ဂဏန်းဗေဒင်ဟောကိန်း (စက်တင်ဘာ ၊ ၂၀၂၀)

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ရက်တွင် မွေးဖွားသူများ)  – ဒီလမှာ ကိုယ့်ရဲ့ လုပ်ရည်ကိုင်ရည်တွေ တိုးတက်လာလိမ့်မယ်။ မမျှော်လင့်တဲ့ အောင်မြင်မှုတွေလည်း ရလာနိုင်တယ်။ ကုန်သွယ် စီးပွားရေးသမားတွေ အကျိုးအမြတ် များမယ်။ မိတ်သစ်ဆွေသစ်တွေ ကြုံရမယ်။ အကူအညီတွေ ရမယ်။ မျက်စိ၊ အရိုးဆိုင်ရာ ဝေဒနာတွေ ခံစားရတတ်တယ်။ တခါတလေ ဒေါသထွက်စရာတွေ ဖြစ်မယ်။ ကျန်းမာရေး သိပ်မကောင်းဘူးဆို ကြိုတင် ဂရုစိုက်ဖို့ လိုမယ်။

(၂၊ ၁၁ ၊ ၂၀  ၊ ၂၉ ရက်တွင် မွေးဖွားသူများ) – အရင်လတွေက ကြိုးစားထားတာလေးတွေ ဒီလထဲ ရုပ်လုံးပေါ် လာဖို့ ရှိတယ်။ စိတ်အားထက်သန်စွာနဲ့ ကြိုးစားချင်စိတ်တွေ ပြင်းပြလာမယ်။ မိသားစုရဲ့ အကူအညီ ရလာပြီး ပြဿနာဟောင်းတွေလည်း ပြေလည်သွားလိမ့်မယ်။ အလုပ် ရှာနေသူတွေ အလုပ်ရမယ်။ တချို့ကိစ္စတွေမှာ စိတ်ရှုပ်စရာတွေ သိပ်များလိမ့်မယ်။ ဘာမဟုတ်တာလေးနဲ့ စိတ်အပင်ပန်းမခံဖို့ သတိပြုရမယ်။(ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃၊ ၁၂ ၊ ၂၁ ၊ ၃၀ ရက်တွင် မွေးဖွားသူများ) – ကိုယ်စွမ်းကိုယ်စ ဥာဏ်ရည်ဥာဏ်သွေးကို အသုံးချ အောင်မြင်မှု ရမယ့်ကာလ ဖြစ်တယ်။ အတတ်ပညာရဲ့ အကျိုးကျေးဇူးကို ခံစားရမယ်။ အလုပ်တွေလည်း လက်စသတ်နိုင်ပြီး အောင်မြင်မှု ရလိမ့်မယ်။ အလုပ်သစ်၊ နယ်ပယ်သစ် ခြေစမ်းလိုသူတွေ ဒီလမှာ ကြိုးစားကြည့်သင့်တယ်။ နေရာ ဌာန အပြောင်းအလဲကောင်း ဖြစ်လာနိုင်တယ်။ နှလုံးသားရေး အဆင်မပြေသူတွေ အေးချမ်းမှု ပြန်ရလာမယ်။

(၄၊ ၁၃ ၊ ၂၂ ၊ ၃၁ ရက်တွင် မွေးဖွားသူများ) – ငွေကြေးအရ စိတ်ချမ်းသာကျေနပ်မှု ရမယ့်လ ဖြစ်တယ်။ အလုပ် စီးပွား အတော်များများ အဆင်ပြေအောင်မြင်လိမ့်မယ်။ အများနဲ့မတူတဲ့ စိတ်ကူးအိုင်ဒီယာတွေကို လုပ်ကြည့်ရင် ထူးခြားသွားနိုင်တယ်။ ကျန်းမာရေးမှာတော့ လဝက်ပိုင်းကစလို့ ဂရုစိုက်ရမယ်။ ကျန်းမာရေး ချူချာလို့ ဖြစ်ချင်၊ လုပ်ချင်တာတွေ မလုပ်ရဘဲ ရပ်သွားတတ်တယ်။ ကျန်းမာရေး ကောင်းနေရင်တော့ အားလုံး အိုကေပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၅၊ ၁၄၊ ၂၃ ရက်တွင် မွေးဖွားသူများ) – အကောင်းအဆိုး သိပ်မထင်ရှားတဲ့ ကာလ ဖြစ်မယ်။ ပုံမှန်အတိုင်းလေး ဖြတ်သန်းရဖို့ များတယ်။ ဘယ်ကိစ္စမှာမဆို တွေဝေစဉ်းစားတာတွေ သိပ်များလို့ ရသင့်တာတွေနဲ့ လွဲရလိမ့်မယ်။ လူငယ်တွေဆိုရင်တော့ ဒီလနှလုံးသားရေးက တစ်လလုံး သာယာချမ်းမြေ့မှုတွေ ပြည့်နေမယ်။ ပြဿနာတွေ ပြေလည်သွားမယ်။ ခရီးကိစ္စတွေ ပေါ်လာရင်တော့ ဒီလက သိပ်မကောင်းဘူး။ သတိထား သွားလာသင့်တယ်။

(၆ ၊ ၁၅ ၊၂၄ ရက်တွင် မွေးဖွားသူများ) – နေ့တိုင်း လုပ်နေကျ အလုပ်တွေမှာတောင် ကြံဖန် ခက်ခဲလာတာမျိုး ကြုံရလိမ့်မယ်။ အမှားအယွင်းတွေ များမယ်။ ဒါပေမယ့် သူတပါးရဲ့ အကူအညီနဲ့ ကိစ္စအတော်များများ ပြေလည် ပြီးမြောက်မယ်။ နှလုံးသားရေး၊ အိမ်ထောင်ရေး အေးချမ်းမှု ရှိပေမယ့် မိသားစုထဲမှာ အမြင်မတူ ကွဲလွဲတာတွေ ဖြစ်လာနိုင်တယ်။ ဒီလထဲမှာ မတော်တဆ ထိခိုက်မှု ဖြစ်တတ်တယ်။ အသွားအလာ အပြုအမူကို သတိထားပါ။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၇၊ ၁၆ ၊ ၂၅ ရက်တွင် မွေးဖွားသူများ) – အလကားနေရင်း စိတ်တို စိတ်ရှုပ် ဖြစ်နေတတ်တယ်။ အလိုမကျစရာ များမယ်။ အလုပ်ဖြစ်စေ မိသားစုထဲမှာ ဖြစ်စေ အများနဲ့ တစ်ယောက် ကန့်လန့်တိုက်သလို ဖြစ်နေမယ်။ ကွဲလွဲ ဆန့်ကျင်မှုတွေ များတတ်တယ်။ ချစ်သူ၊ စုံတွဲတွေမှာလည်း တစ်ယောက်နဲ့တစ်ယောက်ကြား အပြစ်မြင်လွယ်ပြီး တကျက်ကျက် ဖြစ်နေမယ်။ တတ်နိုင်သမျှ အငြင်းပွားရန်ဖြစ်စရာတွေကို ရှောင်ပါ။ ပြဿနာဖြစ်ရင် မကောင်းပါ။

(၈ ၊ ၁၇ ၊ ၂၆ ရက်တွင် မွေးဖွားသူများ) – ကိုယ့်အတွက် အရေးမကြီးတဲ့ကိစ္စတွေမှာ နှောင်ဖွဲ့ရစ်ပတ်နေတတ်ပြီး အကျိုးမရှိတာတွေနဲ့ အချိန်ကုန်မိတတ်တယ်။ သူများကိစ္စ ဝင်ပါတာ၊ ကြားဝင်တာမျိုးတွေ မလုပ်ပါနဲ့။ လုပ်မိရင် ကိုယ့်ကိုပါ ဒုက္ခပေးလိမ့်မယ်။ ဒီလထဲမှာ ဖြစ်နိုင်သမျှ သူတပါးနဲ့ အငြင်းမပွား၊ စကားမများအောင် သတိထားပါ။ ကိုယ့်အလုပ်လေးပဲ အာရုံထားလုပ်ရင် အောင်မြင်အဆင်ပြေလိမ့်မယ်။ ကျန်းမာရေး အားနည်းလာနိုင်တယ်။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၉ ၊ ၁၈ ၊ ၂၇ ရက်တွင် မွေးဖွားသူများ) – အလုပ်တွေ အများကြီးကို ကိုင်တွယ်ဖြေရှင်းရမယ်။ ဘယ်လောက်ပဲ အလုပ်များများ ကိုယ်လုပ်လိုက်ရင် ပြီးသွားလိမ့်မယ်။ အလုပ်တွေလည်း ပိုများလာနိုင်တယ်။ ဒီလထဲ ဈေးကစား လောင်းကစားတွေ ရှောင်ကျဉ်ရမယ်။ မိသားစု၊ အိမ်တွင်းရေး ပြဿနာတွေ ရှိခဲ့ရင် ဒီလထဲမှာ အကျေအလည် ဖြေရှင်းနိုင်မယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ ပြဿနာအသစ်တွေ ပေါ်လာမယ်။ လေနာဝမ်းနာ ဂရုစိုက်ပါ။

မွေးရက်ဂဏန်းအားလုံး ကံကောင်း အဆင်ပြေကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)