၂၊ ၉၊ နဲ့ ..(၃) ဂဏန်းကို နောက်ဆုံးမှာတွဲပြီး..မိမိနေရာအရပ်နဲ့ နဲနဲဝေးသော ဆိုင်တစ်ဆိုင် ကနေ ကံစမ်းသင့်ချိန် ဖြစ်ပါကြောင်း………….။
ယခုနှစ် ၁၃၈၆ ခုနှစ်အတွင်း …သောကြာနေ့ဖွား အပေါင်း သူတော်ကောင်းတို့သည်….စိတ်၏ ကျန်းမာခြင်း ..ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး…..လောကီအကျိုး ၊ လောကုတ္တရာအကျိုး…သယ်ပိုးနိုင်ကြသည် ဖြစ်ကြပါစေသတည်း။
ps; မည်သည့် စီးပွားဖြစ်လုပ်ကိုင်နေသော အွန်လိုင်းလူမှုကွန်ယက် စာမျက်နှာများတွင် မဆို ကူးယူဖော်ပြခြင်း၊ ခွင့်ပြုချက် မရဘဲ အသုံးပြုခြင်းများ မပြုရန် အသိပေးအပ်ပါသည်။
လေးစားစွာဖြင့်..
ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း
09 789 333 791
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)