ကျန်းမာရေး အညံ့ ကြုံတဲ့အခါ …

ဒီယတြာနည်းဟာ ရှေးခေတ်က ဆန်းဗေဒင်ဆရာကြီးတွေ အသုံးပြုခဲ့တဲ့ ယတြာနည်းလမ်းကောင်း တစ်ခု ဖြစ်ပါတယ်။ ကျန်းမာရေး အညံ့ကြုံတဲ့အခါ ဆေးတိုးစေဖို့ ဆေးကောင်းသမားကောင်း တွေ့စေဖို့ ဆောင်ရွက်ရတဲ့ ယတြာနည်းလမ်းကောင်းလေး တစ်ခု ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

တွက်ပုံတွက်နည်းမှာ ကျန်းမာရေး အညံ့ ကြုံနေသူရဲ့ ရောက်ရှိနေသော အသက်နှင့် လက်ရှိမြန်မာကောဇာသက္ကရာဇ်ကို ပေါင်းပါ။ ပြီးလျှင် ရရှိလာသော ပေါင်းလဒ်ကို (၃) နှင့်မြှောက်၍ ၇နှင့်စားကာ အကြွင်းအလိုက် ယတြာနည်း ဆောင်ရွက်ရန် ဖြစ်ပါတယ်။  (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

လက်တွေ့ထူးခြားမှုရှိတဲ့ ယတြာနည်းလမ်းကောင်းတစ်ခုဖြစ်တဲ့အတွက် အရေးကြုံတဲ့အခါ အသုံးချ အဆင်ပြေကြပါစေဖို့ ရည်ရွယ်ပါတယ်။ ကျန်းမာခြင်းဆုလာဘ်နှင့်ပြည့်စုံကြပါစေ။

ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)