တခ်ိန္တည္း တၿပိဳင္တည္းမွာ အလုပ္မ်ဳိးစံု လုပ္ႏိုင္တဲ့ ရာသီခြင္မ်ား

ဒီဘက္ေခတ္မွာ အာရံုမ်ားစရာေတြ စုျပံဳလာတဲ့အတြက္ အလုပ္မ်ဳိးစံုကို တၿပိဳင္တည္း ေကာင္းေကာင္း စီမံႏိုင္တဲ့ အရည္အခ်င္းကလည္း လိုအပ္လာပါတယ္။ အမ်ားစုက တခ်ိန္တည္းမွာ အလုပ္ေပါင္းစံုကို တၿပိဳင္တည္း လုပ္ဖို႔ ခက္ေပမဲ့ တခ်ိဳ႕လူေတြကေတာ့

တၿပိဳင္နက္တည္းမွာ တခ်ိန္တည္းမွာ မတူညီတဲ့ အလုပ္ေတြကို လုပ္ျပႏိုင္ပါတယ္။ အနည္းဆံုး အလုပ္ ၃ ၊ ၄ ခု ကို လက္ထဲမွာ ကိုင္ထားၿပီး မညည္းညဴစတမ္း လုပ္ႏိုင္တဲ့ ရာသီခြင္ေတြကေတာ့ …

မိန္ရာသီဖြား

ငါးႏွစ္ေကာင္႐ုပ္ပံုနဲ႔ ရာသီခြင္ ျဖစ္ၿပီး ေဒြးဒဟရာသီထဲမွာလည္း ပါ၀င္ေနလို႔ မိန္ရာသီဖြားေတြဟာ မတူညီတဲ့ အလုပ္ေတြကို တခ်ိန္တည္းမွာ ၿပီးစီးေအာင္ျမင္ေအာင္ လုပ္သြားႏိုင္ၾကပါတယ္။ အရည္အခ်င္းေကာင္းေတြ ရွိၾကၿပီး ရွိတဲ့စြမ္းရည္ကိုလည္း အထိေရာက္ဆံုး သံုးတတ္သူေတြ ျဖစ္ပါတယ္။ ၿပီးေတာ့..

သိဟ္ရာသီဖြား

ဆရာႀကီးရာသီဖြားေတြ ျဖစ္လို႔ သူမ်ားထက္ ထူးၿပီး အလုပ္မ်ားေနတာကို သေဘာက်ၾကပါတယ္။ သူတို႔ေတြ လက္ထဲမွာ အလုပ္တစ္ခုမက ရွိေနတတ္ၾကၿပီး သူတို႔ စိတ္အာရံုကို တည္ၿငိမ္ေအာင္ ထိန္းေက်ာင္းထားႏိုင္ဖို႔ အလုပ္ေတြ မ်ားေနတာ၊ အလုပ္မ်ဳိးစံု လုပ္ေနရတာကို သေဘာေခြ႕တတ္ၾကပါတယ္။

ကရကဋ္ရာသီဖြား

အလုပ္မ်ဳိးစုံကို တစ္ခုၿပီးတစ္ခု စိတ္ႏွစ္ လုပ္တတ္ၾကသလို အလုပ္တာ၀န္ေတြအမ်ားႀကီးကိုလည္း ကိုင္တြယ္ လုပ္ကိုင္ႏိုင္ၾကသူေတြပါ။ စိတ္ပါလက္ပါ ရွိေနၿပီဆိုရင္ အလုပ္တစ္ခုကို ခဏတာအတြင္း အျပတ္ျဖတ္ႏိုင္သလို အခ်ိန္တိုတိုေလးနဲ႔လည္း အလုပ္ေတြ တပံုႀကီးကို အလြယ္တကူ လုပ္သြားႏိုင္ပါတယ္။

ၿဗိစာၦရာသီဖြား

ဇြဲလုံ႔လေရာ သႏၷ႒ာန္ပါ ခိုင္မာသူေတြ ျဖစ္လို႔ ဘယ္ေလာက္ အလုပ္မ်ားမ်ား ၿပီးေအာင္ လုပ္သြားႏိုင္ၾကပါတယ္။ အလုပ္မ်ားေလ ဇြဲေကာင္းေလ ျဖစ္ၿပီး အလုပ္တိုင္းကိုလည္း ခပ္သြက္သြက္နဲ႔ မွန္မွန္ကန္ကန္ လုပ္ႏိုင္ၾကသူမ်ဳိး ျဖစ္ပါတယ္။ စိတ္ကူးေကာင္းေတြကို လက္ေတြ႕လုပ္သြားႏိုင္တဲ့စြမ္းရည္ ရွိၾကပါတယ္။ ဧက (ေဗဒင္သုတ)

Unicode

ဒီဘက်ခေတ်မှာ အာရုံများစရာတွေ စုပြုံလာတဲ့အတွက် အလုပ်မျိုးစုံကို တပြိုင်တည်း ကောင်းကောင်း စီမံနိုင်တဲ့ အရည်အချင်းကလည်း လိုအပ်လာပါတယ်။ အများစုက တချိန်တည်းမှာ အလုပ်ပေါင်းစုံကို တပြိုင်တည်း လုပ်ဖို့ ခက်ပေမဲ့ တချို့လူတွေကတော့

တပြိုင်နက်တည်းမှာ တချိန်တည်းမှာ မတူညီတဲ့ အလုပ်တွေကို လုပ်ပြနိုင်ပါတယ်။ အနည်းဆုံး အလုပ် ၃ ၊ ၄ ခု ကို လက်ထဲမှာ ကိုင်ထားပြီး မညည်းညူစတမ်း လုပ်နိုင်တဲ့ ရာသီခွင်တွေကတော့ …

မိန်ရာသီဖွား

ငါးနှစ်ကောင်ရုပ်ပုံနဲ့ ရာသီခွင် ဖြစ်ပြီး ဒွေးဒဟရာသီထဲမှာလည်း ပါဝင်နေလို့ မိန်ရာသီဖွားတွေဟာ မတူညီတဲ့ အလုပ်တွေကို တချိန်တည်းမှာ ပြီးစီးအောင်မြင်အောင် လုပ်သွားနိုင်ကြပါတယ်။ အရည်အချင်းကောင်းတွေ ရှိကြပြီး ရှိတဲ့စွမ်းရည်ကိုလည်း အထိရောက်ဆုံး သုံးတတ်သူတွေ ဖြစ်ပါတယ်။ ပြီးတော့..

သိဟ်ရာသီဖွား

ဆရာကြီးရာသီဖွားတွေ ဖြစ်လို့ သူများထက် ထူးပြီး အလုပ်များနေတာကို သဘောကျကြပါတယ်။ သူတို့တွေ လက်ထဲမှာ အလုပ်တစ်ခုမက ရှိနေတတ်ကြပြီး သူတို့ စိတ်အာရုံကို တည်ငြိမ်အောင် ထိန်းကျောင်းထားနိုင်ဖို့ အလုပ်တွေ များနေတာ၊ အလုပ်မျိုးစုံ လုပ်နေရတာကို သဘောခွေ့တတ်ကြပါတယ်။

ကရကဋ်ရာသီဖွား

အလုပ်မျိုးစုံကို တစ်ခုပြီးတစ်ခု စိတ်နှစ် လုပ်တတ်ကြသလို အလုပ်တာဝန်တွေအများကြီးကိုလည်း ကိုင်တွယ် လုပ်ကိုင်နိုင်ကြသူတွေပါ။ စိတ်ပါလက်ပါ ရှိနေပြီဆိုရင် အလုပ်တစ်ခုကို ခဏတာအတွင်း အပြတ်ဖြတ်နိုင်သလို အချိန်တိုတိုလေးနဲ့လည်း အလုပ်တွေ တပုံကြီးကို အလွယ်တကူ လုပ်သွားနိုင်ပါတယ်။

ဗြိစ္ဆာရာသီဖွား

ဇွဲလုံ့လရော သန္နဋ္ဌာန်ပါ ခိုင်မာသူတွေ ဖြစ်လို့ ဘယ်လောက် အလုပ်များများ ပြီးအောင် လုပ်သွားနိုင်ကြပါတယ်။ အလုပ်များလေ ဇွဲကောင်းလေ ဖြစ်ပြီး အလုပ်တိုင်းကိုလည်း ခပ်သွက်သွက်နဲ့ မှန်မှန်ကန်ကန် လုပ်နိုင်ကြသူမျိုး ဖြစ်ပါတယ်။ စိတ်ကူးကောင်းတွေကို လက်တွေ့လုပ်သွားနိုင်တဲ့စွမ်းရည် ရှိကြပါတယ်။ ဧက (ဗေဒင်သုတ)

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)