စာမေးပွဲဖြေဆိုသူများအတွက် အောင်ကြောင်းဖြာ ယတြာ

တက္ကသိုလ်ဝင်စာမေးပွဲကြီး နီးကပ်လာသည်နှင့်အမျှ တက္ကသိုလ်အသီးသီးတွင်လည်း နှစ်ဝက်စာမေးပွဲကြီးတွေ နီးကပ်လာပါပြီ။ ကံ ဥာဏ်ဝီရိယ သုံးပါးနှင့် ယှဉ်ပြီး ဖြေဆိုရမည့် စာမေးပွဲကြီးများအတွက် စာမေးပွဲ ဖြေဆိုစဉ် ကာလအတွင်း အနှောင့်အယှက် ကင်းစေဖို့ ၊ စာကြည့်သောအခါ ၀ီရိယစိုက်ထုတ်မှု မလျော့ကျစေဖို့နှင့် ဥာဏ်ပညာ ကွန့်မြူးပြီး ပညာကံ ပွင့်လန်းစေဖို့ မြန်မာ့ရိုးရာ အင်္ဂ၀ိဇ္ဇာဗေဒင် ပညာ၏ အာစရိယ၀ါဒပညာခန်းလာ ယတြာအစီရင်ကောင်း တစ်ခုကို ကျောင်းသူကျောင်းသား၊ ညီငယ်ညီမငယ်များ အတွက် ဖော်ပြပေးလိုက်ပါသည်။

(၁) တနင်္ဂနွေ နေ့ဖွား၊ တနင်္ဂနွေနာမည်နှင့် အစပြုသူများအတွက် – တနင်္ဂနွေနေ့ နံနက်၉နာရီမှ ၁၀နာရီခွဲအတွင်း ဘုရားစေတီ၏ တနင်္ဂနွေထောင့်တွင် အုန်း(၆)ညွန့်နှင့် တံခွန်အနီ (၁)လက် လှူဒါန်းပြီး ပညာရေးအတွက် နှစ်နှစ်ကာကာဆုတောင်းပါ။ ထို့နောက် အချိန်အနည်းငယ် ကြာသော အခါတွင် မြတ်စွာဘုရားထံမှ “အဆောင်အဖြစ် ပေးသနားတော်မူပါဘုရား” ဟု ခွင့်တောင်းပြောပြီး တစ်ညွန့်ကို ကျားဆိုပါက ညာလက်သူကြွယ်အပေါ်ဆစ် တစ်ဆစ်၊ မ ဆိုပါက ဘယ်လက်သူကြွယ် အပေါ်ဆစ် တစ်ဆစ် အဆောင်ပြုထားရပါမည်။ စာမေးပွဲဖြေဆိုသောအခါ အဆိုပါအညွှန့်ကို ယူဆောင်သွားခြင်းဖြင့် အောင်မြင်ခြင်း အဆင်ပြေခြင်း ရှိပါမည်

(၂) တနင်္လာနေ့ဖွား၊ တနင်္လာနာမည်နှင့် အစပြုသူများအတွက် – တနင်္လာနေ့ နံနက်၉နာရီမှ ၁၀နာရီခွဲအတွင်း ဘုရားစေတီ၏ တနင်္လာထောင့်တွင် ကံကော်(၁၅)ညွန့်နှင့် တံခွန်အနီ (၂) လက် လှူဒါန်းပြီး ပညာရေးအတွက် နှစ်နှစ်ကာကာ ဆုတောင်းပါ။ ထို့နောက် အချိန်အနည်းငယ် ကြာသောအခါတွင် မြတ်စွာဘုရားထံမှ “အဆောင်အဖြစ်ပေးသနားတော်မူပါဘုရား” ဟု လျှောက်ထား ပန်ကြားပြီး တစ်ညွန့်ကို ကျားဆိုပါက ညာလက်သန်းအပေါ်ဆစ် တစ်ဆစ်၊ မ ဆိုပါက ဘယ်လက်သန်း အပေါ်ဆစ် တစ်ဆစ် အဆောင်ပြုထားရပါမည်။ စာမေးပွဲ ဖြေဆိုသောအခါ အဆိုပါအညွှန့်ကို ယူဆောင်သွားခြင်းဖြင့် အောင်မြင်ခြင်း အဆင်ပြေခြင်း ရှိပါမည်။

(၃) အင်္ဂါနေ့ဖွား၊ အင်္ဂါနာမည်နှင့် အစပြုသူများအတွက် – အင်္ဂါနေ့နံနက် ၉နာရီမှ ၁၀နာရီခွဲအတွင်း ဘုရားစေတီ၏ အင်္ဂါထောင့်တွင် ဇီး(၈) ညွန့်နှင့် တံခွန်အနီ (၃)လက် လှူဒါန်းပြီး စာမေးပွဲအတွက် ဆုတောင်းဆန္ဒပြုပါ။ ထို့နောက် အချိန်အနည်းငယ် ကြာသော အခါတွင် မြတ်စွာဘုရားထံမှ “အဆောင်အဖြစ် ပေးသနားတော်မူပါဘုရား” ဟု လျှောက်ထားပြီး တစ်ညွန့်ကို ကျား ဆိုပါက ညာလက်ညိုးအပေါ်ဆစ်တစ်ဆစ်၊ မ ဆိုပါက ဘယ်လက်ညိုးအပေါ်ဆစ်တစ်ဆစ် အဆောင် ပြုထားရပါမည်။ စာမေးပွဲ ဖြေဆိုသောအခါ ယူဆောင်သွားခြင်းဖြင့် အောင်မြင်ခြင်း အဆင်ပြေခြင်း ရှိပါမည်။

(၄) ဗုဒ္ဓဟူးနေ့ဖွား၊ ဗုဒ္ဓဟူးနာမည်နှင့် အစပြုသူများအတွက် – ဗုဒ္ဓဟူးနေ့ နံနက်၉နာရီမှ ၁၀နာရီခွဲအတွင်း ဘုရားစေတီ၏ ဗုဒ္ဓဟူးထောင့်တွင် ရွက်လှ(၁၇) ညွန့်နှင့် တံခွန်အနီ (၄)လက် လှူဒါန်းပြီး စာမေးပွဲအတွက် ဆုတောင်းဆန္ဒပြုပါ။ ထို့နောက် အချိန်အနည်းငယ် ကြာသောအခါတွင် မြတ်စွာဘုရားထံမှ “အဆောင်အဖြစ်ပေးသနားတော်မူပါဘုရား” ဟလျှောက်ထားပြီး တစ်ညွန့်ကို ကျားဆိုပါက ညာလက်သန်းအပေါ်ဆစ်တစ်ဆစ်၊ မ ဆိုပါက ဘယ်လက်သန်းအပေါ်ဆစ်တစ်ဆစ် အဆောင် ပြုထားရပါမည်။ စာမေးပွဲ ဖြေဆိုသောအခါ ယူဆောင်သွားခြင်းဖြင့် အောင်မြင်ခြင်း အဆင်ပြေခြင်း ရှိပါမည်။

(၅) ကြာသပတေးနေ့ဖွား၊ ကြာသပတေးနာမည်နှင့် အစပြုသူများအတွက် – ကြာသပတေးနေ့ နံနက် ၉နာရီမှ ၁၀နာရီခွဲအတွင်း ဘုရားစေတီ၏ ကြာသပတေးထောင့်တွင် မေမြို့ (၁၉)ညွန့်နှင့် တံခွန်အနီ (၅)လက်လှူဒါန်းပြီး စာမေးပွဲအတွက် ဆုတောင်းဆန္ဒပြုပါ။ ထို့နောက် အချိန်အနည်းငယ် ကြာသောအခါတွင် မြတ်စွာဘုရားထံမှ “အဆောင်အဖြစ်ပေးသနားတော်မူပါဘုရား” ဟု လျှောက်ထားပြီး တစ်ညွန့်ကို ကျား ဆိုပါက ညာလက်ညိုးအပေါ်ဆစ်တစ်ဆစ်၊ မ ဆိုပါက ဘယ်လက်ညိုး အပေါ်ဆစ် တစ်ဆစ် အဆောင်ပြုထားရပါမည်။ စာမေးပွဲ ဖြေဆိုသောအခါ ယူဆောင်သွားခြင်းဖြင့် အောင်မြင်ခြင်း အဆင်ပြေခြင်း ရှိပါမည်။

(၆) သောကြာနေ့ဖွား၊ သောကြာနာမည်နှင့် အစပြုသူများအတွက် – သောကြာနေ့ နံနက် ၉နာရီမှ ၁၀နာရီခွဲအတွင်း ဘုရားစေတီ၏ သောကြာထောင့်တွင် သီဟိုဠ်(၂၁) ညွန့်နှင့် တံခွန်အနီ (၆)လက် လှူဒါန်းပြီး စာမေးပွဲအတွက် ဆုတောင်းဆန္ဒပြုပါ။ ထို့နောက် အချိန်အနည်းငယ် ကြာသောအခါတွင် မြတ်စွာဘုရားထံမှ “အဆောင်အဖြစ် ပေးသနားတော်မူပါဘုရား” ဟု လျှောက်ထားပြီး တစ်ညွန့်ကို ကျားဆိုပါက ညာလက်မအပေါ်ဆစ်တစ်ဆစ်၊ မဆိုပါက ဘယ်လက်မအပေါ်ဆစ်တစ်ဆစ် အဆောင်ပြုထားရပါမည်။ စာမေးပွဲ ဖြေဆိုသောအခါ ယူဆောင်သွားခြင်းဖြင့် အောင်မြင်ခြင်း အဆင်ပြေခြင်း ရှိပါမည်။

(၇) စနေနေ့ဖွား၊ စနေနာမည်နှင့်အစပြုသူများအတွက် – စနေနေ့ နံနက်၉နာရီမှ ၁၀နာရီခွဲအတွင်း ဘုရားစေတီ၏ စနေထောင့်တွင် ဒန်း(၁၀)ညွန့်နှင့် တံခွန်အနီ (၇)လက် လှူဒါန်းပြီး စာမေးပွဲအတွက် ဆုတောင်းဆန္ဒပြုပါ။ ထို့နောက် အချိန်အနည်းငယ် ကြာသော အခါတွင် မြတ်စွာဘုရားထံမှ “အဆောင်အဖြစ် ပေးသနားတော်မူပါဘုရား” ဟလျှောက်ထားပြီး တစ်ညွန့်ကို ကျားဆိုပါက ညာလက်ခလယ် အပေါ်ဆစ်တစ်ဆစ်၊ မဆိုပါကဘယ်လက်ခလယ်အပေါ်ဆစ်တစ်ဆစ် အဆောင်ပြု ထားရပါမည်။ စာမေးပွဲ ဖြေဆိုသောအခါ ယူဆောင်သွားခြင်းဖြင့် အောင်မြင်ခြင်း အဆင်ပြေခြင်း ရှိပါမည်။

(မှတ်ချက် – ၀ီရိယစိုက်ထုတ်မှု မရှိသော သူများ ထိုက်တန်သော ကြိုးစားမှုအနည်းငယ်မျှ မရှိသောသူများ အတွက် ယတြာလုပ်ကာမျှဖြင့် စာမေးပွဲအောင်မြင်ရန် မဖြစ်နိုင်ကြောင်း ကြိုတင်သိစေအပ်ပါသည်။ ဥာဏ် ၀ီရိယ စိုက်ထုတ်သူများအတွက် ကံတည်းဟူသော အကြောင်းကံ အထောက်ပံ့ကြောင့် အောင်မြင်ပါလိမ့်မည်။ အရာရာတွင် ကံ ဥာဏ် ၀ီရိယ သုံးပါး စိုက်ထုတ်မှသာ အောင်မြင်မည် ဖြစ်ပါသည်။)

ကျောင်းသား၊ ကျောင်းသူများ အောင်မြင်မှုအပေါင်းခညောင်းပါစေ

ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာ ဆန်းကျမ်းဗေဒင်နှင့် ကေပီ ရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)