ဂဏန်းဗေဒင်ဟောကိန်း (ဒီဇင်ဘာ၊ ၂၀၂၀)

အင်္ဂလိပ်လို မွေးဖွားတဲ့ရက်အလိုက် ဒီလအတွက် ဂဏန်းဗေဒင်ဟောကိန်းကို တင်ပေးလိုက်ပါတယ်။ ယေဘုယျ ဆန်ပေမယ့် တချို့အတွက် အကျိုးရှိ ထိရောက်နိုင်တာကြောင့် အလေးထားမှတ်သားပေးပါခင်ဗျား… ။

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ တွင် မွေးဖွားသူများ) – နောက်ဆုံးပိတ် အိတ်နဲ့ ဝင်ဆိုသလို နောက်ဆုံးလ ဒီဇင်ဘာမှာ ကံကောင်းအောင်မြင်မှုတွေ မြင်တွေ့ရပါလိမ့်မယ်။ အကူအညီ ပံ့ပိုးမှုတွေကိုလည်း ရလာပါမယ်။ နှလုံးသားရေး အိမ်ထောင်ရေးမှာ မာန်နတွေလျှော့နိုင်လေ စိတ်ချမ်းသာလေ ဖြစ်မယ်။ လလယ်ပိုင်းက စပြီး ပိုကောင်းမယ်။

(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ တွင် မွေးဖွားသူများ) – အလုပ်၊ အကြံအစည်သစ်တွေ ရလာမယ်။ နည်းနည်း ကြိုးစားရုံနဲ့ များများ အောင်မြင်ဖို့ ရှိတယ်။ နှလုံးသားရေးရာကိစ္စတွေ လွှမ်းမိုးလာမယ်။ အချင်းချင်း နားလည်မှု ပိုရလာမယ်။ မိသားစုဘဝ အေးချမ်းလိမ့်မယ်။ ဒါပေမယ့် ကျန်းမာရေးတော့ ဂရုစိုက်ရမယ်။ ကူးစက်ရောဂါ သတိပြုရမယ်။

(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ တွင် မွေးဖွားသူများ) – လုပ်နိုင်ကိုင်နိုင်စွမ်းတွေ မြင့်မားလာမယ်။ ကိုယ်စွမ်းကိုယ်စတွေ ပိုကောင်းလာမယ်။ ဆုံးဖြတ်ချက်တွေ မှန်ကန်ပြီး အကျိုးအမြတ်တွေ ရလိမ့်မယ်။ လဆန်းပိုင်းမှာ အချစ်ရေး ကံဇာတာ အားနည်းမယ်။ သံသယတွေ ဖြစ်လိမ့်မယ်။ ဒါပေမယ့် ခဏတာ အညံ့သာ ဖြစ်ပြီး ပြန်ပြေလည်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ တွင် မွေးဖွားသူများ) – အလုပ်တွေ ပိုများလာနိုင်တယ်။ အလုပ်တာဝန်တွေ ကြီးလာပေမဲ့ ကိုင်တွယ်ဖြေရှင်းနိုင်မယ်။ ဒါပေမဲ့ ဟိုးအရင်လတွေက ပြဿနာဟောင်းတွေက ဒီလမှာ ပြန်ပေါ်လာလိမ့်မယ်။ အနှောင့်အယှက်လည်း ပေးလိမ့်မယ်။ ဒါပေမယ့် လနှောင်းပိုင်းမှာ အားလုံး ပြေလည်ပြီး အောင်မြင်မှု ရမယ်။

(၅ ၊ ၁၄ ၊ ၂၃ တွင် မွေးဖွားသူများ) – အဆင်ပြေလိုက်၊ မပြေလိုက်နဲ့ ရုန်းကန် လှုပ်ရှားရမယ့်ကာလ ဖြစ်တယ်။ လဆန်းတည်းက စိတ်ညစ်စရာတွေ ပေါ်လာနိုင်တယ်။ ဒါပေမယ့် အခက်အခဲတွေကို ဖြေရှင်းနိုင်တာနဲ့အတူ အောင်မြင်မှုလည်း ဒွန်တွဲပါလာမယ်။ နေရာထိုင်ခင်းကိစ္စ အာရုံနောက်ရမယ်။ စိတ်ဖိစီးမှုတွေ များလိမ့်မယ်။

(၆ ၊ ၁၅ ၊ ၂၄ တွင် မွေးဖွားသူများ) – အံ့အားသင့်စရာ ပျော်ရွှင်မှုတွေ ရလာနိုင်တယ်။ မိသားစုနဲ့ အချစ်ရေးမှာ စိတ်ချမ်းသာစရာတွေ ဖြစ်လာမယ်။ စိတ်ကူးအတွေးကောင်းတွေကြောင့် အောင်မြင်မှုလည်း ရလာနိုင်တယ်။ လက်ထပ်ရေး၊ မင်္ဂလာကိစ္စတွေ အထမြောက်မယ်။ အရင်လက အခက်အခဲတွေလည်း အဆင်ပြေသွားမယ်။

(၇ ၊ ၁၆ ၊ ၂၅ တွင် မွေးဖွားသူများ) – ဒီလက စိတ်အနှောင့်အယှက်ဖြစ်စရာတွေ သိပ်များလိမ့်မယ်။ စိတ်ထဲ မကြည်လင်တာတွေ များပြီး နေ့စဉ်ဘဝနဲ့ အလုပ်မှာပါ ထိခိုက်လာနိုင်တယ်။ အနားကလူတွေနဲ့ အငြင်းပွားပြီး အခြေအတင်တွေ ဖြစ်ရတတ်တယ်။ ခံစားချက်တွေ၊ ဖြစ်ချင်တာတွေထက် ဖြစ်သင့်တာကို ဦးစားပေးရမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၈ ၊ ၁၇ ၊ ၂၆ တွင် မွေးဖွားသူများ) – ကံဇာတာ တက်မယ့်လ ဖြစ်တယ်။ အလုပ်ကိစ္စ၊ မိသားစုရေးရာမကဘဲ မေတ္တာရေးမှာပါ ကိုယ့်စိတ်တိုင်းကျတွေ ဖြစ်လာနိုင်တယ်။ ပြဿနာဟောင်းတွေ ရှင်းသွားပြီး အခွင့်အလမ်း အသစ်တွေ ပေါ်လာလိမ့်မယ်။ အကူအညီတွေ ရလာမယ်။ ကိုယ့်အရည်အချင်းကောင်းတွေ ပြန်သုံးနိုင်မယ်။

(၉ ၊ ၁၈ ၊ ၂၇ တွင် မွေးဖွားသူများ) – လဆန်းရက်တည်းက ပေါက်ကွဲချင်စရာတွေ၊ ဒေါသထွက်ချင်စရာတွေ ပြည့်နှက်နေတတ်တယ်။ ကိုယ့်စိတ်ကို ထိန်းနိုင်ပါမှ အဆင်ပြေမယ်။ ဘယ်သူနဲ့မှ အဆင်မပြေဘဲ ဖြစ်နေမယ်။ တစ်လလုံး ဘာကိုမှ အလိုမကျဘဲ စိတ်ထဲ မကျေမနပ်တွေ ဖြစ်မယ်။ စိတ်လျှော့ထားနိုင်မှ နေသာလိမ့်မယ်။

မွေးရက်ဂဏန်းအားလုံး ကံကောင်းပျော်ရွှင်အောင်မြင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)