ဆန်းမှာ လှူ၍ ဆုတ်မှာကြဲသည့် အစီအရင်

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များအတွက် ဒါနဆိုတဲ့ လှူဒါန်းခြင်းဟာ သံသရာကို သွားတဲ့လမ်းကြောင်းမှာ မရှိမဖြစ် လိုအပ်လှတဲ့ အကြောင်းတရားကုလိုလ်ထဲမှာ ပါဝင်နေပါတယ်။ လှူဒါန်းရာမှာလည်း စေတသိတ်မှာ သဒ္ဓါတရားဟာ အင်မတန် အရေးကြီးပါတယ်။

ဒါ့ကြောင့် နေ့စဉ် အာစိဏ္ဏကံ အလှူပြုနေသူတွေနဲ့ ရံဖန်ရံခါမှ လှူဒါန်းဖြစ်သူများအတွက် ရှေးခေတ်အခါက လောကီပညာရှင်ကြီးတွေ လမ်းညွှန်ပြသခဲ့တဲ့ “ဆန်းမှာ လှူ၍ ဆုတ်မှာကြဲ” ဆိုတဲ့ အစီအရင်တစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။

သဒ္ဓါတရားပြည့်စုံခြင်း ဆိုတဲ့စိတ်နဲ့ စနစ်တကျအစီအရင်ပြု လှူဒါန်းခြင်းဖြစ်တဲ့အတွက် အကျိုးပေးမြန်ဆန်ပြီး ချမ်းသာကြွယ်ဝမှုကို အထောက်အပံ့ပေးနိုင်ပါလိမ့်မယ်။ ဒီအစီအရင်ကတော့ “ဆန်းမှာ လှူ၍ ဆုတ်မှာကြဲ” ဆိုတဲ့ စကားပုံအတိုင်း လဆန်းလဆုတ်ရက် အလိုက် ကုသိုလ်ပြု လှူဒါန်းနည်းပဲ ဖြစ်ပါတယ်။

ဒီအစီအရင်နဲ့ အလှူဒါန လုပ်မယ်ဆိုရင် မြန်မာပြက္ခဒိန်မှာရှိတဲ့ လဆန်း ၁-ရက်နဲ့လဆုတ်(လပြည့်ကျော်) ၁ ရက်တွေက ဘယ်နေ့တွေနဲ့ တိုက်ဆိုင်နေသလဲ ဆိုတာ အရင် ကြည့်ရပါမယ်။ ဥပမာ လဆန်း ၁ ရက်နေ့က တနင်္လာနေ့ ဖြစ်မယ်ဆိုရင် အိမ်က ဘုရားမှာ ဖြစ်ဖြစ်၊ ရဟန်းသံဃာတော်ကိုပဲဖြစ်ဖြစ် ကိတ်မုန့်၊ ကော်ဖီ စတဲ့ အာဟာရ စားသောက်ဖွယ်ရာကို လှူဒါန်းပေးရပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

နောက်တစ်ခါ လဆုတ် ၁ ရက်နေ့က ဘာနေ့ကျသလဲ ထပ်ကြည့်ပါ။ ကြာသပတေးနေ့ ဖြစ်နေတယ်ဆိုရင် မျောက်စာ၊ မြင်းစာ ကျွေးတာမျိုး၊ ဒါမှမဟုတ် ငါးရာ၊ ငါးထောင် စသဖြင့် ကိုယ်တတ်နိုင်သလောက် ငွေကို နွမ်းပါးသူ၊ လိုအပ်သူကို ပြန်စွန့်ကြဲ ပေးကမ်းတာမျိုး လုပ်ရပါမယ်။

လဆန်း ၁ ရက်နေ့နှင့် တိုက်ဆိုင်သော နေ့အလိုက် လှူဒါန်းပေးရန် 

အထက်ပါအတိုင်း လဆန်း ၁ ရက်နေ့နဲ့ တိုက်ဆိုင်တဲ့ နေ့အလိုက် သက်ဆိုင်ရာ နေ့နံအစားအသောက်တွေကို ဘုရား ကပ်လှူခြင်း၊ ရဟန်းသံဃာများကို လှူဒါန်းခြင်း၊ ပတ်ဝန်းကျင်အား ဒါနပြုခြင်းဖြင့် လတစ်လရဲ့ အစမှာ ကောင်းမှုကုသိုလ်တွေကို ပြုလုပ်နိုင်ပါတယ်။

လဆုတ် (လပြည့်ကျော်) တစ်ရက်နှင့် တိုက်ဆိုင်သော နေ့အလိုက် ပေးကမ်းစွန့်ကြဲရန် 

ဒီတော့ “ဆန်းမှာ လှူ၍ ဆုတ်မှာကြဲ”ဆိုတဲ့ အစီအရင်အတိုင်း လတစ်လမှာ ၂ ရက် ရှိတဲ့ လဆန်း ၁ရက် နဲ့ လဆုတ် ၁ ရက်တိုင်းမှာ လိုချင်လောဘကို ရှေ့တန်း မတင်ဘဲ ဖြူစင်တဲ့သဒ္ဒါတရားနဲ့ ပုံမှန်အာစိဏ္ဏကံအဖြစ် စနစ်တကျ ကုသိုလ်ယူ လှူဒါန်းပေးကမ်းသွားမယ် ဆိုရင် ကိုယ့်ရဲ့ ငွေကြေးစီးပွားဆိုင်ရာ လိုအင်ဆန္ဒတွေလည်း လစဉ်လတိုင်း ပြည့်စုံလာပါလိမ့်မယ်လို့ ဆိုပါရစေခင်ဗျား..။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဗေဒင်နှင့် KP ရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)