ဂဏန်းဗေဒင် လစဉ်ဟောကိန်း (ဇူလိုင် ၊ ၂၀၂၁)

အင်္ဂလိပ်လို မွေးဖွားတဲ့ရက်အလိုက် ဒီလအတွက် ဂဏန်းဗေဒင်ဟောကိန်းကို တင်ပြပေးလိုက်ပါတယ်။ အားလုံး အသုံးတည့် အကျိုးရှိစေဖို့ မျှော်လင့်ပါတယ်။

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ တွင် မွေးဖွားသူများ) – အလုပ်ကိစ္စ၊ စီးပွားရေးပိုင်းမှာ ကံကောင်းအဆင်ပြေမှုတွေ ကြုံမယ်။ ကိုယ့်ရဲ့ လုပ်ကိုင်နိုင်စွမ်းကလည်း အမြင့်ဆုံး ဖြစ်လာမယ်။ အလုပ်မှာ အခွင့်ကောင်းတွေ၊ ချီးကျူးခံရတာတွေ ရှိလာနိုင်ပေမဲ့ နမောနမဲ့လုပ်မိရင်တော့ အထိနာဖို့ များတယ်။ မိသားစုအသိုင်းအဝိုင်းဆီက ကူညီပံ့ပိုးမှုတွေကို ရရှိလာမယ်။ လကုန်ပိုင်းမှာ ကျန်းမာရေး ညံ့တတ်တယ်။ ယာဉ်၊ ကား၊ စက်ကိရိယာပိုင်းကို သတိထားရမယ်။

(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ တွင် မွေးဖွားသူများ)  – ဒီလမှာ အလုပ်စီးပွားကံတွေ ကောင်းမယ်။ ကိုယ့်အစွမ်းအစတွေကို ထုတ်သုံးနိုင်သလောက် အကျိုးရှိမယ်။ စပ်တူအကျိုးတူကိစ္စတွေ ပေါ်လာမယ်။ လက်တွဲလုပ်လို့ ကောင်းတယ်။ ရပ်ထားတဲ့ကိစ္စတွေ ပြန်စနိုင်မယ်။ အပြိုင်အဆိုင်တွေကိုတော့ ရှောင်ရမယ်။ လုပ်ငန်းကနေ အမြတ်အစွန်းတွေ ဝင်လာနိုင်တယ်။ မေတ္တာရေး အဆင်မပြေဘဲ ပြဿာနာ မျာမယ်။ ဆတ်ဆတ်ထိမခံတာမျိုးကို သည်းခံရမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃ ၊ ၁၂ ၊ ၂၁ ၊ ၃၀ တွင် မွေးဖွားသူများ) –  လုပ်ငန်းခွင် အဆင်မပြေမှုတွေ ရှိခဲ့ရင် ဒီလမှာ ပြေလည်မှု ရရှိမယ်။ အလုပ်တွေလည်း အဆင်ပြေလွယ်ကူလာမယ်။ အနားကလူတွေဆီက အကူအညီ ရမယ်။ အကြံအစည်သစ်နဲ့ အစီအစဉ်သစ်တွေ စတင်လို့ ကောင်းမယ်။ ဝင်ငွေရလမ်းသစ် ပေါ်လာနိုင်တယ်။ ငွေကြေးအခက်အခဲတွေက လွတ်မြောက်မယ်။ အငြင်းပွားရန်များတာတွေ ရှောင်ပါ။ အစားမှား၊ ဝမ်းပျက်ပြီး ကျန်းမာရေး ညံ့တတ်တယ်။

(၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ တွင် မွေးဖွားသူများ) –  လဆန်းပိုင်းမှာ အခွင့်အလမ်းကောင်းတွေ ပေါ်ပေါက်လာနိုင်တယ်။ ဒီလမှာ လောကီစီးပွားထက် ဘာသာတရားဘက် အာရုံလှည့်ဖြစ်နေမယ်။ စိတ်ထဲ အေးချမ်းမှုကို ပိုရှာချင်မယ်။ အလုပ်ကံတော့ ကောင်းမယ်။ အနာဂတ်အစီအစဉ်တွေ ချဖြစ်လိမ့်မယ်။ မပြေလည်တာတွေကို ရှင်းလင်းနိုင်ပြီး ငွေကြေးစီးပွားကံလေးလည်း ပွင့်လာလိမ့်မယ်။ ဒါပေမယ့် စွန့်စားရတဲ့ကိစ္စတွေကိုတော့ ဒီလမှာ ရှောင်ရမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၅ ၊ ၁၄ ၊ ၂၃ တွင် မွေးဖွားသူများ) – အတွေးသစ်အကြံသစ်တွေ ရရှိတတ်တယ်။ အရင်က မလုပ်ဖူးမကြုံဖူးတာ လုပ်ဖြစ်ကိုင်ဖြစ်မယ်။ အကူအညီပံ့ပိုးမှုတွေလည်း ရလာနိုင်တယ်။ အဆက်အသွယ်ကောင်းတွေနဲ့ ချိတ်မိမယ်။ ကျပ်နေတဲ့အလုပ်တွေ ချောင်ချိသက်သာမှု ပြန်ရမယ်။ အရာရာကို အမှုအမှတ်မဲ့ မနေဘဲ မျက်စိဖွင့်နားစွင့်ခဲ့ရင် ထူးခြားမှုတွေ ကြုံရလိမ့်မယ်။ မိသားစုရေး၊ နှလုံးသားရေး သာယာမှု ရမယ်။ ကျန်းမာရေးတော့ ညံ့တတ်တယ်။

(၆ ၊ ၁၅ ၊ ၂၄ တွင် မွေးဖွားသူများ)  – စိတ်ထဲမှာ စိုးရိမ်ကြောင့်ကျမှုတွေ များနေမယ်။ အကြောင်းရင်းရယ်လို့ကို မရှိဘဲ စိတ်ထဲ တအုံတနွေးနွေး ဖြစ်နေတတ်တယ်။ အလုပ်စီးပွားကိစ္စတွေမှာ ရမ်းသန်း မလုပ်သင့်ဘဲ နားလည် တတ်ကျွမ်းကျင်သူနဲ့တိုင်ပင်ရမယ်။ တိုင်ပင်ပြီးလုပ်ရင် အညံ့သက်သာမယ်။ အောင်မြင်မယ်။ မျှော်လင့်မထားတဲ့ အခွင့်အရေးတွေလည်း ရတတ်တယ်။ မိသားစု၊ အိမ်တွင်းကနေ အကြံဥာဏ်နဲ့ အကူအညီတွေ ရလာလိမ့်မယ်။

(၇ ၊ ၁၆ ၊ ၂၅ တွင် မွေးဖွားသူများ) – ဒီလမှာ တက်ကြွပျော်ရွှင်စရာတွေ များမယ်။ လုပ်ငန်းစီးပွားရေးတွေလည်း အောင်မြင်အဆင်ပြေလာဖို့ ရှိတယ်။ အကြံအစည်သစ်တွေ စတင်ရင် ကောင်းတယ်။ ငွေကြေးအကျိုးအမြတ်ပါ အားကောင်းနိုင်တယ်။ မိသားစုထဲမှာလည်း စိတ်ချမ်းသာစရာတွေ ကြုံတွေ့ရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေး ကံဇာတာ ကောင်းမွန်လာမယ်။ ပြဿနာတွေ အေးချမ်းသွားမယ်။ လကုန်ပိုင်းမှာ ကျန်းမာရေး ညံ့တတ်တယ်။

(၈ ၊ ၁၇ ၊ ၂၆ တွင် မွေးဖွားသူများ) – စိတ်ဆိုးဒေါသထွက်စရာတွေ မကြာခဏ ကြုံရမယ်။ အလုပ်ကိစ္စတွေမှာ အမှားအယွင်း ဖြစ်လွယ်တတ်လို့ သတိထား လုပ်ရမယ်။ အနှောင့်အယှက်တွေလည်း များလာနိုင်လို့ ကိုယ်က ကြိုပြင်ထားရမယ်။ အငြင်းအခုံတွေ၊ ပဋိပက္ခတွေကို ရှောင်သင့်တယ်။ ဝင်ပါမိရင် ပြဿနာ ပိုကြီးသွားနိုင်တယ်။ ငွေကြေးကိစ္စမှာ အလိမ်အညာနဲ့ တိုးတတ်တယ်။ အိမ်တွင်းရေး အဆင်ပြေမယ့် တခြားစိတ်ဖိစီးမှုတွေ များမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၉ ၊ ၁၈ ၊ ၂၇ တွင် မွေးဖွားသူများ) –  ဆုလာဘ်တွေ ၊ ရသင့်ရထိုက်တာတွေ ဝင်လာမယ့် ကာလမျိုး ဖြစ်တယ်။ ကိုယ့်ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်လာပြီး အလုပ်မှာလည်း အကူအညီကောင်းတွေ ရရှိမယ်။ မိတ်ဆွေသစ် တိုးပွားလာနိုင်သလို ကိုယ့်ကို ကူညီဖေးမသူလည်း များမယ်။ ဝင်ငွေတစ်ခုမက ပေါ်လာမယ်။ အရေးကြီးသူတွေ နဲ့ ဆုံဆည်းရတတ်တယ်။ မိသားစုအရေးလည်း ပြေလည်မှု ရမယ်။ ကြွေးမြီဟောင်းတွေ ရှင်းလင်းသွားနိုင်မယ်။

မွေးရက်ဂဏန်းအားလုံး ဘေးကင်းကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)