ခ်စ္သူတိုင္းအတြက္ ဂဏန္းေဗဒင္

သင့္ခ်စ္သူက အဂၤလိပ္လို ဘယ္ရက္မွာ ေမြးသလဲဆိုတာ သိထားရင္ ေမြးရက္အလိုက္ သူ႔ပင္ကိုယ္စ႐ိုက္ေတြ နဲ႔ သူ ဘာေတြ ႀကိဳက္တတ္သလဲ ဆိုတာကို ခန႔္မွန္းၾကည့္ႏိုင္ပါတယ္။ သူ႔စ႐ိုက္သဘာဝကို သိနားလည္တဲ့အခါ သူနဲ႔ ခံစားခ်က္ခ်င္း ဖလွယ္ႏိုင္မွာ ျဖစ္ၿပီး သူႀကိဳက္တတ္တာေလးေတြကို ခ်စ္ျခင္း လက္ေဆာင္အျဖစ္ ေပးအပ္ႏိုင္မယ္ဆိုရင္ ႏွစ္ဦးသားခ်စ္ခရီးလမ္းက ေျဖာင့္တန္း သာယာေနမွာပါပဲ။

ေမြးရက္အလိုက္ သူ႔ရဲ႕ စ႐ိုက္သဘာဝေလးေတြနဲ႔ သူ ႀကိဳက္တတ္တဲ့ လက္ေဆာင္ေတြက ဘယ္လိုဘယ္အရာ ဘာအမ်ိဳးအစားေတြ ျဖစ္မလဲဆိုတာ ဂဏန္းေဗဒင္နဲ႔ အေျဖရွာၾကည့္ရေအာင္…

၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ မွာ ေမြးဖြားသူမ်ား – သူတို႔လုပ္သမွ်ကို အသိအမွတ္ျပဳတာ၊ သူတို႔ကို ေနရာေပးဆက္ဆံတာ၊ ဦးစားေပးတာမ်ိဳးေတြ ဆိုရင္ သိပ္သေဘာက်လိမ့္မယ္။ သူတို႔အတြက္ လက္ေဆာင္အျဖစ္ ေ႐ႊ၊ ရတနာနဲ႔ တျခား တန္ဖိုးႀကီးတဲ့ပစၥည္းေတြ၊ ထီး၊ ဦးထုပ္၊ ဆံညႇပ္၊ ေခါင္းလိမ္းဆီစတဲ့ အသုံးအေဆာင္ေတြကို ေပးသင့္တယ္။

၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ မွာ ေမြးဖြားသူမ်ား – စိတ္ထိခိုက္ခံစားလြယ္သူေတြ ျဖစ္လို႔ သူတို႔အေပၚ မတရား ျပစ္တင္တာ၊ ဖိအားေပးတာမ်ိဳးကို ေရွာင္ၿပီး ႏူးညံ့သိမ္ေမြ႕စြာ ေျပာဆိုဆက္ဆံပါမွ အဆင္ေျပမယ္။ ေငြထည္၊ ပုလဲလို ပစၥည္းနဲ႔ ေရေမႊးေတြ၊ အိမ္သုံးပစၥည္းေလးေတြကို လက္ေဆာင္အျဖစ္ ေပးလို႔ သင့္ေတာ္မယ္။

၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ မွာ ေမြးဖြားသူမ်ား – စည္းနဲ႔ကမ္းနဲ႔ ေနတတ္ၿပီး ဘဝရည္မွန္းခ်က္ ျမင့္မားသူေတြ ျဖစ္တတ္လို႔ စည္းကမ္းမဲ့ ေနတာ၊ အလုပ္မႀကိဳးစားတာေတြကို ေရွာင္သင့္တယ္။ အရာရာကို အေကာင္းျမင္ေပးတတ္သူေတြ ျဖစ္လို႔ သူတို႔က ဘာလက္ေဆာင္မဆို အဆင္ေျပတယ္။ Handmade ေလးေတြ ႀကိဳက္တတ္တယ္။

၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ မွာ ေမြးဖြားသူမ်ား – သူမ်ားနဲ႔မတူတဲ့ အေတြးအေခၚအယူအဆေတြ ရွိတတ္ၿပီး လူေပါင္းမဆံ့ လူေပါင္းမတတ္သူေတြ ျဖစ္လို႔ အဲဒီအခ်က္ကို နားလည္ႏိုင္ရင္ အဆင္ေျပမယ္။ သူတို႔ေတြက တစ္မူထူးျခားတဲ့ အသုံးအေဆာင္နဲ႔ စာအုပ္စာေပေတြကို ႏွစ္သက္တတ္လို႔ အဲဒါေတြကို လက္ေဆာင္ေပးၾကည့္ႏိုင္တယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

၅ ၊ ၁၄ ၊ ၂၃ မွာ ေမြးဖြားသူမ်ား – စကားလည္း ႂကြယ္သလို မ်က္ႏွာလည္း မ်ားတတ္လို႔ အဲဒီတစ္ခ်က္ကိုေတာ့ ခြင့္လႊတ္ႏိုင္ရလိမ့္မယ္။ အေပါင္းအသင္း ဆံ့တာ၊ ေပ်ာ္ေပ်ာ္ေနတတ္တာက အားသာခ်က္ ျဖစ္တယ္။ သီခ်င္း၊ စာေပနဲ႔ ေနာက္ဆုံးေပၚနည္းပညာ ပစၥည္းေလးေတြကို လက္ေဆာင္အျဖစ္ သူတို႔ သေဘာက်တတ္တယ္။

၆ ၊ ၁၅ ၊ ၂၄ မွာ ေမြးဖြားသူမ်ား – ခ်စ္ျခင္းေမတၱာကို တန္ဖိုးထားသူ၊ ခ်စ္တဲ့သူေတြကို ကာကြယ္ေပးတတ္သူမ်ိဳး ျဖစ္သလို သူတို႔ ျမတ္ႏိုးတဲ့အရာေတြကို ထိပါးလာရင္လည္း လက္တုံ႔ျပန္ဖို႔ ဝန္မေလးတတ္ၾကဘူး။ အလွကုန္နဲ႔ ဂီတ၊ အႏုပညာပိုင္း လက္ေဆာင္ေတြ ေပးသင့္တယ္။ အစားေကာင္းလည္း ႀကိဳက္တတ္ၾကတယ္။

၇ ၊ ၁၆ ၊ ၂၅ မွာ ေမြးဖြားသူမ်ား – ဗဟုသုတ ႏွံ႔စပ္သူ၊ စိတ္သေဘာထား ျပည့္ဝသူ၊ အေတြးအေခၚ ျမင့္မားသူမ်ိဳး ျဖစ္ေပမယ့္ တခါတေလ ေပါက္ကြဲၿပီဆို ထိန္းလို႔ မႏိုင္သူေတြ ျဖစ္တယ္။ ေဖးမနားလည္မႈေတြ လိုအပ္လိမ့္မယ္။ လက္ေဆာင္အျဖစ္ စာအုပ္၊ ဂိမ္းနဲ႔ ထူးဆန္းတဲ့ပစၥည္းေလးေတြကို သေဘာက်တတ္ၾကတယ္။

၈ ၊ ၁၇ ၊ ၂၆ မွာ ေမြးဖြားသူမ်ား – ေလးနက္တည္ၾကည္သူ၊ သစၥာခိုင္ၿမဲသူေတြ ျဖစ္သလို နက္နက္နဲနဲ ႀကိတ္ၿပီး ခံစားတတ္သူ၊ အုံ႔ပုန္းသမား၊ အထီးက်န္သူေတြလည္း ျဖစ္ေနတတ္တယ္။ လူေတြနဲ႔ ေရာေရာေႏွေႏွာ သိပ္ၿပီး မေနတတ္တာကို နားလည္ရမယ္။ ေရွးေဟာင္းပစၥည္းလို လက္ေဆာင္ေတြကို သေဘာက်မယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

၉ ၊ ၁၈ ၊ ၂၇ မွာ ေမြးဖြားသူမ်ား – အျငင္းသန္ၿပီး အတိုက္အခံ လုပ္ခ်င္သူ၊ ေဒါသထြက္လြယ္သူေတြ ျဖစ္ေပမယ့္ ဘာမဆို ရင္ဆိုင္စြန႔္စားဝံ့သူ ၊ သတၱိေကာင္းသူေတြလည္း ျဖစ္တယ္။ သူတို႔အတြက္ အေကာင္းဆုံးလက္ေဆာင္ အျဖစ္ အိတ္ေဆာင္ဓားေလးေတြ ၊ သတၱဳနဲ႔လုပ္တဲ့ ပစၥည္းအသုံးအေဆာင္ေတြကို ေပးသင့္တယ္။

ေမြးရက္ဂဏန္းအားလုံး ႏွလုံးသားေရးရာ လိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ – ဧက (ေဗဒင္သုတ)

Unicode Font

သင့်ချစ်သူက အင်္ဂလိပ်လို ဘယ်ရက်မှာ မွေးသလဲဆိုတာ သိထားရင် မွေးရက်အလိုက် သူ့ပင်ကိုယ်စရိုက်တွေ နဲ့ သူ ဘာတွေ ကြိုက်တတ်သလဲ ဆိုတာကို ခန့်မှန်းကြည့်နိုင်ပါတယ်။ သူ့စရိုက်သဘာဝကို သိနားလည်တဲ့အခါ သူနဲ့ ခံစားချက်ချင်း ဖလှယ်နိုင်မှာ ဖြစ်ပြီး သူကြိုက်တတ်တာလေးတွေကို ချစ်ခြင်း လက်ဆောင်အဖြစ် ပေးအပ်နိုင်မယ်ဆိုရင် နှစ်ဦးသားချစ်ခရီးလမ်းက ဖြောင့်တန်းသာယာနေမှာပါပဲ။

မွေးရက်အလိုက် သူ့ရဲ့ စရိုက်သဘာဝလေးတွေနဲ့ သူ ကြိုက်တတ်တဲ့ လက်ဆောင်တွေက ဘယ်လိုဘယ်အရာ ဘာအမျိုးအစားတွေ ဖြစ်မလဲဆိုတာ ဂဏန်းဗေဒင်နဲ့ အဖြေရှာကြည့်ရအောင်…

၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ မှာ မွေးဖွားသူများ – သူတို့လုပ်သမျှကို အသိအမှတ်ပြုတာ၊ သူတို့ကို နေရာပေးဆက်ဆံတာ၊ ဦးစားပေးတာမျိုးတွေဆိုရင် သိပ်သဘောကျလိမ့်မယ်။ သူတို့အတွက် လက်ဆောင်အဖြစ် ရွှေ၊ ရတနာနဲ့ တခြား တန်ဖိုးကြီးတဲ့ပစ္စည်းတွေ၊ ထီး၊ ဦးထုပ်၊ ဆံညှပ်၊ ခေါင်းလိမ်းဆီစတဲ့ အသုံးအဆောင်တွေကို ပေးသင့်တယ်။

၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ မှာ မွေးဖွားသူများ – စိတ်ထိခိုက်ခံစားလွယ်သူတွေ ဖြစ်လို့ သူတို့အပေါ် မတရား ပြစ်တင်တာ၊ ဖိအားပေးတာမျိုးကို ရှောင်ပြီး နူးညံ့သိမ်မွေ့စွာ ပြောဆိုဆက်ဆံပါမှ အဆင်ပြေမယ်။ ငွေထည်၊ ပုလဲလို ပစ္စည်းနဲ့ ရေမွှေးတွေ၊ အိမ်သုံးပစ္စည်းလေးတွေကို လက်ဆောင်အဖြစ် ပေးလို့ သင့်တော်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ မှာ မွေးဖွားသူများ – စည်းနဲ့ကမ်းနဲ့ နေတတ်ပြီး ဘဝရည်မှန်းချက် မြင့်မားသူတွေ ဖြစ်တတ်လို့ စည်းကမ်းမဲ့ နေတာ၊ အလုပ်မကြိုးစားတာတွေကို ရှောင်သင့်တယ်။ အရာရာကို အကောင်းမြင်ပေးတတ်သူတွေ ဖြစ်လို့ သူတို့က ဘာလက်ဆောင်မဆို အဆင်ပြေတယ်။ Handmade လေးတွေ ကြိုက်တတ်တယ်။

၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ မှာ မွေးဖွားသူများ – သူများနဲ့မတူတဲ့ အတွေးအခေါ်အယူအဆတွေ ရှိတတ်ပြီး လူပေါင်းမဆံ့ လူပေါင်းမတတ်သူတွေ ဖြစ်လို့ အဲဒီအချက်ကို နားလည်နိုင်ရင် အဆင်ပြေမယ်။ သူတို့တွေက တစ်မူထူးခြားတဲ့ အသုံးအဆောင်နဲ့ စာအုပ်စာပေတွေကို နှစ်သက်တတ်လို့ အဲဒါတွေကို လက်ဆောင်ပေးကြည့်နိုင်တယ်။

၅ ၊ ၁၄ ၊ ၂၃ မှာ မွေးဖွားသူများ – စကားလည်း ကြွယ်သလို မျက်နှာလည်း များတတ်လို့ အဲဒီတစ်ချက်ကိုတော့ ခွင့်လွှတ်နိုင်ရလိမ့်မယ်။ အပေါင်းအသင်း ဆံ့တာ၊ ပျော်ပျော်နေတတ်တာက အားသာချက် ဖြစ်တယ်။ သီချင်း၊ စာပေနဲ့ နောက်ဆုံးပေါ်နည်းပညာ ပစ္စည်းလေးတွေကို လက်ဆောင်အဖြစ် သူတို့ သဘောကျတတ်တယ်။

၆ ၊ ၁၅ ၊ ၂၄ မှာ မွေးဖွားသူများ – ချစ်ခြင်းမေတ္တာကို တန်ဖိုးထားသူ၊ ချစ်တဲ့သူတွေကို ကာကွယ်ပေးတတ်သူမျိုး ဖြစ်သလို သူတို့ မြတ်နိုးတဲ့အရာတွေကို ထိပါးလာရင်လည်း လက်တုံ့ပြန်ဖို့ ဝန်မလေးတတ်ကြဘူး။ အလှကုန်နဲ့ ဂီတ၊ အနုပညာပိုင်း လက်ဆောင်တွေ ပေးသင့်တယ်။ အစားကောင်းလည်း ကြိုက်တတ်ကြတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

၇ ၊ ၁၆ ၊ ၂၅ မှာ မွေးဖွားသူများ – ဗဟုသုတ နှံ့စပ်သူ၊ စိတ်သဘောထား ပြည့်ဝသူ၊ အတွေးအခေါ် မြင့်မားသူမျိုး ဖြစ်ပေမယ့် တခါတလေ ပေါက်ကွဲပြီဆို ထိန်းလို့ မနိုင်သူတွေ ဖြစ်တယ်။ ဖေးမနားလည်မှုတွေ လိုအပ်လိမ့်မယ်။ လက်ဆောင်အဖြစ် စာအုပ်၊ ဂိမ်းနဲ့ ထူးဆန်းတဲ့ပစ္စည်းလေးတွေကို သဘောကျတတ်ကြတယ်။

၈ ၊ ၁၇ ၊ ၂၆ မှာ မွေးဖွားသူများ – လေးနက်တည်ကြည်သူ၊ သစ္စာခိုင်မြဲသူတွေ ဖြစ်သလို နက်နက်နဲနဲ ကြိတ်ပြီး ခံစားတတ်သူ၊ အုံ့ပုန်းသမား၊ အထီးကျန်သူတွေလည်း ဖြစ်နေတတ်တယ်။ လူတွေနဲ့ ရောရောနှေနှော သိပ်ပြီး မနေတတ်တာကို နားလည်ရမယ်။ ရှေးဟောင်းပစ္စည်းလို လက်ဆောင်တွေကို သဘောကျမယ်။

၉ ၊ ၁၈ ၊ ၂၇ မှာ မွေးဖွားသူများ – အငြင်းသန်ပြီး အတိုက်အခံ လုပ်ချင်သူ၊ ဒေါသထွက်လွယ်သူတွေ ဖြစ်ပေမယ့် ဘာမဆို ရင်ဆိုင်စွန့်စားဝံ့သူ ၊ သတ္တိကောင်းသူတွေလည်း ဖြစ်တယ်။ သူတို့အတွက် အကောင်းဆုံးလက်ဆောင် အဖြစ် အိတ်ဆောင်ဓားလေးတွေ ၊ သတ္တုနဲ့လုပ်တဲ့ ပစ္စည်းအသုံးအဆောင်တွေကို ပေးသင့်တယ်။

မွေးရက်ဂဏန်းအားလုံး နှလုံးသားရေးရာ လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ – ဧက (ဗေဒင်သုတ)

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)