စနေဂြိုဟ်စီးဂြိုဟ်မြင်နဲ့ ရာသီခွင်ဗေဒင်ဟောကိန်း

အနောက်တိုင်းသာယနနက္ခတ်ဗေဒင်အရ ကောဇာပါပဂြိုဟ် စနေဟာ ကုမ်ရာသီထဲမှာ ဇွန်လ ၅ ရက်နေ့ကနေ အောက်တိုဘာ ၂၃ အထိ အသွားမမှန်ဘဲ (ဝကြ) သဘောနဲ့ နောက်ပြန်လှည့်နေပါတယ်။

တကယ်တော့ ဘယ်ဂြိုဟ်မှ ပြင်ပလက်တွေ့မှာ နောက်ပြန်သွားတာ မဟုတ်ဘဲ ကမ္ဘာကနေ မြင်တဲ့ ရှုထောင့်အရ နောက်ပြန် လှည့်တာမျိုးကိုသာ မြင်တွေ့ရတာပါ။ ဒါပေမယ့် ဗေဒင်သဘောအရဆိုရင် ဂြိုဟ်တွေ နောက်ပြန် (ဝကြ) သွားတဲ့အခါ ကောင်းကျိုးဆိုးပြစ်တွေလည်း ဖြစ်ပေါ်တတ်တာကြောင့် စနေဂြိုဟ်နောက်ပြန်လှည့်ချိန်ကာလ ဇွန် ၅ ရက်နဲ့ အောက်တိုဘာ ၂၃ အတွင်း ၁၂ ရာသီဖွားတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာနိုင်သလဲဆိုတာကို ဟောကိန်းထုတ်ပေးလိုက်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – မရေမရာ ဖြစ်နေတဲ့အလုပ်တွေ တည်ငြိမ်မှု ရလာမယ်။ အလုပ်နေရာ ပြောင်းချင်သူတွေ ဆန္ဒ ပြည့်ဝမယ်။ လုပ်သာကိုင်သာ ပိုရှိလာမယ်။ ငွေကြေးအကျိုးအမြတ် တိုးပွားရရှိမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – အလုပ်စီးပွားနဲ့ပတ်သက်လို့ သတင်းကောင်း ကြားရမယ်။ အောင်မြင်မှု ရရှိလာမယ်။ စပ်တူအလုပ်တော့ သတိထားရမယ်။ မေတ္တာရေးမှာလည်း စိတ်သောကလေးတွေ ဖြစ်လိမ့်မယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – ကျန်းမာရေးသတိထားရမယ်။ ရောဂါ၊ဝေဒနာဟောင်းတွေ ပြန်ပေါ်မယ်။ ညီအစ်ကိုမောင်နှမတွေကြား ပြဿနာ များမယ်။ ခရီးနီးခရီးဝေးတွေ သွားလာရင် အဆင်မပြေ ဖြစ်တတ်တယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – မတော်တဆမှုတွေ ဖြစ်တတ်သလို ကျန်းမာရေးလည်း ခါတိုင်းထက် ချူချာတတ်တယ်။ ဒါပေမယ့် မေတ္တာရေးနဲ့လူမှုဘဝမှာ အဆင်မပြေမှုတွေ ညှိယူနိုင်မယ်။ ပြည်ပခရီးကံ ရှိတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – ချစ်သူရည်းစား၊ အိမ်ထောင်ဖက်တွေကြား နားလည်မှု လွဲပြီးတော့ ပြဿနာတွေ မကြာခဏ ဖြစ်လာနိုင်တယ်။ လုပ်ငန်းမှာလည်း အတိုက်အခိုက်၊ အပြိုင်အဆိုင်တွေ များလာမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – ဝမ်းဗိုက်၊အစာအိမ်ပိုင်း ဂရုစိုက်ရမယ်။ အစားမှားတတ်တယ်။ လုပ်ငန်းဆောင်တာတွေ ရှေ့မတိုးဘဲ ခက်ခဲလာနိုင်တယ်။ ကိုယ့်အပေါ် ရန်လိုတိုက်ခိုက်သူတွေ ပေါ်လာမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – ချစ်သူစုံတွဲတွေချင်း မကြာခဏ အခြေအတင် ဖြစ်မယ်။ မိသားစုထဲမှာလည်း ပဋိပက္ခလေးတွေ ရှိလာတတ်တယ်။ အိုးအိမ်မြေယာကိစ္စတွေအတွက် စိတ်ညစ်ရလိမ့်မယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – ကြိုးစားထားတဲ့လုပ်ငန်းတွေ အောင်မြင်မှု ရတတ်တယ်။ မမျှော်လင့်တဲ့အကျိုးအမြတ်တွေ ရရှိမယ်။ ဒါပေမယ့် မိသားစုထဲမှာ အချင်းများစရာတွေ မကြာခဏ ရှိနိုင်တယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – အထင်မှားခံရတာ၊ နားလည်မှု လွဲတာတွေ ဖြစ်မယ်။ ဖုန်းနဲ့ဖြစ်စေ စကားပြောရာမှာဖြစ်စေ သတိထားပြောရမယ်။ ခရီးကိစ္စတွေလည်း အစီအစဉ်တွေ ပျက်ပြီး လွဲချော်တတ်တယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – မိသားစုထဲမှာ ကတောက်ကဆ များမယ်။ ငွေပေးငွေယူတွေ သတိပြု ဆောင်ရွက်ရမယ်။ ထိန်းသုံးရတာတွေ ဖြစ်လာမယ်။ ကျန်းမာရေးအညံ့တွေတော့ သက်သာသွားမယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – လုပ်ငန်းစီးပွားအခွင့်အလမ်းတွေ ပေါ်လာမယ်။ အခြေအနေ တည်ငြိမ်မှု ရမယ်။ စိတ်ဖိစီးမှုတွေ၊လူပင်ပန်းရတာတွေတော့ များမယ်။ လက်တွဲဖော်ဆီက အကူအညီ ရမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – အကုန်အကျတွေ အရမ်းများလာတတ်တယ်။ ငွေဘယ်လောက်ပဲ ဝင်ဝင် ပြန်ထွက်ဖို့ချည်း ဖြစ်နေမယ်။ ရင်းနှီးမြှုပ်နှံတာတွေ ခဏရှောင်ပါ။ ကျန်းမာရေးကလည်း ညံ့တတ်တယ်။

ရာသီဖွားအားလုံး ကံကောင်းနိုင်ကြပါစေ  – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)