စန်းပွင့်၊ စန်းတက်လိုသူများအတွက်

စန်းအားကောင်းချင်သူ များလှ။ ဒါပေမယ့် စန်းအားကောင်းအောင်ဖြင့် မနေတတ်ကြသူများလှပါတယ်။ စန်းအားကောင်းချင်ရင်…. သန့်နိုင်သမျှ သန့်အောင်နေရပါသဗျ။ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိရပါတယ်။ မိမိ နေထိုင်ရာ ကို သန့်ရှင်းမှု ရှိရပါတယ်။ အိပ်ယာကထပြီး ခြင်ထောင် မသိမ်း စောင်မခေါက် …ဘိုသီဘတ်သီသမားတွေ ..စန်းအားနည်းပါသဗျား။

အထူးသဖြင့် အိမ်ရှေ့မျက်နှာစာကို သန့်သန့်ရှင်းရှင်း ဖြစ်အောင် အရင်သန့်ရှင်းရပါတယ်။ (ဒါမှ..ကောင်းသော လာဘ်ကို ခေါ်နိုင်သော စန်းအား ကြွပါတယ်။) အိမ်ရှင်မများလည်း …အိမ်နောက်ဖေး မီးဖိုချောင်ကို ..သူ့ဟာလေးနဲ့သူ…သပ်သပ်ရပ်ရပ်ထားသင့်ပါတယ်။ ဒါမှလည်း… ဆန်ဆီဆေးဆား.. .ပြည့်စုံစေသော စန်းအား တက်ပါမယ်။

အိမ်သာ ၊ အမှိုက်ပုံး စသည်တို့ကို သန့်သန့်ရှင်းရှင်း ထားခြင်းဖြင့် ….မလိုအပ်ဘဲရှုပ်ထွေးစေ သော ကံမျိုးတွေကို .ပယ်ရှားစေနိုင်သော စန်းအားကို ရစေပါတယ်။ ဖိနပ်စင်၊ ခြေနင်း၊ လှေခါးထစ် စသည်တို့ကို သေချာစွာ သန့်ရှင်းထားခြင်းဟာ အိမ်ရှိ….တူ..တူမများ နဲ့ အလုပ်သမား ငယ်သားတို့နဲ့ ပတ်သက်သော ..မကောင်းသောကံတို့ကို…ပယ်ရှားနိုင်သည့် စန်းအားကို ဖြစ်စေပါတယ်။

ဘုရားစင် ၊ အိမ်ခေါင် ၊ မျက်နှာကျက်  စသည့် အမြင့်ပိုင်းတို့ကို သန့်ရှင်းထားခြင်းသည်…. အထက်လူကြီးနျောက်ယှက်မှု ကင်းခြင်း၊ နေအိမ်ရှိ အမိအဘ သက်ကြီးရွယ်အိုများနှင့် ပတ်သက်ပြီး ကံဆိုးစေမှုတို့ကို …တားဆီးပေးနိုင်ခြင်း …ဖြစ်စေသော …စန်းအားကို ရရှိစေပါတယ်။

စန်း…..စန်းဆိုသည်မှာ…ကောင်းကင်ယံက ငွေသော်တာ ဖိုးလမင်းကြီးကို ခေါ်ဝေါ်ခြင်းပဲ ဖြစ်ပါတယ်။ စန်းအားကောင်းလိုသူများသည် …လပြည့်နေ့တိုင်း…ကုသိုလ်အမှုတို့ကို ..အထူးထူးစွာ ဖြင့် ပိုမို ပြုကျင့်နိုင်ကြရပါသည်ခင်ဗျား။ .. စန်းအားကောင်း၍….လူ၊ နတ် ၊ ဗြဟ္မာ …သတ္တ၀ါတို့ ချစ်ခင်နှစ်သက်ခြင်း ရှိကြသည်…အကျိုးစီးပွား ဖြစ်ထွန်းကြသည်….ဖြစ်ကြပါစေသတည်း။

လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)