Unicode Font
ဂဏန်းဗေဒင်အရ ၂၀၂၃ ခုနှစ်ဟာ (ပေါင်းခြင်း ၇ ဂဏန်း) စိုးမိုးတဲ့နှစ် ဖြစ်ပါတယ်။ တစ်ဦးချင်းကံဇာတာအရ ဆိုရင် မိမိရဲ့ မွေးရက်၊ မွေးလနဲ့ ဒီနှစ်ရဲ့ပေါင်းခြင်းဂဏန်း (၇) နဲ့ တစ်လုံးတည်းရအောင် ပေါင်းပြီး ရလာတဲ့ ဂဏန်းကို ဟောကိန်း ထုတ်ယူပါတယ်။
ဥပမာ ကိုယ့်မွေးရက်၊ မွေးလက နိုဝင်ဘာ ၂၅ ရက်နေ့ ဆိုရင် နိုဝင်ဘာက ၁၁ လပိုင်း ဖြစ်လို့ ၁၁ နဲ့ ၂၅ ရက် ဖြစ်လို့ ၁၁+၂၅ = ၃၆ ရပါမယ်။ ဒါကို ဒီနှစ်ဂဏန်း (၇) နဲ့ထပ်ပေါင်းရင် ၃၆ + ၇ = ၄၃ ရပါမယ်။ ၄ နဲ့ ၃ ကို ထပ်ပေါင်းရင် ၇ ဂဏန်းပဲ ကျန်ပါတယ်။
ဒါဆိုရင် ဒီနှစ်သစ် ၂၀၂၃အတွက် (၇) ဂဏန်းရဲ့ အကြံပြုချက်ကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
(၁) ဂဏန်းအတွက် အကြံပြုချက် – ၂၀၂၃ မှာ အဟောင်းတွေ ကုန်ဆုံးလို့ အသစ်တွေချည်း စတင်မယ့်ကာလ ဖြစ်တယ်။ ပင်ပန်းရုန်းကန်မှုတွေ အဆုံးသတ်ပြီး ဘဝသစ် စတင်ရမယ်။ ပတ်ဝန်းကျင်သစ်နဲ့ ထိတွေ့လာမယ်။
(၂) ဂဏန်းအတွက် အကြံပြုချက် – ၂၀၂၃ မှာ အစစအရာရာ သည်းခံစိတ်ရှည်ပေးရမယ်။ အလျင်စလိုဖြစ်ရင် အမှား များလိမ့်မယ်။ တစ်ယောက်အားနဲ့ မအောင်မြင်နိုင်လို့ စပ်တူစပ်ဖက်ကောင်း ရှာပါ။ တွဲဖက် လုပ်ကိုင်ပါ။
(၃) ဂဏန်းအတွက် အကြံပြုချက် – ၂၀၂၃ မှာ ကိုယ့်ရဲ့ကျွမ်းကျင်မှုနဲ့ အရည်အချင်းကို ထုတ်သုံးပေးရပါမယ်။ အရင်နဲ့မတူတဲ့ ဖန်တီးမှုအသစ်တွေ လုပ်ကြည့်ပါ။ အစစအရာရာလည်း အဆင်ပြေချောမွေ့လာနိုင်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
(၄) ဂဏန်းအတွက် အကြံပြုချက် – ၂၀၂၃ မှာ ကြံတိုင်း မပေါက်၊ လုပ်တိုင်း မဖြစ်တာတွေ ကြုံလာရတတ်ပြီး ဇွဲ လုံ့လများများ စိုက်ထုတ်ရလိမ့်မယ်။ မမျှော်လင့်တဲ့ အပြောင်းအလဲနဲ့ ငွေကျပ်တာတွေ ရှိနိုင်လို့ ကြိုပြင်ဆင်ပါ။
(၅) ဂဏန်းအတွက် အကြံပြုချက် – ၂၀၃ မှာ အပြောင်းအလဲကောင်းတွေ မြင်တွေ့ရတတ်သလို လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုတွေလည်း အရင်ထက် ပိုရလာမယ်။ ပြောင်းလဲမှုနဲ့ အလိုက်သင့် နေထိုင်နိုင်ရင် အကောင်းဆုံးပါပဲ။
(၆) ဂဏန်းအတွက် အကြံပြုချက် – ၂၀၂၃ မှာ လူမှုဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်လာနိုင်လို့ မိတ်ဆွေသစ်နဲ့ (လူပျိုလူလွတ်ဆို) လက်တွဲဖော် ရှာတွေ့တာမျိုး ဖြစ်လာမယ်။ မိသားစု၊ သံယောဇဉ်အတွက် အချိန်ပေးရမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
(၇) ဂဏန်းအတွက် အကြံပြုချက် – ၂၀၂၃ မှာ အားစိုက် မကြိုးစားရဘဲနဲ့ အရာတိုင်းက အဆင်ပြေလွယ်ကူပြီး သက်တောင့်သက်သာ ဖြစ်လာမယ်။ ဒါပေမဲ့ စိတ်ထဲ မကျေလည်စရာတွေ၊ ခံစားနာကျင်ရတာတွေ ရှိလာမယ်။
(၈) ဂဏန်းအတွက် အကြံပြုချက် -၂၀၂၃ မှာ အရင်က ကြိုးစားအားထုတ်မှုရဲ့အသီးအပွင့်ကို ပြန်ခံစားရမယ်။ နေရာအပေး၊ အသိအမှတ်ပြုတာတွေ ခံရမယ်။ အကောင်းအဆိုး အပြောင်းအလဲတွေလည်း ကြီးမားနိုင်တယ်။
(၉) ဂဏန်းအတွက် အကြံပြုချက် – ၂၀၂၃ မှာ လမ်းဟောင်းတွေ၊ နည်းဟောင်းတွေ အားလုံးကို စွန့်ခွာရမယ့် အချိန် ဖြစ်တယ်။ ပတ်ဝန်းကျင်ဟောင်း၊ လူဟောင်းတွေနဲ့ အဆက်ပြတ်မယ်။ သည်းမခံနိုင်စရာတွေ ဖြစ်မယ်။
၂၀၂၃ နှစ်သစ်မှာ အားလုံး ဘေးရန်ကင်းကွာ လိုရာပြည့်ကြပါစေ – ဧက (ဗေဒင်သုတ)