စိတ်စွမ်းအားကြီးမားသော အမည်ရှင်များ

လူတိုင်းအတွက် စိတ်က အဓိကကျပါတယ်။ သို့သော် နာမည်ရဲ့ နောက်ဆုံးမှာ ( နာမည်အဖျားစာလုံး နေရာမှာ) တနင်္ဂနွေနံ အ၊ဥ ဖြင့် မှည့်ခေါ်ထားတဲ့ နာမည်ရှင်တွေရဲ့ စိတ်အင်အားက ပိုကြီးမားပါတယ်။

ဥပမာအားဖြင့် နာမည်တစ်ခုရဲ့ နောက်ဆုံးအဖျားစာလုံးမှာ အောင် ၊ အေး ၊ ဦး စသည်ဖြင့် မှည့်ထားတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်အင်အား ကြီးမားသူတွေပါပဲ။ (ဝင်းအောင်၊ နိုင်အောင်၊ လင်းဦး၊ လှအေး…)

ဒီအမည်ရှင်တွေဟာ စိတ်ဓာတ် ကျမသွားဖို့ သိပ်အရေးကြီးပါတယ်။ စိတ်ဆောင်မှ အောင်မယ့် သူတွေ ဖြစ်ပြီး စိတ်ဓာတ်ကျလိုက်တာနဲ့ ဘဝမှာ အားလုံး ဖရိုဖရဲ ဖြစ်သွားစေတဲ့အထိ ပြိုလဲသွားနိုင်သူတွေပါ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

မိမိတို့ဟာ အခြားအမည်ရှင်များထက် စိတ်ပေါ် မူတည်တဲ့ ဘဝရပ်တည်ခြင်းမျိုး တည်ဆောက်ရမယ့် သူတွေ ဆိုတာကိုလည်း သတိပြုသင့်ပါတယ်။ စိတ်ကြီးတယ် ၊ အစွဲကြီးတယ်၊ ကိုယ်ထင်ရာကိုယ်အမှန် စသည်ဖြင့် ယုံကြည်ချက် ကြီးမားတတ်သော သဘာဝကို ဒီအမည်ရှင်တွေမှာ ထင်ရှားစွာ တွေ့ရတတ်ပါတယ်။ စိတ်ကို မထားသိုတတ်သော ဒီအမည်ရှင်အချို့ဟာ လူသတ်မိသည်အထိ စိတ်လွတ်သွားတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဆိုတော့ ဒီအမည်ရှင်တွေသည် စွမ်းအားကြီးသော အမည်ရှင်တွေလို့ ဆိုနိုင်ပါတယ်။ ဖျက်ဆီးမလား ၊ တည်ဆောက်မလား၊ အပြုသဘောဘက်ကို စိတ်ကို ဦးတည်မလား၊ ယုံကြည်ချက် ထားမလား သို့မဟုတ် ဖျက်ဆီးမလား ၊ အပျက်သဘောဘက်ကို စိတ်ကို ဦးတည်မလား ဆိုတာကို မိမိတို့ ကိုယ်တိုင် ရွေးချယ်ရပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒီအမည်ရှင်တွေရဲ့ အထူးခြားဆုံးထူးခြားချက်က ဖြစ်တော့မှာပဲ လို့ ထင်မြင်ယုံကြည်လာရင် ဖြစ်လာတတ်ပြီး ပျက်တော့မှာပဲလို့ ထင်မြင်ယုံကြည်မှု စွဲကပ်လာရင်လည်း အမှန်တကယ် ပျက်ဆီးကိန်း ဆိုက်ရောက်လာတတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ကလေးကို ကောင်းသည့်ဘက်ကို ပိုမိုဦးတည်ထားဖို့ ဒီအမည်ရှင်တွေဟာ အလိုအပ်ဆုံးပါပဲ။

အားလုံးပဲ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)