ဂဏန်းဗေဒင်လစဉ်ဟောကိန်း (အောက်တိုဘာ၊ ၂၀၂၁)

အင်္ဂလိပ်လို မွေးဖွားတဲ့ရက်အလိုက် ဒီလအတွက် ဂဏန်းဗေဒင်ဟောကိန်းကို တင်ပြပေးလိုက်ပါတယ်။ အားလုံး အသုံးတည့် အကျိုးရှိစေဖို့ မျှော်လင့်ပါတယ်။

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ တွင် မွေးဖွားသူများ) – ဒီတစ်လလုံးမှာ စိတ်ဆိုးဒေါသထွက်စရာတွေ အရမ်း များလာမယ်။ အပြောအဆိုမတတ်လို့ လူရင်းတွေနဲ့တောင် စကားများရတတ်တယ်။ ဘယ်အလုပ်မှာမဆို ဆုံးဖြတ်ချက်တွေ မှားယွင်းလွယ်လို့ သတိထားရမယ်။ ဒီလနောက်ဆုံးပတ်မှာ ကျန်းမာရေး ညံ့မယ်။ ဆီးချို၊ သွေးတိုး ဂရုစိုက်ပါ။

(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ တွင် မွေးဖွားသူများ)  – အကြံအစည်၊ ရည်ရွယ်ချက်တွေ အကောင်အထည် ပေါ်လာမယ့်လ ဖြစ်တယ်။ ရုန်းကန်မှုနဲ့အတူ အောင်မြင်မှုတွေလည်း လိုက်ပါလာမယ်။ အခွင့်အရေးတွေလည်း ရလာနိုင်တယ်။ ပထမဆုံးနဲ့ နောက်ဆုံးအပတ်မှာ ကျန်းမာရေး ညံ့တတ်တယ်။ မေတ္တာရေးမှာ စိတ်ညစ်စရာတချို့ ဖြစ်လိမ့်မယ်။

(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ တွင် မွေးဖွားသူများ) –  ဆုံးဖြတ်ချက် မပြတ်သားတာ၊ တွေဝေတာတွေ များနေလို့ ဒီလမှာ အခွင့်ကောင်းတွေ လက်လွှတ်ရတတ်တယ်။ လုပ်စရာရှိတာ ရဲရဲလုပ်၊ မြန်မြန်ဆုံးဖြတ်တတ်ဖို့ လိုမယ်။ ငွေကြေး အချေးအငှားတွေ ရှောင်ပါ။ ပြဿနာ ဖြစ်လွယ်မယ်။ ပထမလဝက်အတွင်း မေတ္တာရေးမှာ ကံခေနေလိမ့်မယ်။

(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ တွင် မွေးဖွားသူများ) –  ဘာပဲလုပ်လုပ် အကြီးအကဲတွေရဲ့ လမ်းညွှန်မှုကို ယူရင် အဆင်ပြေ အောင်မြင်မယ်။ အိမ်တွင်းရေး မသာယာမှုတွေ ဖြစ်လာတတ်လို့ ပြဿနာ မဖြစ်အောင် အစောတည်းက ကြိုပြီး ရှောင်ရမယ်။ ငွေကြေးအရှုပ်အရှင်းလည်း ဖြစ်တတ်တယ်။ လကုန်ပိုင်းမှာ ကျန်းမာရေး ချူချာလာတတ်တယ်။

(၅ ၊ ၁၄ ၊ ၂၃ တွင် မွေးဖွားသူများ) – လဆန်းပိုင်းကနေ လလယ်အထိ အစစအရာရာ သာယာအဆင်ပြေပေမဲ့ လလယ်ကျော်ရင် အဘက်ဘက်က စိတ်ဖိစီးမှုတွေ ဖြစ်လာနိုင်တယ်။ အထူးသဖြင့် မိသားစုအိမ်တွင်းရေးပိုင်းမှာ စိတ်ညစ်စရာ များမယ်။ ငွေရေးကြေးရေးကိစ္စတွေ သတိထား လုပ်ရမယ်။ လကုန်ရက်မှာ ကျန်းမာရေး ညံ့မယ်။

(၆ ၊ ၁၅ ၊ ၂၄ တွင် မွေးဖွားသူများ)  – ဝမ်းမြောက်ပျော်ရွှင်စရာတွေ ကြုံရကြားရမယ့်လ ဖြစ်တယ်။ လူဟောင်းနဲ့ အဆက်အသွယ်ဟောင်းတွေဆီက သတင်းကောင်းကြားမယ်။ အကူအညီတွေ ရမယ်။ မိသားစုအရေးကိစ္စတွေ ပြေလည်မှု ပြန်ရမယ်။ အလုပ်ကြီးအကိုင်ကြီးတွေ ကြံစည်နိုင်မယ်။ မေတ္တာရေးမှာလည်း ကံကောင်းတတ်တယ်။

(၇ ၊ ၁၆ ၊ ၂၅ တွင် မွေးဖွားသူများ) – ကျန်းမာရေး ညံ့တတ်တာက လွဲရင် အလုပ်အကိုင်၊ လူမှုအိမ်ထောင်ရေး အားလုံး ကံကောင်း အဆင်ပြေမယ့်လ ဖြစ်တယ်။ အလုပ်မှာ နေရာရတာ၊ ချီးမြှင့်မြှောက်စားခံရတာတွေ ရှိမယ်။ မေတ္တာရေးလည်း သာယာအေးချမ်းမယ်။ ကျန်းမာရေး ချူချာသူဆိုရင်တော့ ဒီလမှာ သေချာ ဂရုစိုက်သင့်တယ်။

(၈ ၊ ၁၇ ၊ ၂၆ တွင် မွေးဖွားသူများ) – သင်တန်းကိစ္စ၊ ပညာရေးကိစ္စတွေ ကံကောင်းမယ်။ အပေါင်းအသင်းတွေ မိတ်ဆွေတွေနဲ့ ပျော်စရာအချိန်တွေ ဖြတ်သန်းရတတ်တယ်။ မမျှော်လင့်တဲ့ ခရီးတွေလည်း ထွက်ရတတ်တယ်။ ခရီးကံလည်း ကောင်းမယ်။ အဘက်ဘက်က ကူညီပံ့ပိုးမှုတွေ ရမယ်။ ဝင်ငွေတိုးမယ်။ မေတ္တာရေး အညံ့ရှိမယ်။

(၉ ၊ ၁၈ ၊ ၂၇ တွင် မွေးဖွားသူများ) –  ကြိုးစားအားထုတ်မှုနဲ့အတူ အခက်အခဲတွေ ပြေလည်ပြီး အောင်မြင်မှုပါ ဒွန်တွဲ ရရှိမယ်။ မနားမနေ ကြိုးစားရာကနေ ရလဒ်ကောင်းတွေ မြင်ရမယ်။ အကူအညီကောင်းတွေပါ ရရှိမယ်။ အင်တာဗျူးကိစ္စတွေ အောင်မြင်မယ်။ အခြေအနေအဆိုးတွေကို ပြန်ထိန်းနိုင်မယ်။ မေတ္တာရေး စိတ်ညစ်ရမယ်။

မွေးရက်ဂဏန်းအားလုံး ဘေးကင်းကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)