ဂန္ဓာရုံပညတ် အမည်ရှင်များအတွက်

မြန်မာလူမျိုးတွေ အများအပြား မှည့်ခေါ်လေ့ရှိတဲ့ အမည်တစ်မျိုးကတော့  “သင်း  “ဆိုတဲ့ ပညတ် တစ်ခု ဖြစ်ပါတယ်။ ပမာအားဖြင့် သင်းရနံ့ ၊ သင်းသင်းဆွေ၊ သင်းပျံ့နွေး၊ ကြူကြူသင်း စသည်ဖြင့် သင်းနဲ့ အစပြု မှည့်ခေါ်လေ့ ရှိကြတာကို တွေ့ရှိရပါတယ်။

ကျွန်တော် ပြောချင်တာကတော့  သင်းနဲ့ အစပြု မှည့်ခေါ်ထားတဲ့ အမည်ရှင်တွေဟာ အင်မတန်မှပဲ အနေအထိုင် ပိရိ စေ့စပ်ရပါတယ်။ သီလ စောင့်ထိမ်းမှု လျော့ရဲလို့ လုံးဝ အတိမ်းအစောင်း မခံတဲ့ အမည်မျိုးတွေပါ။  သင်း ဟာ ဂန္ဓာရုံဆိုင်ရာ ပညတ်တစ်မျိုး ဖြစ်ပါတယ်။ ရနံ့နဲ့ ဆိုင်တဲ့ ပညတ်ပီပီ အနေအထိုင် မှားလိုက်တာနဲ့ မကောင်းတဲ့ ရနံ့ (တနည်းအားဖြင့်)  အပုပ်နံ့ ထွက်လွယ်တဲ့ ပညတ် ဖြစ်နေပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

မကောင်းတဲ့ အမည်မျိုးတော့ဖြင့် မဟုတ်ပါ။ ကောင်းတဲ့ ပညတ် ကောင်းတဲ့ အမည်မျိုးသာ ဖြစ်ပါတယ်။ သို့သော် လျှပ်စီးလက်နေမယ့် မိန်းကလေးမျိုးတွေ၊ မိမိကိုယ်မိမိ တန်ဖိုးမထားဘဲ ထင်သလိုနေမိမယ့် မိန်းကလေးမျိုးတွေ၊ မိဘလူကြီး အုပ်ထိမ်းမှု လျော့ရဲစေမယ့် မိန်းကလေးမျိုးတွေ၊ သန္ဓေဆိုးနဲ့ မွေးဖွားလာတဲ့ မိန်းကလေးမျိုးတွေ အတွက်တော့ သင်း ဆိုတဲ့ ပညတ်မှည့်မိခဲ့ရင် မျိုးကောင်း ရိုးကောင်းထဲမှာ ပေါက်ဖွားလာသည့်တိုင်အောင် သူတစ်ပါး နှာခေါင်း ရှုံ့ခံရတဲ့ အဖြစ်မျိုးနဲ့ ဘ၀ကို ရှင်သန်ဖြတ်သန်း ရပါလိမ့်မယ်။

 

သာမန် မိန်းကလေးမျိုးတွေမှာတောင် သင်းနဲ့ မှည့်ခေါ်ထားမိသူများ အဖို့ တစ်ခါတစ်ရံမှာ သွားပုပ် လေလွင့် အပြောခံရမှုတွေ များပြားလာတာမျိုး မကြာခဏ ကြုံလာရတာ သတိပြုမိကြပါလိမ့်မယ်။  အဓိက တိုက်တွန်း လိုတာက  သည်ပညတ်မျိုး အမည်မျိုးနဲ့ မှည့်ထားမိပြီဆိုရင် သီလကို သူတစ်ပါးထက် လုံအောင် ထိန်းနိုင်ကြဖို့နဲ့ ရနံ့နဲ့ ဆိုင်သော ကုသိုလ်အဝဝကို လုပ်နိုင်သလောက် လုပ်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

အဲ…ကိုယ်ကျင့်သီလကလည်း ကောင်း ၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ကလည်း နေတတ်မယ် ဆိုရင်တော့ ဒီနာမည်ရှင်မျိုးတွေဟာ အင်မတန် ဂုဏ်သတင်း ကြီးလွယ်ကြသလို ၊ ထင်ရှားကျော်ကြားသော သူမျိုးတွေ အဖြစ် ဘဝရပ်တည်ခွင့် ရရှိနိုင်ကြပါလိမ့်မယ်။ အဲဒီ့လိုပါပဲ သင်း ဆိုတဲ့ ပညတ်အပြင် ၊ မွှေး၊ နံ့သာ၊ ကြူ၊ ကြိုင်၊ ပညတ်တွေဟာလည်း ဂန္ဓာရုံပညတ်တွေ ဖြစ်တဲ့အတွက် အလားတူ မှတ်ယူထိန်းသိမ်းစေလိုပါတယ်။

(ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ) အထက်ပါကဲ့သို့သော အမည်ရှင်များ အားလုံးအဖို့ အဆုတ် နဲ့ လေရှုပြွန်စနစ်ပိုင်းဆိုင်ရာ ရောဂါ ဥပဒ်များလည်း ကျရောက် လွယ်သလို လေထုမှတစ်ဆင့် ကူးစက်နိုင်သော ရောဂါဘယတို့လည်း ရလွယ် ကူးလွယ်တာကို သတိချပ်မိဖို့ လိုအပ်ပါတယ်။

လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)