ခိုလှုံရာမင်္ဂလာတစ်ပါး

ယတြာအစီအရင်တွေ ဘယ်လိုလုပ်လုပ် အဆင်မပြဘဲ ထွက်ပေါက်ပိတ်နေသူတွေ၊ ဒုက္ခလှိုင်းလုံးတွေထဲမှာ မြုပ်ချည်တစ်ခါ ပေါ်ချည် တစ်လှည့် ဖြစ်နေရလို့ မွန်းကျပ်လှပါပြီဆိုသူတွေနဲ့ ကျန်းမာရေးရာ စိတ်ပူပန်နေရာသူတွေအတွက် ဘာသာတရားရဲ့ ဆုံးမစာကနေ ဂမ္ဘီရအမြင်ရှုထောင့်နဲ့ ဖော်ထုတ်ထားတဲ့ ဂါထာတိုလေးတစ်ခုအကြောင်းကို ပြောပြချင်ပါတယ်။


ဒါကတော့ အထူးအဆန်း မဟုတ်လို့ သတိမမူဘဲ ဗုဒ္ဓဘာသာဝင်ဆိုသူတွေတောင် သတိ မေ့လျော့နေကြတဲ့ ဗုဒ္ဓရှင်တော်ဘုရားရဲ့ ၃၈ ဖြာ မင်္ဂလာတရားတော်ထဲက တစ်ပိုဒ်ပါပဲ။ အောက်မှာ ဂါထာရော အနက်အဓိပ္ပါယ်ဖွင့်ဆိုချက်ပါ ပြထားပါတယ်။

၃၈ ဖြာ မင်္ဂလာတရားတော်ထဲက နံပါတ်စဉ် ၃၅ ဖြစ်တဲ့ ဒီတရားတော်ဟာ ဗေဒင်ဆရာတွေ ရေလဲသုံးတဲ့ လက်စွဲ ဂါထာတစ်ပုဒ် ဖြစ်သလို ဘေးကျပ်နံကျပ် အကျပ်အတည်း ကြုံနေသူ၊ ထွက်ပေါက်ပိတ် မတတ် ကံဇာတာနိမ့်ပါးနေသူတွေအဖို့ နူတ်တက်ရွရွ ရွတ်ဖတ် ပူဇော်သင့်တဲ့ ဂါထာ တစ်ပုဒ်လည်း ဖြစ်ပါတယ်။ များသောအားဖြင့် သက်စေ့အလိုက် ရွတ်ဖတ်တာ၊ မွေးဂြိုဟ်သက်နဲ့ ရွတ်ဖတ်တာ စသဖြင့် နည်းအမျိုးမျိုး ရှိပါတယ်။ ကိုယ်တတ်နိုင်သလို ရွတ်ဖတ်ပူဇော်နိုင်ပါတယ်။

 

ဒီဂါထာ၊ မင်္ဂလာတရားတော်ကို လောကီပညာဘက်က ကြည့်ရင် အရိယာသူတော်စင်တွေရဲ့ လောကဓံတရားကို ကြံ့ကြံ့ခိုင်နိုင်စွမ်း ရှိခြင်းဆိုတဲ့ ဟိတ်ဓာတ်ကို ယူထားတဲ့အတွက် လောကဓံ အပုတ်အခတ်ကို နည်းနည်းမှ မခံနိုင်တဲ့ သာမန်လူသားတွေအဖို့ အားကိုးရာ၊ ခိုလှုံရာတစ်ခု ဖြစ်ပါတယ်။ အကျပ်အတည်း အခက်အခဲတွေကနေ လွတ်မြောက်စေနိုင်စွမ်း ရှိပါတယ်။ ကျန်းမာရေး ညံ့နေသူတွေ၊ ဒုက္ခ မျိုးစုံ ပတ်လည်ဝိုင်းနေသူတွေအတွက်လည်း လက်စွဲ ဂါထာတစ်ပုဒ် ဖြစ်ပါတယ်။

ဒီဂါထာကို သက်စေ့ ပဲဖြစ်ဖြစ်၊ ပုတီးပတ်ရေ စိတ်ပါသလောက် ဖြစ်ဖြစ် ရွတ်ဖတ်ပူဇော် ပွားများရင်း လောကဓံ အနိမ့်အမြင့်မှာ စီးမျောလိုက်ပါလေ့ မရှိတဲ့ သူတော်ကောင်း သူမြတ်လောင်းတွေရဲ့ ဂုဏ်ကို ကြည်ညိုပွားများ ကုသိုလ်ယူနိုင်ကြပါစေလို့ တိုက်တွန်းလိုက်ပါတယ်။

မြတ်စွာဘုရား၏ တရားတော်များတွင် ခိုလှုံရာ ရရှိကြပါစေ- ဧက

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)