အိမ်ရှင်မတွေအတွက် လာဘ်ပွင့်နည်း

ကဲ..ဒါကတော့ အိမ်ရှင်မတွေ အတွက် အဓိက ရေးပေးတယ်လို့လည်း ဆိုနိုင်ပါတယ်။ အရင်တစ်ခါကလည်း .ကျွန်တော် ရေးပေးခဲ့ဖူးပါတယ်။ အိမ်ရှင်မတွေ ပိုက်ဆံအိတ်ထဲမှာ ငွေကို ပြတ်သွားအောင် အကုန်အစင် မသုံးသင့်ကြောင်းနဲ့ .ပိုက်ဆံအိတ်ထဲမှာ ဆိုင်ရာ နိုင်ငံအလိုက် အမြင့်ဆုံး ငွေစက္ကူ တစ်ရွက်ကို ( ခုလက်ရှိ မြန်မာနိုင်ငံမှာဆိုရင်တော့ တစ်သောင်းတန်ပေါ့) ပိုက်ဆံအိတ်ထဲမှာ အမြဲ ထည့်ထားသင့်တယ် ဆိုသည့် အကြောင်းလေးပါ။ အဲဒီငွေစက္ကူမှာ ငွေမပြတ် လာဘ်ရွှင်စေသော …ဆွဲအားတစ်မျိုး ရှိပါတယ်။

တစ်ချို့တော်တော်များများက ဒီအချက်ကလေးနဲ့တင် အဆင်ပြေသွားကြသူတွေ တော်တော်များများ ရှိကြပါတယ်။ တစ်ချို့ကျတော့လည်း ခဏလောက်သာ အဆင်ပြေလိုက်ရပြီး တော်နေကြာတော့ ဒုံရင်း ပြန်ရောက်သွားကြသူတွေလည်း ရှိကြရဲ့။

တစ်ချို့ကျတော့ …ဒီလောက်နဲ့ကို ထူးကို မထူးခြားတော့တာပါ။ သြော်..အတိတ်ကံဒါန ပြုခဲ့ပုံကလည်း တစ်ယောက်နဲ့တစ်ယောက်ဖြင့် မတူနိုင်သလို ဒါနကံရှိခဲ့ဦး ပေါ်ချိန် မပေါ်ချိန်ကလည်း ရှိကြဦးမှာကိုး။ ဆိုတော့…..ထိုပုဂ္ဂိုလ်များကိုတော့ ဒီ့ထက် ပိုအားကောင်းမယ့် နည်းလမ်းတွေကို အောက်မှာ ဆက်လက် ညွှန်ပေးပါ့မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ထုံးစံအတိုင်း ငွေသိမ်းကောင်တာ သို့မဟုတ် မိမိအသုံးပြုနေသည့် ပိုက်ဆံအိတ် ၊ သို့မဟုတ် မီးခံသေတ္တာထဲမှာ သို့မဟုတ်… မိမိငွေစုသည့် နေရာတစ်ခုခုထဲမှာ ….စာအိတ်အနီရောင်လေး တစ်လုံး (တရုတ်လူမျိုးတွေ အန်ပေါင်းပေးသည့်အခါမှာ သုံးသော စာအိတ်ကလေးမျိုးဆို ပိုအဆင်ပြေပါတယ်။ ) ထိုစာအိတ်ကလေးထဲမှာ အမြင့်ဆုံးငွေစက္ကူ တစ်ရွက်ထည့် ၊ ပြီးရင် သကြားလုံး (အချဉ်ဓါတ်မပါသောသကြားလုံး) (ဘောလုံးလေးလို လုံးဝန်းနေရင် ပိုကောင်းပါတယ်) ကို ထည့်ပါ။ အသေးစိတ်ကတော့..

လပြည့်နေ့နှင့် နီးစပ်နေသော …ကြာသာပတေးနေ့ မနက်ခင်း …နံနက် ၆ နာရီ ကနေ ၇း၃၀ အတွင်းမှာ စာအိတ်အနီရောင်ထဲမှာ၊ အမြင့်ဆုံးငွေစက္ကူတစ်ရွက် (မြန်မာပြည်တွင် ကျပ်တစ်သေင်းတန်ငွေစက္ကူ ထည့်) ၊ ပြီးရင် သကြားလုံး ချိုချို ၂လုံး သို့မဟုတ် ၆လုံး ထည့်…၊ စာအိတ်ကို ကော်မပိတ်ပစ်ပါနဲ့၊ ထိုစာအိတ်ကလေးကို မိမိပိုက်ဆံအိတ် ဒါမှမဟုတ်၊ အရောင်းဆိုင်တွေမှာဆို ငွေသိမ်းကောင်တာ အံဆွဲ စသည်တို့မှာ ထည့်ထား စတင် ဆောင်ထားနိုင်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သကြားလုံးကို နှစ်လုံးနဲ့ စတင်စမ်းကြည့်ပါ။ သိပ်မထူးခြားဘူးဆိုမှ.ခြောက်လုံး ပြည့်အောင် ထည့်ပြီး ထပ်မံ ဆောင်ထားကြည့်ပါ။ လာဘ်ဖွင့်နည်းတွေကတော့ အများကြီးပါပဲ။ အရှေ့တိုင်း ….အနောက်တိုင်း….နည်းတွေအဖုံဖုံပါပဲ။ ကိုယ်နဲ့ လိုက်ဖက် အဆင်ပြေမယ့် နည်းဆို…လက်ကိုင်ပြုထားကြနိုင်ဖို့သာ…ရေးသားတင်ပြပေးခဲ့လိုက်ပါတယ်။ ဒီနည်းလေးကို ကျွန်တော်ကိုယ်တိုင် …စမ်းသပ်ကြည့်ပြီး ..လုပ်ကြည့်ပြီးမှ ရေးပေးခဲ့တာပါ။

စာဖတ်သူများအားလုံး ကျန်းမာချမ်းသာကြပါစေခင်ဗျား။ လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)