ကမ္ဘာ့လူကြိုက်အများဆုံး ထီဂဏန်းများ

လေ့လာဆန်းစစ်မှုတစ်ခုအရ ကမ္ဘာတစ်လွှား ထီကံစမ်းကြရာမှာ လူကြိုက်အများဆုံး ဂဏန်းက နံပါတ် (၁၁) ဖြစ်လာတယ်လို့ သိရပါတယ်။ အရင်က လူကြိုက်အများဆုံး ဖြစ်ခဲ့တဲ့ နံပါတ် (၇) ကတော့ ဒုတိယမြောက် လူကြိုက် အများဆုံးအဆင့်ကို လျှောကျသွားပါတယ်။

ယူကေ၊ အိုင်ယာလန်၊ အီတလီ၊ သြစတြေးလျ အပါအဝင် နိုင်ငံပေါင်း ၁၃ ခုဆီကနေ ကောက်ယူ ရရှိခဲ့တဲ့ အဲဒီ စစ်တမ်းအရ ကမ္ဘာပေါ်က လူတွေ ထီထိုးကံစမ်းကြရာမှာ အောက်ပါ ဂဏန်းတွေက ရေပန်းအစားဆုံး ဖြစ်တယ် ဆိုတာ တွေ့ရှိရပါတယ်။ ဒီဂဏန်းတွေကတော့…

အထက်ပါ ဂဏန်းစဉ်ကို လေ့လာကြည့်တဲ့အခါ အနောက်တိုင်းက လူတွေက ကံဆိုးမိုးမှောင်ကျတဲ့ ဂဏန်းလို့ ယူဆကြတဲ့ နံပါတ် (၁၃) က လူကြိုက် အများဆုံးစာရင်း နံပါတ် ၈ မှာ ပါဝင်လာတာ တွေ့ရပြီး တခြားထူးဆန်း ဂဏန်းတွဲတွေ ဖြစ်တဲ့ (၁၇) နဲ့ (၂၇) ကလည်း လူကြိုက်များ ဂဏန်းတွဲတွေအဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

လူကြိုက်အများဆုံး ဂဏန်း ဖြစ်တဲ့ နံပါတ် (၁၁) ကတော့ တကယ် ထူးဆန်းတဲ့ ဂမ္ဘီရကိန်းဂဏန်းတစ်ခုပါပဲ။ ဥပမာ ပြောရရင် ပထမကမ္ဘာ စစ်ကြီးဟာ ၁၁ လ၊ ၁၁ ရက်နဲ့ ၁၁ နာရီအကြာမှာ ပြီးဆုံးခဲ့သလို ကမ္ဘာပေါ်က နာမည်ကြီး ထိပ်တန်း အားကစားသမားတချို့ရဲ့ ကျောနံပါတ်တွေ ကလည်း နံပါတ် (၁၁) ဖြစ်နေတာပါပဲ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အင်္ဂလန်မှာ မကြာသေးခင်က စတာလင်ပေါင် ၇၈ သန်းဆုကြီး ဆွတ်ခူးခဲ့တဲ့ သန့်ရှင်းရေးလုပ်သားတစ်ဦးရဲ့ ထီပေါက်စဉ်ဂဏန်းမှာ နံပါတ် (၁၁) နဲ့ (၇) တွေ ပါဝင်ခဲ့တာ တွေ့ရပြီး ကျွန်တော်တို့ မြန်မာပြည်မှာလည်း အောက်တိုဘာ ၁ ရက်က ဖွင့်ခဲ့တဲ့ သိန်းတစ်သောင်းခွဲ ထီဂဏန်းမှာ နံပါတ် (၁၁) အပူးတွေ ပါဝင်ခဲ့တာကို တွေ့ရပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဘာပဲဖြစ်ဖြစ် ဒီလို စနစ်တကျ လုပ်ထားတဲ့ ကိန်းခန်းသုတေသနနဲ့ ကိုယ့်ဇာတာခွင်က အကျိုးပေးဂဏန်းကို တိုက်စစ် အဖြေရှာတတ်ရင် ထီပေါက်ကိန်းတစ်ခုကို တွက်ချက် ထုတ်ဖော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

(၇) ရက်သားသမီးအားလုံး ထီကံကောင်းလို့ ငွေကံပွင့်ကြပါစေ  ဧက – ဗေဒင်သုတ

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)