တနင်္လာနေ့ဖွားများရဲ့ တသက်တာ ကံဇာတာအနိမ့်အမြင့်

ယေဘုယျအားဖြင့် …မွေးစမှ အသက် ၁၅နှစ်အတွင်းသည် စောစောစီးစီးကိုပဲ အိုးအိမ်အပြောင်းအရွှေကံနဲ့ စတင်ခဲ့တာပါ။ မိဘတွေမှာပါ ကံတူလာခဲ့ရင် …၄င်းအသက်ပိုင်းများအတွင်း အိုးအိမ်အပြောင်းအရွှေ့ နေရာ အပြောင်းအရွှေ့ များပြားရတတ်ပါတယ်။

တနင်္လာနေ့ဖွားကလေးငယ်တွေဟာ ဒီအသက်ပိုင်းထိအတွင်းမှာ…အာရုံကြော အားနည်းလွယ်ပါတယ်။ ဒါကြောင့် အာရုံကြောပိုင်း ဆိုင်ရာ ချို့ယွင်းမှုနဲ့ အရွယ်ငယ်ငယ်နဲ့ ….မျက်မှန်တပ်ရခြင်း၊ အာရုံကြော ဗဟိုနဗ်ကြောပိုင်းဆိုင်ရာ ထိခိုက်လွယ်ခြင်းကို အချို့သော တနင်္လာနေ့ဖွားများမှာ ခံစားရတတ်ပါတယ်။ အထူးသဖြင့် …နာမည်အဖျားစာလုံးကို …(ပ၊ဖ၊ဗ၊ဘ၊မ) ဖြင့် မှည့်ခေါ်ထားသော တနင်္လာနေ့ဖွားများအဖို့ ပိုမို ခံစားကြရတတ်စမြဲ ဖြစ်ပါတယ်။ (ခင်မောင်၊ ခင်ခင်မြင့်၊ ရွှေဝါဖြိုး ၊ လင်းလင်းမော်..စသည်) ။

အသက် ၁၆ ကနေ .. ၂၃ နှစ်အတွင်းမှာ …တနင်္လာတွေအဖို့…ကံညံ့ချိန်လို့ ဆိုနိုင်ပါတယ်။ လွတ်လပ်မှု ကင်းမဲ့ခြင်း၊ အဖိနှိပ်ခံရခြင်း၊ အချိန်စောင့်ဆိုင်း သည်းခံရလွန်းခြင်း၊ စိတ်အလိုမကျမှု များပြားရခြင်း ရှိတတ်ချိန်တွေပါ။ ထူးခြားတာက ဒီအသက်ပိုင်းများမှာ မေတ္တာရေးကံ အလွန်အားကြီးပါတယ်။ တနင်္လာ ရာဇဖွားတွေအဖို့ ပိုမိုသတိထားရမယ့် အနေအထားဖြစ်ပါတယ်။ အကယ်၍ မူလဇာတာ နာမည်မှာပါ ပညာရေးဂြိုဟ်ကို ထိခိုက်မိစေသော အနေအထား ရှိနေခဲ့ရင် ..မေတ္တာရေးကြောင့် ပညာရေးပါ ထိခိုက်ရစေတတ်သော အသက်ပိုင်းများပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

အသက် ၂၄ ကနေစလို့…. အသက် ၄၀ အတွင်းသည် … ကိုယ်ပိုင်ဘ၀ စတင်ပါတယ်။ အလုပ်အကိုင်ကံများ ၊ ကိုယ်ပိုင်ဘ၀ကံများသည် ထိုအချိန်ကနေ စတင်ပါတယ်။ မိမိကိုယ်ကို ယုံကြည်မှု စတင်ရလာပြီ ဖြစ်သလို…အရင်လို အချိန်တွေ သိပ်စောင့်မနေရတော့ဘဲ  လမ်းစအသစ်တွေလည်း ပေါ်ပေါက်လာတတ်ကြပါတယ်။

တနင်္လာအထွန်းဖွားတွေ အတွက်ကတော့ ….ဒီကာလများသည် အလွန် ဂုဏ်ယူဖွယ်ရာ ကောင်းသော အချိန်ကာလများဖြစ်ပြီး…၊ ဂုဏ်ယူလောက်သော အောင်မြင်မှုများလည်း ပါလာတတ်ချိန်ပါပဲ။ တနင်္လာရာဇဖွားတွေကတော့…. ရန်အတိုက်အခံနဲ့ ယှဉ်တွဲပြီးမှ အောင်မြင်လာနိုင်ချိန် ဖြစ်သလို…တစ်သက်လုံးမှာ စွမ်းရည်အပေါ်လွင်ဆုံးကာလသည်လည်း …..ဒီအချိန်ပဲ ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

အသက် အားဖြင့် ၄၁ကနေ…အသက်၅၀ အတွင်းကတော့ …အလွန် သတိထားရမယ့်ကာလ တစ်ခုဖြစ်ပြီး …၊ အထူးသဖြင့် တနင်္လာရာဇဖွားတွေအတွက် ….စိတ်ပင်ပန်းမှုအများဆုံး ကာလများပဲ ဖြစ်ပါလိမ့်မယ်။ စနေဂြိုဟ် အိပ်ချိန် ဘုမ္မိကာလများ ဖြစ်ပြီး. ဒီကာလများမှာ… ၀ဋ်ကြွေးမှန်သမျှ ရှိခဲ့သမျှ ပြန်ပေးဆပ်ရတဲ့အချိန်နဲ့ အလားသဏ္ဍာန် တူပါတယ်။ တရား အားထုတ်မယ့် ပုဂ္ဂိုလ်တွေအတွက်ကတော့ အကောင်းဆုံးအချိန်ဖြစ်ပြီး လောကီရေးရာတွေမှာတော့ သာယာမှုကင်းမဲ့စေသော … အချိန်တွေပါပဲ။

အသက် ၅၁ကနေ ပြန်စပြီး…. အသက် ၆၉ နှစ်ကြား ကာလများကတော့ …ဒီ့မတိုင်ခင် ဆယ်နှစ်တာ ဆိုးခဲ့သမျှကို ..အမောဖြေပြေ စေမယ့် ကာလလေးတစ်ခုလို့ ဆိုနိုင်ပါတယ်။ မူလဇာတာ နာမည် စတာတွေအရ မိမိတို့ကံပါသလောက်…ပြန်လည်လန်းဆန်း ရွှင်လန်းခွင့် ရနိုင်ချိန်များပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

နာမည်အဖျားစာလုံး စနေနံသမားတွေကတော့ (ဥပမာ၊ ဦးခင်ထွန်း၊ ခင်ခင်တင့်၊ ကျော်စိန်ထွန်း ၊ မြတ်နိုးတွယ်တာ ) ဒီအသက်ပိုင်းများ ကြားမှာ ဦးခေါင်းနဲ့ နှလုံးကို ထိခိုက်စေတတ်ပါတယ်။ မင်းအစိုးရများနဲ့ ..ငြိစွန်းရတတ်ပါတယ်။ ရေးရမယ်ဆိုရင်လည်း အများကြီးပါ။ ဘာပဲဖြစ်ဖြစ် ဘ၀ရဲ့ တတိယအရွယ်သည် တနင်္လာနေ့ဖွားအများစုအတွက် တော့ …ဘ၀အမောဖြေပြေချိန် ဖြစ်တတ်ပြီး ကျန်းမာရေးသာ ဂရုစိုက်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

တစ်ကယ်လို့….မိမိတို့ သက်တမ်းသာ ရှည်နိုင်ခဲ့ပြီး ….အသက်အားဖြင့် ၇၀ မှ ၈၁ကြား ကာလသည် အလုပ်အကိုင် အခွင့်အလမ်း ပြန်လည် အားသာချိန်ကို ရရှိပါလိမ့်ဦးမယ်။ အထူးသဖြင့် တနင်္လာရာဇဖွားများ အဖို့…မိမိတို့ မူလစွမ်းရည်သည် ဒုတိယအကြိမ်အဖြစ် ပြန်လည် ထွန်းလင်းတောက်ပလာမှာ မလွှဲမသေပဲ ဖြစ်ပါတော့တယ်ခင်ဗျား။

ထုံးစံအတိုင်း ….မူလဖွားဇာတာအမျိုးမျိုး၊ နာမည်အမျိုးမျိုး ၊ ရုပ်လက္ခဏာကြန်အင်အသီးသီး ပေါ်မူတည်ပြီး အကျိုးအပြစ်များ ကွာခြားတတ်ကြမယ်ဆိုတာကိုတော့ သတိပြုပြီး ဖတ်မှတ်သင့်ပါတယ်ခင်ဗျား။

လေးစားစွာဖြင့် – ဆရာဝေသာလီမောင်ဖုန်း (ခေါ်) ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)