စနေဂြိုဟ် ဖောက်ပြန်ချိန်မှာ ဂရုစိုက်ရမယ့် ရာသီခွင်များ

အနောက်တိုင်းသာယနစနစ်အရဆိုရင် ကောဇာစနေဂြိုဟ်ဟာ ကုမ်ရာသီခွင်ထဲမှာ ဇွန်လ ၅ ရက်ကနေ အောက်တိုဘာ ၂၃ အထိ အသွားမမှန် နောက်ပြန်လှည့်နေပါတယ်။ စနေဂြိုဟ်သွား ဖောက်ပြန်ချိန်မှာ စနေဂြိုဟ်က ပေးတဲ့ ကောင်းကျိုးဆိုးကျိုးကို အများဆုံး ခံစားရမယ့် ရာသီခွင် (၄) ခု ရှိပါတယ်။ သူတို့ကတော့ ….

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈ အတွင်း မွေးဖွားသူများ)

နောက်ပြန်သွားတဲ့ စနေဂြိုဟ်ဟာ ကိုယ့်ရာသီခွင်တည့်တည့်မှာ ရပ်တည်နေတာ ဖြစ်လို့ စနေဂြိုဟ်သွား မမှန်ဘဲ နောက်ပြန်လှည့်ချိန်မှာ ကံတရားရဲ့ စီရင်မှုကို ခံစားရတတ်ပါတယ်။ ဥပမာ ကိုယ်က ကောင်းတာကို လုပ်မိခဲ့ရင် ကောင်းတာတွေ ပြန်ခံစားရတတ်ပြီး မကောင်းတာတွေ ကြံစည်အားထုတ်ခဲ့ရင်တော့ အပြစ်ဒဏ်တွေကို တဖန် ပြန်ခံစားရမယ့်ကာလ ဖြစ်ပါတယ်။ စနေဂြိုဟ်သွား မမှန်ချိန် (၅) လအတွင်းမှာ  စိတ်ရောလူပါ အပြောင်းအလဲ လုပ်မိတတ်ပြီး ကောင်းတဲ့ အပြောင်းအလဲ ဖြစ်ဖို့ကတော့ ကိုယ့်စိတ်ထားပေါ်မှာ မူတည်ပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်း မွေးဖွားသူများ)

အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းမှုနယ်ပယ်မှာ အဆင်မပြေမှုတွေ ဖြစ်လာတတ်ပြီး နောက်ကြောင်းကို ပြန်လှည့်ရမယ့် ၊ မတတ်သာလို့ ဆုတ်ခွာရမယ့် အခြေအနေမျိုးတွေ ကြုံရတတ်ပါတယ်။ အလုပ်ကိစ္စတွေရော မိသားစုဘဝမှာပါ သည်းခံရ၊ ချုပ်တည်းရတာတွေ များလာနိုင်ပါတယ်။ ကာလအတော်ကြာအောင် မျိုသိပ်ပြီး အောင့်အီးထားရတဲ့ကိစ္စတွေကြောင့် စိတ်ထဲမှာ မွန်းကြပ်ပင်ပန်းစရာတွေ ဖြစ်လာတတ်ပါတယ်။ ဒီ (၅) လ နီးပါးအတွင်းမှာ ကိုယ့်ရဲ့ အိုးအိမ်နေရာ၊ မိသားစုအရေးနဲ့ အလုပ်ကိစ္စတွေက လွှမ်းမိုးလာတတ်ပါတယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂ အတွင်း မွေးဖွားသူများ)

ကိုယ့်ရဲ့ မေတ္တာရေးကိစ္စနဲ့ ပတ်သက်လို့ ခံစားချက်တွေ၊ အတွေးအမြင်တွေ၊ အယူအဆတွေ ပြောင်းလဲလာပြီး ကိုယ့်နှလုံးသားကို ကိုယ့်ဖာသာ ပြန်ဆန်းစစ်ရမယ့်အချိန် ဖြစ်လာပါလိမ့်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အလိုမကျစရာတွေ၊ စိတ်ပျက်စရာတွေ ဖြစ်လာနိုင်သလို တချိန်တည်းမှာပဲ ခိုင်မြဲတဲ့ လက်တွဲဖော်နဲ့ ဆုံဆည်း ဖူးစာဖက်ခွင့်လည်း ရလာတတ်ပါတယ်။ လုပ်ငန်းစီးပွားရှင်တွေကတော့ ကိုယ့်ပါတနာ၊ ဆက်ဆံနေကျလူတွေ ဖောက်သည်တွေနဲ့ ပြန်ညှိနှိုင်းရတာ၊ အကြိတ်အနယ် ပြောရဆိုရတာတွေ ဖြစ်လာမယ့်ကာလပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀ အတွင်း မွေးဖွားသူများ)

ကိုယ့်ရဲ့ ဘဝရပ်တည်မှုနဲ့ ပတ်သက်လို့၊ ကိုယ့်အလုပ်အကိုင်နဲ့ ဆက်စပ်လို့ အပြောင်းအလဲတွေ ဖြစ်လာနိုင်ပြီး ကိုယ်လုပ်ချင်တဲ့ သွားချင်တဲ့ လမ်းကြောင်းကို ပြန်ချိန်ဆစရာလည်း ဖြစ်လာနိုင်ပါတယ်။ အလုပ်မှာ နည်းနည်းမှ ပေါ့ဆလို့ မရဘဲ အသေအကြေ ရေကုန်ရေခန်း ကြိုးစားရမယ့်ကာလကို ရောက်လာလို့ ပေါ့ပေါ့ဆဆများ နေမိ လုပ်မိရင် အမှားကြီး မှားသွားတတ်ပါတယ်။ အိမ်တွင်းရေးကိစ္စမှာလည်း စိတ်ပူပန်စရာတွေ ရှိလာနိုင်ပါတယ်။

စနေဂြိုဟ် နောက်ပြန်လှည့်ချိန်မှာ လိုက်လျောညီထွေ နေထိုင်နိုင်ပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)