စူပါကြင်ဖော် (သို့မဟုတ်) စစ်နတ်ဘုရားမလေးတွေအကြောင်း

တကယ်လို့များ သင့်ရဲ့ ချစ်သူရည်းစား ကောင်မလေးဟာ၊ ဒါမှမဟုတ် ဇနီးမယား ကြင်သူသက်ထားရဲ့ နာမည် အဖျားစာလုံးဟာ စ၊ ဆ၊ ဇ၊ ဈ၊ ည နဲ့ မှည့်ခေါ်ထားမယ်ဆိုရင် ဥပမာအားဖြင့် ( လင်းလက်ရွှေစင်၊ မိုးလဲ့ဆွေ၊ စိုးမြတ်စု၊ ဝေေ၀ဇင်၊ ခင်မာညွန့် စသည် ……၊ ) သင်ဟာ အောက်ပါအချက်တွေနဲ့ ပြည့်စုံနေရပါလိမ့်မယ်။

အစဉ်သဖြင့် နိုးနိုးကြားကြား နေတတ်ခြင်း၊ စူပါ့စူပါ စွမ်းရည်တို့ဖြင့် ထက်ထက်မြက်မြက် နေတတ်ခြင်း၊ ခေါင်းငြိမ့်လွယ်ခြင်း၊ ပြောသမျှ သဘောတူ..တစ်ထပ်တည်း ကျပေးခြင်း၊ အပြိုင်အဆိုင်စိတ်ဖြင့် ချစ်သူ သဘောကျ ပြိုင်ပြတတ်ခြင်း …..(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အချိန်ကို လေးစားပြခြင်း၊ ချစ်သူ ခိုင်းစေရာကို မဆုတ်မဆိုင်း မြန်စွာချက်ချင်း အကောင်အထည်ဖော်ပေးခြင်း၊ တိုးတက်ရေး အမြင်ဖြင့် ..(ဟုတ်ဟုတ် မဟုတ်ဟုတ်..) ဆွေးနွေးညှိနှိုင်းတတ်ခြင်း၊ သာတူညီမျှ ..၀ါဒဖြင့် တက်ကြွလုံ့လရှိကြောင်း ပြသနိုင်ခြင်း ၊ ခေတ်အမြင် ခေတ်ရေစီးကြောင်းနှင့် ထပ်တူလိုက်နိုင်ခြင်း၊ ပုံမကျ ပန်းမကျ …ဂိုက်ဆိုက်…မကျ ၊ မသေမသပ် နေခြင်းမျိုးမှ ..ထာဝရ ရှောင်ကျဉ်ခြင်း စသည်တို့နဲ့ ပြည့်စုံညီညွတ်သင့်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

နာမည်အဖျားစာလုံးမှာ အင်္ဂါနံနဲ့ အဆုံးသတ်ထားတဲ့ မိန်းကလေးတွေဟာ စုံစမ်းထောက်လှမ်းတတ်ပြီး စူးစမ်းမှုလည်း အားကောင်းတတ်တဲ့အတွက် မဟုတ်မဟတ် တစ်စုံတစ်ရကိုမျှ မလုပ်မိသည်ကသာလျှင်…၊ သင်တို့အတွက် အနာဂတ် အေးချမ်းအံ့။ (ဖုံးစရာရှိ….ပိပိရိရိ ဖုံးဖိထားမှသာလျှင် နောင်အရေး စိတ်အေးရအံ့)

အထက်ပါ အရည်အသွေးအချက်အလက်တွေနဲ့ မပြည်စုံဘူးဆိုရင်တော့ ဆယ်ပေါင်တူနဲ့ နားထင်ကို အချက်ပေါင်းများစွာ အထုခံရသလို မတိုးတက်ရကောင်းလား…၊ စံချိန်စံညွှန်း မမီရကောင်းလား ဆိုပြီး ဒေါသူပုန်ထ၊ တဂျိဂျိ ..ငြူစူခံရခြင်း ၊ ဖိအားပေးခံရခြင်းများကို မုချမသွေ ကြုံရပါလိမ့်မယ်။

အဲဒီလို နာမည်အဖျားစာလုံး အင်္ဂါနံနဲ့ ဆုံးတဲ့ ကောင်မလေးတွေနဲ့ ပတ်သက်မိပြီဟေ့ ဆိုရင် အသင် လူစွမ်းကောင်းတို့သည် အချစ်စမ်းမှု အမျိုးမျိုးကို မငြီးမငြူ..ကြည်ဖြူစွာ ခံနိုင်စွမ်းရှိကြပြီးလျှင် ခေါင်းငြိမ့်ခြင်း အတတ်ကို .တစ်ဖက်ကမ်းခပ် တတ်မြောက်ရန် လိုအပ်သည်ဖြစ်ကြောင်း တင်ကြိုနလုံးသွင်းထားသင့်ရာ၏။

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)