တစ်ပတ်စာ ၁၂ ရာသီဖွားဟောစာတမ်း (ဇွန် ၂၅ – ဇူလိုင် ၁)

ဒီတစ်ပတ် (ဇွန် ၂၅ ကနေ ဇူလိုင် ၁ အထိ) ၁၂ ရာသီဖွား ဟောစာတမ်းကို ဗေဒင်သုတကနေ ပထမဆုံးအကြိမ်အဖြစ် စတင် တင်ဆက်လိုက်ပါတယ်။ အားလုံးပဲ လွတ်လပ်ပေါ့ပါးတဲ့ စိတ်နှလုံးနဲ့ ဖတ်ရှုအားပေးပါဦး။ အခွင့် ရရင် နောက်အပတ်များမှာလည်း ဆက်လက် တင်ပြပေးပါ့မယ်။ ဒီထက် ပိုကောင်းအောင်၊ ပိုပြည့်စုံအောင်လည်း ကြိုးစားနေပါတယ်။

မိဿ

အလုပ်ပုံစံ၊ အလုပ်နေရာ အပြောင်းအလဲ ရှိလာနိုင်တယ်။ မျှော်လင့်ထားတာတချို့ ဖြစ်မြောက်လာမယ်။ အများနဲ့ ဆက်ဆံရာမှာ အဆင်မပြေ ဖြစ်တတ်တယ်။ ဘယ်ကိစ္စမဆို စိတ်မြန်လက်မြန် မဖြစ်ဖို့ သတိထား။

ပြိဿ

မိသားစုအရေးတွေ များမယ်။ မပြေလည်တာတွေ ရှင်းရမယ်။ စိတ်အညစ်မခံပါနဲ့။ အလုပ်အကိုင်နဲ့ ပတ်သက်လို့ လက်ရှိထက် ပိုကောင်းတာမျိုး ဖြစ်ချင်လာမယ်။ နေရာ အခွင့်အလမ်းသစ်တွေ ရှာဖွေချင်စိတ် များလာမယ်။

မေထုန်

အတွေးအခေါ်တွေ အားကောင်းနေပြီး အထင်အမြင်နဲ့ လက်တွေ့က ထပ်တူကျလာနိုင်တယ်။ ဘာမဟုတ်တဲ့ အရာတွေအတွက် စိတ်ရှုပ်မခံနဲ့။ ပျော်ပျော်နေ၊ အသစ်အဆန်းတွေ လျှောက်လုပ်ကြည့်၊ ပိုလန်းလာလိမ့်မယ်။

ကရကဋ်

စိတ်ကူးထားတာလေးတွေ ဖြစ်လာမယ်။ နှလုံးသားရေးရာမှာ သာယာချမ်းမြေ့မယ်။ နေ့စဉ် ရှင်သန်မှုဘဝမှာ အပြောင်းအလဲတွေ ဖြစ်လာနိုင်တယ်။ သည်းခံ စိတ်ရှည်မှုတွေနဲ့ အရာရာကို အောင်မြင်စွာ ဖြတ်သန်းရမယ်။

သိဟ်

နှလုံးသားရေး၊ လူမှုဆက်ဆံရေးပိုင်းတွေမှာ ပြဿနာတွေ ဖြစ်လွယ်နေမယ်။ စိတ်တို ဒေါသထွက်စရာတွေက လွှမ်းမိုးနေလို့ သတိထားပါ။ အရာရာကို စိတ်တိုင်းမကျ ဖြစ်နေတတ်လို့ မြင်မြင်သမျှ ဒေါပွစရာ ဖြစ်နေမယ်။

ကန်

ကျန်းမာရေး အညံ့ ရှိလို့ အနေအထိုင် အစားအသောက် ဆင်ခြင်ရမယ်။ တခြား လူမှုရေး၊ အလုပ်အကိုင်မှာက အဆင်ပြေ စိတ်ချမ်းသာရမယ်။ ကြိုးစားထားတာတွေ ရုပ်လုံးပေါ်မယ်။ အောင်မြင်မှုရဲ့ အရသာကို ခံစားရမယ်။

တူ

လုပ်စရာကိုင်စရာတွေ များနေလို့ မအားမလပ်နိုင်အောင် ဖြစ်လာမယ်။ ကိုယ်ရေးကိုယ်တာ ပျော်စရာတွေထက် အလုပ်ကို ပိုဦးစားပေးနေရမယ်။ လူမှုရေးပိုင်း အညံ့ ရှိနေတယ်။ တစ်စုံတစ်ဦးကြောင့် စိတ်ညစ်ရတတ်တယ်။

ဗြိစ္ဆာ

အိမ်ဝေးသူတွေ အိမ်လွမ်းလာမယ်။ အိမ်နဲ့လူတွေ မိသားစုနဲ့ နွေးထွေးမှု ပိုရှိလာမယ်။ အလုပ်မှာ အပြိုင်အဆိုင် များလာနိုင်တယ်။ ဒါပေမယ့် ကိုယ်ကပဲ ရှေ့က ဦးဆောင်သွားလိမ့်မယ်။ လုပ်သမျှလည်း ထင်ပေါ်နေလိမ့်မယ်။

ဓနု

ငွေရေးကြေးရေးကိစ္စ ပြောရဆိုရတာတွေ ရှိလာမယ်။ ငွေရဲ့အရေးပါပုံကို ပိုမြင်လာမယ်။ လက်ထဲ သုံးစရာကို မရှိအောင် ဘိုင်ကျတတ်တယ်။ အလုပ်ထဲလည်း စိတ်မဝင်စားချင်ဘူး။ ဒါပေမယ့် အချိန်တန်ရင် အဆင်ပြေမယ်။

မကာရ

အရေးမပါတာတွေကို လွှတ်ချပြီး ကိုယ့်ကောင်းကွက်၊ ဆိုးကွက်လေးတွေ ပြန်ရှာ ပြုပြင်လိုက်။ ပိုပြီး ကောင်းတဲ့ အခြေအနေတွေ ဖြစ်လာမယ်။ ဘဝအတွက် အသုံးမဝင်တဲ့ ကိစ္စတွေ၊ အရေးမပါသူတွေကို သိမြင်လာလိမ့်မယ်။

ကုမ်

နေရင်းထိုင်ရင်းက တက်ကြွပြီး ဘာလာလာ ဒေါင်းမယ် ဆိုသလို ဖြစ်နေမယ်။ ဒါပေမယ့် လက်တွေ့ လုပ်ချလိုက် တလွဲတွေချည်း ဖြစ်လာမယ်။ စကားများ၊ ရန်များတတ်လို့ သတိထားပါ။ သည်းခံ အလျှော့ပေးနိုင်အောင်လုပ်ပါ။

မိန်

အပေါင်းအသင်းကိစ္စကြောင့် အာရုံနောက်ရမယ်။ မြတ်မယ် ထင်ပြီး ချလိုက်တဲ့ အလုပ်တွေ လွဲချော်တတ်တယ်။ အထင်အမြင် လွဲစရာတွေကို ဖြေရှင်းရမယ်။ လူလိမ်လူကောက် သတိပြုရမယ်။ အကုန်အကျ သိပ်များနေမယ်။

ဧက

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)