ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်း မွေးဖွားသူများ)

ငွေကြေးစီးပွား – ယခုလတွင် လုပ်ငန်းကိစ္စများကို မပေါ့မဆ ဆောင်ရွက်သင့်ပြီး အသေးအဖွဲအမှားလေးမှသည် ပြဿနာ ကြီးကြီးမားမားအထိ ဖြစ်သွားတတ်သည်။ မိမိကိုယ်တိုင်က စေ့စပ်သေချာအောင် ကြိုးစားရမည်ဖြစ်ပြီး သတိလေး တစ်ချက်လွတ်သည်နှင့် အကောင်းမှအဆိုးသို့ ကူးပြောင်းသွားလိမ့်မည်။

ယခုကာလ၌ မည်သူ့ကိုမျှ ယုံ၍ မရဘဲ ကိုယ်တိုင် ကြိုးစားအားထုတ်ခြင်းသာ အကောင်းဆုံး ဖြစ်မည်။ လလယ်ပိုင်းရက်များတွင် လုပ်ငန်း၊ နေရာဌာနနှင့် ပတ်သက်၍ စိတ်သောကများ ဖြစ်ပွားတတ်သည်။ ငွေကြေးအတွက် ပဋိပက္ခများ ဖြေရှင်းရမည်။

မေတ္တာရေးရာ – အိမ်ထောင်ဖက်၊ လက်တွဲဖော်၏ ကျန်းမာရေး၊ ငွေကြေးကိစ္စများ အဆင်မပြေ ဖြစ်ပြီး မိမိကိုပါ လွှမ်းမိုးရိုက်ခတ်လာတတ်သည်။ ပျိုရွယ်သူများ၊ လူလွတ်များ စိတ်ဝင်စားစရာလူအချို့နှင့် ဆုံတွေ့ရတတ်သည်။ ယခုလနှောင်းပိုင်းတွင် နှလုံးသားရေးရာ ပြဿနာများ ဖြစ်လာနိုင်ပြီး စိတ်ဆိုးဒေါသဖြစ်စရာတို့ ကြုံရလိမ့်မည်။

အခြားကဏ္ဍများ – မိသားစုအိမ်တွင်းရေး ပူပန်စရာများ ယခုလတွင် ကြီးထွားလာနိုင်သည်။ မိသားစုအတွက်နှင့် ရတက်မအေး ဖြစ်ရလိမ့်မည်။ မိမိပိုင်ဆိုင်ရာ စည်းစိမ်ဥစ္စာများ ပျောက်ရှခြင်း၊ လျော့ပါးခြင်းမျိုး ဖြစ်တတ်သည်။ လလယ်ပိုင်းရက်များတွင် မိသားစုချင်း စိတ်ဝမ်းကွဲစရာကိစ္စများ ပေါ်ပေါက်လာနိုင်သည်။ လလယ်ကျော်သွားမှ အခြေအနေအရပ်ရပ်မှာ အကောင်းဘက်သို့ ပြန်ဦးတည်လိမ့်မည်။ လနှောင်းပိုင်းတွင် တာဝန် ပိုများလာမည်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)