ကမ္ဘာကျော်ဘီလျံနာ ဖြစ်လာနိုင်တဲ့ ရာသီဖွားတွေ

၁၂ ရာသီခွင် နက္ခတ်ဗေဒင်စနစ်ဟာ ကောင်းကင်မှာ နေမင်း ဖြတ်သန်းနေကျ ရာသီခွင်ပေါ် မူတည်ပြီး ဟောကိန်း ထုတ်ရတဲ့အတွက် အကြမ်းဖျဉ်းဆန်ပေမယ့် တိုက်ဆိုင်မှုတွေလည်း မနည်းမနော ရှိနေပါတယ်။

အခုတစ်ခါမှာလည်း နက္ခတ်ဗေဒင်ရာသီခွင်အရ တူရာသီဖွားတွေက ကမ္ဘာ့သူကြွယ် ဘီလျံနာစာရင်းဝင်ဖို့ အခွင့်အလမ်း ပိုများကြောင်း စစ်တမ်းတစ်ရပ် ထွက်ပေါ်လာပါတယ်။ UK Domain က ပြုလုပ်တဲ့ ဒီစစ်တမ်းအရ ကမ္ဘာ့ထိပ်တန်း ဘီလျံနာ ၂၅၀ စာရင်းထဲမှာ တူရာသီဖွားတွေက အများဆုံး ဖြစ်နေတယ်လို့ ဖော်ထုတ် တွေ့ရှိရပါတယ်။

ကမ္ဘာကျော်သူဌေးတွေရဲ့ ချမ်းသာကြွယ်ဝမှုအဆင့်ကို နှစ်စဉ် မှန်းဆ ထုတ်ပြန်နေတဲ့ Forbes စာစောင်ရဲ့ ဘီလျံနာစာရင်းမှာ စက်တင်ဘာ ၂၃ နဲ့ အောက်တိုဘာ ၂၂ ကြား မွေးဖွားတဲ့ တူရာသီဖွားတွေက အများဆုံး ပါဝင်နေပြီး သူ့နောက်မှာတော့ မိန်ရာသီ၊ ကရကဋ်ရာသီ၊ ပြိဿရာသီနဲ့ သိဟ်ရာသီတွေက အစဉ်လိုက် အများဆုံး ရပ်တည်နေပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒီစစ်တမ်းအရဆိုရင် တူရာသီဖွားတွေဟာ ဘီလျံနာသူကြွယ်ကြီး ဖြစ်ဖို့ အခွင့်အလမ်း သူများထက် ပိုသာနေတာ တွေ့ရမှာ ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ မွေးလနဲ့ အောင်မြင်မှုအကြား ဆက်နွယ်မှုကို လေ့လာသုံးသပ်ထားတဲ့ ၂၀၁၇ သုတေသနစစ်တမ်းတစ်ခုမှာလည်း စက်တင်ဘာလဖွားတွေက တခြားလဖွားတွေထက် ကိုယ့်ကိုကိုယ် ယုံကြည်မှုအား အကောင်းဆုံး ဖြစ်ပြီး လူငယ်ဘဝမှာလည်း ပြုပြင်ထိန်းသိမ်းရေး စခန်းတွေ သွားရတဲ့ အဖြစ်မျိုး နည်းပါးတယ်လို့ ဆိုပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

စစ်တမ်းနှစ်ခုကို တိုက်ဆိုင်ကြည့်ရင် စက်တင်ဘာလဖွားတွေဟာ ဘဝမှာ အောင်မြင်မှု ပိုရနိုင်ခြေ များသလို ဘီလျံနာ ဖြစ်နိုင်ခြေလည်း အလားအလာ ပိုကောင်းတယ်လို့ သုံးသပ်ရမှာပါ။ ပျော်ရွှင်ကျေနပ်စွာ ကြိုးစားအောင်မြင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)