တနင်္ဂနွေနေ့ဖွားတို့ ကံဇာတာ (၁၃၈၃ခုနှစ်)

တနင်္ဂနွေနေ့ဖွားတွေအဖို့ သည်တစ်နှစ်ကတော့ … အတိုက်အခံအပြိုင်အဆိုင် အများဆုံး နှစ်တစ်နှစ်အဖြစ် ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။ နေရာတိုင်းမှာ ကြည့်လိုက်တိုင်း…..မိမိကို ပုခုံးချင်းတိုက် … ယှဉ်ပြိုင်လိုစိတ်ဝင်နေကြသူများချည်းသာ ကြုံနေကြရတတ်ချိန် ဖြစ်ပါတယ်။

မိမိကိုယ်တိုင်ကလည်း အတိုက်အခံ ရန်မှန်သမျှကို ခါတိုင်းထက်ပိုပြီး သီးခံစိတ်နဲလာတတ်ပါတယ်။ လက်ဦးအောင် အနိုင်လုပ်ပစ်ချင်သည့်စိတ်မျိုး မကြာခဏ ၀င်လာတတ်ချိန်ပါ။ လုပ်လိုက်သလိုလည်း အနိုင်ရနေတတ်ပါတယ်။

တနင်္ဂနွေနေ့ဖွားတွေအဖို့ …ဒီတစ်နှစ်မှာ ချစ်မှုရေးရာမှာတော့ စန်းပွင့်နေချိန်မျိုး ဖြစ်နေပါလိမ့်မယ်။ ဆန့်ကျင်ဘက်လိင်တွေရဲ့ နှစ်လိုမှုကို ခံရတတ်ချိန်ပါ။ အထူးသဖြင့် အမည်ရဲ့ နောက်ဆုံးမှာ … သောကြာနံဖြင့် မှည့်ခေါ်ထားသူတွေအဖို့ ချစ်မှုရေးရာ ကံကောင်းမှု ပိုမိုကြုံကြိုက်ရတတ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။

ရင်းနှီးမြုပ်နှံမှု မှားယွင်းတတ်ခြင်း ကံကိုတော့ ဒီတစ်နှစ် တနင်္ဂနွေနေ့ဖွားတွေအဖို့ ဂရုစိုက်ရပါလိမ့်မယ်။ အကျိုးမဖြစ် အချည်းနှီးဖြစ်မယ့်နေရာမျိုးမှာ မိမိခွန်အား ၊ ငွေကြေး ၊ အားအင်တွေကို အကျိုးမဲ့ ဖြုန်းတီးနေရသလိုမျိုး အနေအထားလေးတွေ ကြုံရတတ်ချိန်လို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းရင်းနှီးမြုပ်နှံမယ့် တနင်္ဂနွေနေ့ဖွားတွေ …ဒီတစ်နှစ်အဖို့ သတိထားပြီး ရင်းနှီးမြုပ်နှံကြဖို့ သတိပေးရမှာပါပဲ။

နေရာထိုင်ခင်းနှင့် ဌာနကံပိုင်းဆိုင်ရာမှာလည်း တနင်္ဂနွေနေ့ဖွားများ သည်တစ်နှစ် အနည်းငယ် အားနည်းကြပါလိမ့်မယ်။ နေရာထိုင်ခင်းမတည်ငြိမ်ခြင်း၊ စိတ်ဂယောက်ဂယက်များခြင်း၊ တစ်နေရာတည်း စွဲမြဲစွာ မနေနိုင်ခြင်းမျိုးတွေ သိသိသာသာ ကြုံလာတတ်ပါတယ်။ လုပ်ငန်းခွင်ပိုင်းမှာလည်း မိမိတာဝန်ယူလုပ်ကိုင်ရသည့် နေရာဌာနပိုင်းဆိုင်ရာ ၊ ရာထူးဌာနပိုင်းဆိုင်ရာ ကဏ္ဍတွေမှာ ..တည်ငြိမ်မှု နည်းပါးတတ်ပါတယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။

သည်တစ်နှစ် တနင်္ဂနွေနေ့ဖွားတွေရဲ့ ပညာဥာဏ်စွမ်းဟာ တိမ်မြုပ်နေတတ်ပါတယ်။ သို့တည်းမဟုတ် မိမိပညာကို အကုန်အစင် ထုတ်ယူသုံးခွင့် ထင်ရှားခွင့်မရဘဲ .ဖြစ်နေတတ်ချိန်ပါ။ မိမိပညာကို သုံးလိုက်တာနဲ့ …လူတစ်စု ( တစ်ဦးတစ်ယောက်တည်းမဟုတ် ..ပိုမိုသော ရန်သူတစ်စု) က ၀ိုင်းဝန်းတိုက်ခိုက်တာမျိုး ကြုံရတတ်သည့် အချိန်ကာလပါပဲ။

ဘာပဲဖြစ်ဖြစ် …သည်တစ်နှစ်သည် တနင်္ဂနွေနေ့ဖွားတွေကို …စစ်မြေပြင်ထဲ ဆွဲခေါ်သွားသည့်နှစ်ပါပဲ။ နေရာတိုင်းမှာ ရန်တွေ ၀ိုင်းနေပါလိမ့်မယ်။ ဒါပေမယ့် မိမိကလည်း ရန်သူတိုင်းကို ပြန်လည်တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေမယ့်နှစ်မျိုး ဖြစ်ကြောင်းပါ။ ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)