ဗေဒင်ဝါသနာပါပေမယ့် ဗေဒင်ဆရာတွေဆီ အမြဲ မရောက်နိုင်တဲ့ ဗေဒင်ခရေဇီတွေအတွက် အပတ်စဉ်၊ လစဉ် ဗေဒင်ဟောစာတမ်းတွေ ရေးသား ဖော်ပြနေတဲ့ ဆိုဒ်တွေကို လမ်းညွှန်ပေးပါရစေ။
လမ်းညွှန်ပေးတယ် ဆိုလို့ အဲဒီဆရာတွေဆီက ကြော်ငြာခလည်း မရပါဘူး။ ကြော်ငြာပေးရအောင်လည်း ကျွန်တော့်ဆိုဒ်လေးက နာမည်ကြီး မဟုတ်ပါဘူး။ ဗေဒင်ဝါသနာရှင်တွေအဖို့ အင်တာနက် ဖွင့်လိုက်တာနဲ့ ဘယ်ဆိုဒ်မှာ ဘယ်လို ဟောကိန်းတွေ ဖတ်လို့ ရတယ် ဆိုတာ ခဏလေးနဲ့ သိနိုင်၊ ကြည့်နိုင်ဖို့ တတ်နိုင် သလောက် အခမဲ့ ကူလီထမ်းလိုက်တဲ့ သဘောပါ။
အရှင်းဆုံး ဆိုရရင် ဗေဒင်ဟောကိန်းတွေကိုမှ ကျကျနန ဖတ်ချင်သူ ပရိတ်သတ်နဲ့ အပတ်စဉ် လစဉ် မပျက်မကွက် တင်ဆက်နေတဲ့ ဗေဒင်ဆရာတွေကြားမှာ ကျွန်တော့် ဒီစာစုလေးက ပေါင်းကူး တံတား ထိုးပေးလိုက် ခြင်းသာ ဖြစ်ပါတယ်။ အရင်ကလည်း အဲသလို ဟောကိန်းဖော်ပြတဲ့ ဆိုဒ်တွေကို စုစည်းပြီး ကျွန်တော့်ဆိုဒ် မာတိကာစာရင်းမှာ (ဟောစာတမ်းလမ်းညွှန်) အဖြစ် ဖော်ပြခဲ့ပါတယ်။ အခု အဲဒါကို မွမ်းမံပြင်ဆင်လိုက် တာလည်း ဖြစ်ပါတယ်။
လစဉ်ဟောကိန်းတွေ ဖတ်ရာမှာ မေလ၊ ဇွန်လ စသည်ဖြင့် အချိန်ကာလ အလွဲအမှား မရှိနိုင်ပေမယ့် အပတ်စဉ် ဟောကိန်းတွေ ဖတ်မယ် ဆိုရင်တော့ ဘယ်ရက်မှ ဘယ်ရက်ကြား ဆိုတာလေးကို သတိပြုကြဖို့ နိူးဆော်ချင်ပါတယ်။ ဆရာတစ်ဦးချင်းစီရဲ့ အာဘော်အရ အပတ်စဉ်ကို ဘယ်ရက်ကနေ စတင်တယ် ဆိုတာ ကွဲပြားနိုင်ပါတယ်။
ကဲ .. လစဉ် ဟောကိန်းတွေနဲ့ စရအောင်။
- ဆိုဒ်အမည် – ကွန်ပျူဗေဒသုခုမ
- ဆရာအမည် – ဒေါက်တာတင်ဗိုလ်ဗိုလ်ဖတ်ရှုနိုင်မည့် နေရာ
- ဆိုဒ်အမည် – ဆရာဟိန်းတင့်ဇော်
- ဆရာအမည် – ဆရာဟိန်းတင့်ဇော်ဖတ်ရှုနိုင်မည့် နေရာ
- ဆိုဒ်အမည် – မင်္ဂလာသတင်းစဉ်
- ဆရာအမည် – ဆရာအောင်ငြိမ်းမြတ်ဖတ်ရှုနိုင်မည့် နေရာ
- ဆိုဒ်အမည် – မလေးရှားအွန်လိုင်းရေဒီယိုမီဒီယာ
- ဆရာအမည် – ဆရာမျိုးဟန်ကိုဖတ်ရှုနိုင်မည့် နေရာ
- ဆိုဒ်အမည် – ရိုးရာလေး
- ဆရာအမည် – ကိုမောင်မောင် (ဆန်းသုတေသီ)ဖတ်ရှုနိုင်မည့် နေရာ
- လစဉ်ဟောကိန်းတွေ ပြီးတော့ အပတ်စဉ် ဟောိကိန်းတွေဆီ သွားရအောင်ဗျာ။
- ဆိုဒ်အမည် – စျေးကွက်
- ဆရာအမည် – စံဇာဏီဘို ဖတ်ရှုနိုင်မည့် နေရာ
- ဆိုဒ်အမည် – မြစ်မခမီဒီယာ
- ဆရာအမည် – ဒေါက်တာထွန်းလင်း-ဘုတလင်ဖတ်ရှုနိုင်မည့် နေရာ
- ဆိုဒ်အမည် – ဘားမိစ်ကလပ်စစ်
- ဆရာအမည် – ဆရာထွန်းဖတ်ရှုနိုင်မည့် နေရာ
ကိုင်း .. ကျွန်တော် စုစည်းနိုင်သလောက်တော့ စုစည်းပေးလိုက်ပါပြီ။ ကိုယ့်ကံဇာတာ အနေအထားကို အပတ်စဉ်ပဲ သိချင်သိချင်၊ လစဉ်ပဲ ကြည့်ချင် ကြည့်ချင် အဲဒီအပေါ်က ဆရာတွေရဲ့ ဆိုဒ်တွေဆီသာ သွားဖတ် ကြည့်ကြပါ။ သတိထားမိတာက ဆရာအားလုံးဟာ ရ ရက် သားသမီး ဟောကိန်းမျိုးပဲ ရေးသားထားပြီး ဒီနေ့ ရေပန်းစား ခေတ်ထနေတဲ့ ရာသီခွင် အဟောမျိုး ဟောထားတာ မတွေ့ရပါဘူး။ ရ ရက်သားသမိးက ရ ရက်စာပဲ ရေးရပြီး ၁၂ ရာသီဖွားက ရှည်လျား ထွေပြားနိုင်တာကြောင့် လက်ရှောင်ကြတာပဲလား၊ ၁၂-၇ = ၅ ဆိုပြီး ဟောကိန်း ၅ ခုစာ သက်သာလို့ပဲ မရေးကြသလား ကျွန်တော် မမှန်းတတ်ပါ။
ပြီးတော့ ဒီနေ့သားအဖို့ ဒီကတ်ကွာ ဆိုပြီး တားရော့ကတ်ကို ကိုယ့်ဖာသာ ဆွဲ ဟောတဲ့ ဟောကိန်းမျိုးလည်း မတွေ့ရသေးပါဘူး။ လုံးဝ မတွေ့မိတာကတော့ နက္ခတ်ဗေဒင်က လဂ်ကို အခြေခံ၊ စန်းကို အခြေခံ ဟောတဲ့ ဟောကိန်းတွေ ဖြစ်ပါတယ်။ ဒါကလည်း အနည်းဆုံး ဇာတာ ဖွဲ့ထားပြီး ကိုယ် ဘာလဂ်၊ ဘာစန်းလဲ သိသူတွေအဖို့သာ အသုံးတည့်မှာမို့ ဆရာတွေ မသုံးကြတာ နေမှာပါ။
အဲ. . တစ်ခု မှာချင်တာက ဒီဆရာက ဒီလို ဟောထားပြီး ဟိုဆရာက ဟိုလို ဟောထားတယ်။ ဘယ်ဟာကို အတည်ယူရမလဲတော့ ကျွန်တော့်ကို ကျားမြီး မဆွဲခိုင်းပါနဲ့ဗျာ။ လက်တွေ့ဖြင့်သာ ချိန်ထိုး တွက်ဆကြည့်ပါလို့ ကြိုမှာပါရစေ။ အဲဒီဆရာတွေကတော့ ဟုတ်ပါပြီ။ ကျွန်တော်ကရော ကျွန်တော့်ဆိုဒ်မှာ အဲသလို အပတ်စဉ် လစဉ်ဟောကိန်းလေးများ မတင်ဘူးလား ဆိုရင် ဟုတ်ကဲ့ မတင်ပါဘူး၊ ဘယ်တော့မှ မရေးပါဘူးလို့ အာမခံပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျား။ အားလုံးပဲ ဗေဒင်ဆရာဆီ မသွားနိုင်၊ မသွားဖြစ်သေးသည့်တိုင် ကိုယ်ဝါသနာ ပါရာ ဗေဒင်ဟောကိန်းတွေ ဖတ်ရှုပြီးစိတ်အာသာလည်း ပြေ၊ ဆောင်ရန် ရှောင်ရန်တွေလည်း သိရှိကြ ပါစေလို့။
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)