တနင်္ဂနွေနေ့ဖွားများအတွက် ၁၃၈၁ ၊ လုပ်ငန်းစီးပွားဟောကိန်း

တနင်္ဂနွေနေ့ဖွားတွေအနေနဲ့ မနှစ်တုန်းက အလုပ်အကိုင်ကံ အပြောင်းအလဲတွေ၊ အခက်အခဲတွေ များခဲ့ရသလောက် ဒီနှစ်မှာတော့ အမောပြေစရာလေးတွေ ကြုံလာရမယ့် အချိန်ပါပဲ။

အများစုသော တနင်္ဂနွေနေ့ဖွားများ…အလုပ်အကိုင်ကံ ပွင့်လန်းလာကြပါမယ်။ ဒါပေမယ့် နာမည်ရဲ့ နောက်ဆုံး မှာ အင်္ဂါနံဖြင့် မှည့်ခေါ်ထားသော ..ဥပမာ..စန်းစန်း ၊ အောင်စိုး ၊ အေးအေးဆွေ ၊ စသည်ဖြင့်သော တနင်္ဂနွေ နေ့ဖွားများအဖို့ကတော့ နည်းနည်း အခက်အခဲ ရှိနိုင်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဘာပဲဖြစ်ဖြစ် ဒီတစ်နှစ်က မနှစ်ကနဲ့စာရင်တော့ အလုပ်အကိုင် အသက်မွေးမှုကံ ပိုမိုအားသာနိုင်သည့် နှစ်ဖြစ်ပါတယ်။ အထူးသဖြင့် တနင်္ဂနွေနေ့ဖွားလည်း ဖြစ်မယ်။ အသက်ပိုင်းကလည်း ….၁၈နှစ်၊ ၂၅နှစ် ၊ ၃၂နှစ် ၊ ၃၉နှစ် ၊ ၄၆နှစ်၊ ၅၃နှစ် ၊ ၆၀နှစ် ဆိုတာမျိုးဖြစ်မယ်……ဆိုရင် အလုပ်အကိုင်ကံ ပိုမိုပွင့်လန်းမယ့် အချိန်ပါပဲ။

ထို့အတူ…..တနင်္ဂနွေနေ့ဖွား ဖြစ်ပြီး…အသက်ပိုင်းအားဖြင့် …၂၉နှစ်တင်းတင်းပြည့်ပြီးချိန်မှ…..၃၁နှစ် ၃လအတွင်း ဖြတ်သန်းနေရင် ဖြစ်စေ၊ ၃၅နှစ် ၄လ ၁၅ရက် ပြည့်ပြီးချိန်မှ…. ၃၇နှစ် ၆လ အတွင်း ဖြတ်သန်းနေဆဲ ကာလ ကြုံကြိုက်နေလျင်ဖြစ်စေ….၄၈နှစ် ၆လ မှ …၄၉နှစ် ၉လ ကြား ဖြတ်သန်းနေရင် ဖြစ်စေ၊ ၅၄နှစ် ၉လ မှ ….၅၆နှစ် အတွင်း ဖြတ်သန်းနေချိန် ဖြစ်နေရင် ဖြစ်စေ….

ထိုတနင်္ဂနွေနေ့ဖွားများအဖို့ ယခုနှစ် ၁၃၈၁ခုနှစ်မျိုးမှာ အလုပ်အကိုင်ကံ ပိုမိုပွင့်လန်း တတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဂရုစိုက်ကြရမှာက…..ဒီတစ်နှစ်အဖို့ တနင်္ဂနွေနေ့ဖွားတွေကို မနာလိုသူ မရှုစိမ့်သူ သိပ်ပေါမယ့်နှစ်ပါ။ အချင်းချင်း ကြားထဲကနေ မလိုသူတစ်စုက ..အုပ်စုဖွဲ့ပြီး မိမိကို နောက်ကွယ်ကနေ မကောင်းကြံခြင်း၊ အုပ်စုလိုက်တိုက်ခိုက်ခြင်းမျိုး ပြုခံရတတ်ကြပါတယ်။

ဗုဒ္ဓဘာသာဝင်များဖြစ်မယ်ဆိုရင်တော့ ….ခန္ဓသုတ်တော်နဲ့ မေတ္တာသုတ်တော် တို့ကို ဒီတစ်နှစ် မှာ အထူးပြုပြီး နေ့စဉ် ရွတ်ဖတ်သင့်လှပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဒီနှစ်မှာ အလုပ်အကိုင်ကံ ပိုမို ပွင့်လန်းစေလိုတယ်ဆိုရင်တော့ တနင်္ဂနွေနေ့မှာ မိမိနေအိမ်က နာရီ အပျက်တွေ၊ ပြက္ခဒိန် အဟောင်းတွေကို အရင်စွန့်ပါ။ ပြီးရင် တနင်္ဂနွေနေ့ မှာ ဘုန်းတော်ကြီးကျောင်းမှာ ထင်း ၊ မီးသွေး ၊ ဂက်စ် စသည်ဖြင့် လောင်စာ လှုဒါန်းကုသိုလ်ပြုထားသင့်ပါကြောင်း။

တနင်္ဂနွေနေ့ဖွား အပေါင်း သူတော်ကောင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသတည်း။

လေးစားစွာဖြင့်

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)