ကိုရိုနာဗိုင်းရပ်စ်နဲ့ ဗေဒင်ယူဆဟောပြောချက်များ

လတ်တလော ကမ္ဘာနိုင်ငံအတော်များများမှာ ကူးစက်ပျံ့နှံ့နေတဲ့ ၊ မြန်မာနိုင်ငံကိုလည်း  ရောက်ရှိ ကူးစက်နေတဲ့ COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ် ဘယ်တော့လောက် အဆုံးသတ်သွားမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြည်တွင်း၊ ပြည်ပက ဗေဒင်ပညာရှင်တွေရဲ့ အယူအဆတွေကို စုစည်းပေးထားပါတယ်။ (ကိုယ်တိုင် လေ့လာချင်သူတွေအတွက် ရောဂါပိုး စတည်ရာ တရုတ် ၊ ဝူဟန်မြို့ရဲ့ မြို့တည်ဇာတာခွင်ကို cosmosofastrology Website ကနေ ကူးယူဖော်ပြပေးလိုက်ပါတယ်)။

ပထမဆုံးအနေနဲ့ အိန္ဒိယက နက္ခတ်ဗေဒင်ဆရာ Ashih Mehta ရဲ့ YouTube ပေါ်က သူ့အယူအဆ ဟောပြောချက်ကို ပြောပြပါမယ်။ သူ့အနေနဲ့ ဧပြီ ၁၃ ရက်နောက်ပိုင်းမှာ ကမ္ဘာကြီးဟာ ဖြည်းဖြည်းချင်း နဲ့ ပုံမှန်အခြေအနေဆီ ကျိန်းသေပေါက် ပြန်ရောက်လာမယ်လို့ ဆိုပါတယ်။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သူ့အယူအဆမှာ ရာဟုကိတ် အမှောင်ဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်တို့ ဓနုရာသီခွင်မှာ ပူးယှဉ်မှုအရ ဗိုင်းရပ်စ်ပိုး ပေါ်ပေါက်လာရတယ်လို့ ဆိုထားပြီး မကာရရာသီခွင်ကို ကြာသပတေးဂြိုဟ် ရွှေ့လျား ကူးပြောင်းမယ့် မတ်လကုန်နောက်ပိုင်းကျရင် အခြေအနေတွေ ပြောင်းလဲ တိုးတက်လာမယ်လို့ ဟောကိန်း ထုတ်ပါတယ်။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

Ashih Mehta လို လူသိရှင်ကြား မဟောပြောပေမယ့် သူ့နည်းသူ့ဟန့်နဲ့ တွက်ချက်ထားကြတဲ့ တခြား နက္ခတ်ဗေဒင်ဆရာတွေကတော့ မေလနဲ့ ဇွန်လကြားမှာ ဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်မယ်၊ ဒါ့အပြင် ကုသနိုင်မယ့် ဆေးကောင်းဝါးကောင်းတွေ ဖော်ထုတ်နိုင်မယ်လို့ ဟောဆိုထားကြပါတယ်။ တချို့ဆရာတွေကတော့ မေလနဲ့ စက်တင်ဘာလကြားမှာ ဒုတိယအကျော့ ရောဂါပိုး ပျံ့နှံ့မှု ထပ်ဖြစ်နိုင်ပြီး နိုဝင်ဘာလောက်မှ အခြေအနေ ပြန်ကောင်းမယ်လို့ ဆိုပါတယ်။ အိန္ဒိယနက္ခတ်ဗေဒင် ပညာရှင်တွေဟာ ဓနုရာသီခွင်မှာ ကိတ်နဲ့ ကြာသပတေး ပူးယှဉ်မှုကြောင့် ဗိုင်းရပ်စ်ပိုး ဖြစ်ပေါ်ရတယ်လို့ ကောက်ချက်ချကြတာတွေ့ရပြီး အနောက်တိုင်းနက္ခတ်သမားတွေနဲ့တော့ အမြင်ကွဲလွဲမှု ရှိပါတယ်။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အနောက်တိုင်းနက္ခတ်ဗေဒင်ဆရာတွေကတော့ မကာရရာသီခွင်မှာ စနေဂြိုဟ်နဲ့ ပလူတိုဂြိုဟ် ပူးယှဉ်မှုကို အဓိကပြဿနာအဖြစ် ယူဆကြပါတယ်။ ဒီဂြိုဟ်နှစ်လုံး ပူးရင် ကမ္ဘာမှာ ကသောင်းကနင်းဖြစ်ရပ်တွေ ပေါ်ပေါက်လေ့ ရှိတယ်လို့ မှတ်တမ်းတင်ထားပါတယ်။ ဒါ့အပြင် သာယနစနစ်အရ ကြာသပတေးဂြိုဟ် မကာရရာသီထဲ ဝင်လာတဲ့ ၂၀၁၉ ၊ ဒီဇင်ဘာနောက်မှာ မီးလောင်ရာ လေပင့်သလို ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီထဲမှာ Alrik Xander ဆိုတဲ့ နက္ခတ်ဗေဒင်ဆရာတစ်ဦးကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ မြန်မြန်ဆန်ဆန် လူသိများ ကူးစက်ပျံ့နှံ့ခဲ့သလိုပဲ သိပ်မကြာခင်မှာပဲ ပြန်လည် ကွယ်ပျောက်သွားလိမ့်မယ်လို့ ဆိုပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့က ဆရာကြီးဒေါက်တာကံညွှန့်ကတော့ မြန်မာပြည်အတွက် စိုးရိမ်စရာတွေ ရှိလာနိုင်ပေမယ့်လည်း ဒီကပ်ရောဂါကို အောင်မြင်စွာ တားဆီးကျော်လွှားနိုင်မယ်လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားမျှဝေထားပါတယ်။  ဗေဒင်သုတ Page မှာ မြန်မာ့ရိုးရာ ဗေဒင်ပညာပေး ဆောင်းပါးနဲ့ ဟောကိန်းတွေ တင်ဆက်နေကျ ဆရာစိုးမိုးထွန်းကလည်း လာမယ့် မြန်မာ နှစ်သစ် ၁၃၈၂ ခုနှစ်ဟာ ဆေးဝါးကောင်းများ ပေါ်ထွန်းလာတတ်တဲ့ နှစ်မျိုး ဖြစ်လို့ တန်ခူးလပြည့်က စလို့ တစ်နှစ်အတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကို နိုင်နင်းတဲ့ ဆေးဝါး ပေါ်ပေါက်လာမယ်လို့ သူ့ Facebook မှာပဲ အများသိ ဟောကိန်းထုတ်ထားပါတယ်။

ဗေဒင်သုတ Page ရဲ့ ပင်တိုင်ဆောင်းပါးရှင်တစ်ဦး ဖြစ်တဲ့ ဆရာလင်းဝေအောင်ကလည်း KP ရှေ့ပြေးနက္ခတ် ဟူးရားစနစ်နဲ့ တွက်ချက်စစ်ဆေးရာမှာ မြန်မာပြည်သူတွေရဲ့ ကျန်းမာရေးဟာ ဆိုးရွားပြင်းထန်တဲ့ အခြေအနေ မျိုး မရောက်နိုင်ဘူး၊ ရောဂါကူးစက်ခံရသူတွေကလည်း ကုသပျောက်ကင်းနိုင်ခြေ ပိုများပြီး အခြေအနေဆိုးက လွတ်မြောက်နိုင်မယ်၊ ဒီရောဂါပိုးကိုတော့ မေလ ၂၈ နောက်ပိုင်းမှာ ထိန်းချုပ်လာနိုင်ပြီး ၃.၁၀.၂၀၂၀ ကနေ ၂၀.၁၀.၂၀၂၀ အတွင်းမှာ ကပ်ဘေးကနေ လွတ်မြောက်မယ်လို့ ဟောကိန်း ထုတ်ထားပါတယ်။

အရှေ့တိုင်း၊ အနောက်တိုင်း ဗေဒင်ပညာရှင်အားလုံးရဲ့ ဟောကိန်းတွေကို စုစည်း ကောက်ချက်ချ သုံးသပ်တဲ့အခါ ဒီကပ်ရောဂါဟာ နှစ်ကာလရှည်ကြာ မဖြစ်နိုင်ဘဲ လပိုင်းအတွင်းမှာ အနှေးနဲ့အမြန် ပြန်ပြီးတော့ ပျောက်ကွယ်သွားမယ်လို့ ယူဆပါတယ်။ ယူဆတဲ့ အတိုင်းလည်း ဟောကိန်းတွေအကုန် မှန်ပါစေလို့ ဆုတောင်းပါတယ်။ လက်ရှိ ရောဂါကူးစက် ခံစားနေရသူအားလုံးလည်း အမြန်ဆုံး သက်သာ ပျောက်ကင်း ချမ်းသာရာ ရကြပါစေလို့ ဗေဒင်သုတ Page အဖွဲ့သားအားလုံးက ဆုတောင်း မေတ္တာ ပို့သအပ်ပါတယ်။

ကိုးကားမှတ်တမ်း – Exresss, Gulf News, Other Sources on Internet, Sayar U Kan Nyunt , Sayar Soe Moe Tun and Sayar Lynn Wai Aung’s Facebook Public Posts.

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)