စနေဂြိုဟ်အိပ်နဲ့ နေ့နံအသီးသီးရဲ့ ကံဇာတာ

စနေဂြိုဟ်အိပ် စနေသက်ရောက် စသည်ဖြင့် စနေအသံ ကြားတာနဲ့ တော်တော်များများ ကြောက်ကြ လန့်ကြတတ်ပါတယ်။ ကြောက်မယ် ဆိုလည်း သိပ်တော့ အပြစ် မဆိုနိုင်ပါ။ သက်ရောက်ပညာခန်းကိုတော့ လုံးဝလွှတ်ထားတာဖြစ်လို့ ကျွန်တော် လေ့လာလိုက်စားခဲ့တဲ့ ဂြိုဟ်အိပ်နဲ့ ဒသာ ပညာခန်း နှစ်ခုထဲက ဂြိုဟ်အိပ်ပညာခန်းဖြင့်သာ နေ့နံအားလုံးကို ခြုံငုံပြီး အနည်းငယ် တင်ပြပေးပါ့မယ်။

တနင်္ဂနွေသားသမီးများသည် စနေဂြိုဟ်အိပ်ကို အသက် ၄၇ နှစ်သို့ စတင်ဝင်ရောက်ချိန်မှ ၅၆ နှစ်ကြားမှာ ဖြတ်သန်းရပါတယ်။ တနင်္လာနေ့ဖွားများကတော့ အသက် ၄၀ တင်းတင်းပြည့်ပြီးသွားချိန်မှ ၅၀ အတွင်း ဖြတ်သန်းကြရပါတယ်။

အင်္ဂါနေ့ဖွားတွေကတော့ သူတို့ထက် ပိုစောပြီး အသက် ၂၆ နှစ်သို့ စတင်ဝင်ရောက်ချိန်ကနေ အသက် ၃၅ နှစ်အတွင်း ဖြတ်သန်းကြရပါတယ်။ ဗုဒ္ဓဟူး/ရာဟုနေ့ဖွားတွေကတော့ နုစဉ်ကာလ ဖြစ်တဲ့ အသက် ၁၈ နှစ်သို့ စဝင်ရောက်ချိန်မှ ၂၇ နှစ်အတွင်း ကြုံတွေ့ဖြတ်သန်းကြရပါတယ်။

စနေနေ့ဖွားတွေကတော့ အစောဆုံးပါပဲခင်ဗျ။ မွေးစကနေ အသက် ၁၀ နှစ်အတွင်းဟာ စနေဂြိုဟ်အိပ်ဖြစ်ပြီး ဖြတ်သန်းကြရစမြဲ ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

သောကြာနေ့ဖွားတွေကတော့ အထူးနောက်ကျလှပြီး အသက်အားဖြင့် ၆၈ နှစ်သို့ စတင်ဝင်ရောက်ချိန်မှ ၇၇ နှစ်အတွင်း ကြုံတွေ့ဖြတ်သန်းကြရပါတယ်။ ကြာသပတေးနေ့ဖွားတွေအတွက်ကတော့ ဘ၀မှာ (ယခုခေတ် လူ့သက်တမ်း နဲ့ ဆိုရင် ကြုံဖို့တောင် မလွယ်အောင် အသက်အားဖြင့် ၉၉ နှစ်သို့ အ၀င်မှ ၁၀၈နှစ်အတွင်း ) သာ ကြုံကြိုက်ခွင့်ရှိကြပါလိမ့်မယ်။

ဒါကြောင့် စနေဂြိုဟ်အိပ် ဆိုတာကို အစောဆုံး ကြုံရမယ့် နေ့နံသည်  စနေနေ့ဖွားများ ဖြစ်ကြပြီး ဘ၀မှာ ကြုံကြိုက်ဖို့တောင် မလွယ်ကူတဲ့ နေ့နံကတော့ ကြာသာပတေးနေ့ဖွားများ ဖြစ်ကြပါတယ်။  စနေဂြိုဟ်အိပ်ကို ယေဘုယျအားဖြင့် သင်္ချာသဘောသက်သက် အောက်ပါအတိုင်း အဆိုးအကောင်း အင်အား ခွဲခြားနိုင်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဒီလောက်ဆိုရင် စနေဂြိုဟ်အိပ် ဆိုတာနဲ့ ဘယ်နေ့နံဖွားတွေအတွက် ပိုမို ခက်ခဲမှု များတတ်တယ် ဆိုတာကို ယေဘုယျအဆင့် သိရှိနိုင်ပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

အသေးစိတ်အဆင့်မှာတော့ နာမည်တွေအရလည်းကောင်း မူလမွေးမဟာဘုတ် ဇာတာများ အရလည်းကောင်း၊ ရုပ်ဆင်းအသွင် အရပ်အမောင်း စတာတွေသည်လည်းကောင်း ကံအင်အားအနိမ့်အမြင့်ကို ပြောင်းလဲသွားစေနိုင်တာကို အထူးသတိပြုရပါမယ်။ ဘာပဲဖြစ်ဖြစ် အခြေခံအဆင့်အားဖြင့် ဒီမျှ သိရှိထားပြီဆိုရင်ကို အကျိုးမမဲ့လှပါခင်ဗျာ။

 လေးစားစွာဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း (ဗေဒင်ပညာသုတေသီ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)