ဆန်းကျမ်းဗေဒင်လာ ရတနာပုံနက္ခတ်နှစ်များ အပိုင်း (၂)

ဒီနည်းက ဆန်းနက္ခတ်ဆရာကြီးဦးကျော်လှိုင်ရဲ့ မူ ဖြစ်ပါတယ်။ ဆရာကြီးဟာ မူရင်းမူမှန်း ဆန်းကျမ်း အယူအဆကနေ ခွဲထွက်ပြီး တစ်မူထူးခြားတဲ့ အတွေးအခေါ်အယူအဆသစ်တွေကို တီထွင်ဖော်ထုတ်ခဲ့သူ ဖြစ်ပါတယ်။

မြန်မာ့နက္ခတ်ဗေဒင်ပညာရပ်ဖြစ်တဲ့ အာယုစန်းလာ တိုင်ဆယ်ပါးဟောကွက်တွေမှာ ရတနာပုံတိုင်နက္ခတ် ဆိုတာ ရှိပါတယ်။ထိုနည်းတူ လက်ဆန်းမှာလည်း ရတနာပုံဟောကွက်သစ်ကို ဆရာကြီးဦးကျော်လှိုင်က တီထွင်ခဲ့တယ်လို့ ယူဆရပါတယ်။ ဒီကိန်းဟာ ငွေကြေးကံကောင်းစေတဲ့ကိန်း (တနည်းအားဖြင့်) ရတနာပုံ ဆိုက်တဲ့ကိန်း ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ (၂) ကြွင်းဖွားတွေရဲ့ ရတနာပုံဆိုက်ကိန်းကို ပြပါမယ်။

(၂) ကြွင်းဖွားများနဲ့ ရတနာပုံနက္ခတ်ကိန်း

မိမိတို့ရဲ့ မြန်မာမွေးသက္ကရာဇ်ကို ၇ နဲ့ စားတဲ့အခါ ၂ ကြွင်းသမားများဟာ (၂) ကြွင်း မဟာဘုတ်ဖွားများ ဖြစ်ပါတယ်။ (၂) ကြွင်းဖွားများအဖို့ အသက် ၇၆ နှစ်ဟာ ပထမရတနာပုံ အသက်ပိုင်းဖြစ်ပါတယ်။ အခက်အခဲ မည်မျှတွေ့စေ ကူညီကယ်တင်မှုပေးပါမယ်။ အသက် ၄၃ နှစ်ဟာ ဒုတိယ ရတနာပုံကိန်းဖြစ်ပါတယ်။ အသက် ၁၇ နှစ်ဟာ တတိယရတနာပုံကိန်း ဖြစ်ပါတယ်။ အသက် ၅၄ နှစ်မှာ စတုတ္ထရတနာပုံကိန်း ဖြစ်ပါတယ်။ အားနည်းသော ရတနာပုံကိန်းနှစ် ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ထိုနည်းတူ (၂) ကြွင်းမဟာဘုတ်ဖွားများအနေနှင့်  အဆိုးဆုံး အသက်ပိုင်းဟာ အသက် ၂၂ နှစ် ဖြစ်ပါတယ်။ အခက်အခဲများခြင်း ၊ ကျန်းမာရေး ချူခြာလွယ်ခြင်း စတာတွေ ဖြစ်တတ်တယ်။ ပြီးတော့ အသက် ၆၅ နှစ်ဟာ ဒုတိယအဆိုးဆုံးနှစ်ဖြစ်ပါတယ်။ အသက် ၃၁ နှစ်ဟာ အညံ့နှစ် ဖြစ်ပါတယ်။ ကျန်တဲ့ အကြွင်းဖွားများအတွက် အပိုင်းလိုက် ဆက်လက် ဖော်ပြပေးပါမယ်။ ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)