တနင်္လာနေ့ဖွားများအတွက် ၁၃၈၁၊ လုပ်ငန်းစီးပွားဟောကိန်း

တနင်္လာသားသမီးတွေအတွက် ဒီတစ်နှစ်မှာ …ပထမဆုံးကြုံလာမှာက …အပြောင်းအလဲတွေပါပဲ။ ပြောရရင် ပထမဆုံး ကိုယ့်ကိုကိုယ် ငါဘာများပြောင်းလဲဖို့ လိုလာပြီလဲ ဆိုတာကို သုံးသပ်ကြရပါတော့မယ်။

ထို့အတူ ဒီနှစ်ထဲမှာ တနင်္လာတွေဟာ စိတ်ခံစားချက် …အတက်အကျမြန်ပြီး အပြောင်းအလဲ များတတ်သည့် ကာလလည်းဖြစ်ပါတယ်။ အကျိုးစီးပွား ရှာဖွေရာမှာ စိတ်နှစ်ခွ ဖြစ်စရာတွေ၊ မရေမရာ ဖြစ်ရခြင်းတွေ၊ လမ်းနှစ်ခွ ရွေးရခက်ခြင်းတွေ မကြာခဏဆိုသလို ဖြစ်ပေါ်လာတတ်သည့် နှစ်လည်းဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

တနင်္လာနေ့ဖွားတွေ သည်တစ်နှစ်မှာ အကျိုးစီးပွား ရှာဖွေရာမှာ အခက်အခဲကြုံလာသည်ရှိသော် ဖြစ်နိုင်သမျှ တစ်နှစ်လုံး လိမ္မော်ရောင်တွေကို သတိထား ရှောင်ကျဉ်သုံးစွဲသင့်ပါတယ်။

ဒီနှစ်ထဲမှာ တနင်္လာနေ့ဖွားတွေ ငွေကြေးဆုံးရှုံးလွယ်သည့် ကံလည်း ရှိလာပါတယ်။ ဒါကြောင့် ငွေကြေးဆိုင်ရာ ကဏ္ဍတွေမှာ (အထူးသဖြင့် သူတစ်ပါးတို့ကို ငွေကြေး ကူညီမယ်ဆိုရင် အထူးသတိထားပါ )။ ဖြစ်နိုင်ရင် အဆုံးခံနိုင်၊ ကြံ့ကြာဖင့်နှေးမှုကို ခံနိုင်ပါမှ ၊ ခံနိုင်သည့်ပမာဏကို ကူညီသင့်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

မိမိကူညီလိုက်သည့်သူက လူမှန်လူကောင်း ဖြစ်နေသော်မှ မိမိကံက ဆုံးရှုံးလွယ်သည့် ကံဆိုက်နေချိန်မှာ ပြန်ဆပ်ရမည့် လူဘက်မှာလည်း ပြန်မဆပ်နိုင်တာ သို့တည်းမဟုတ် ကြံ့ကြာဖင့်နှေး ထစ်ငေါ့ရသည့် အခြေအနေတွေ ကြုံကြိုက်လာတာမျိုး ဖြစ်လွယ်နေတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

တနင်္လာတွေအနေနဲ့ ဒီတစ်နှစ်ကောင်းကျိုးကတော့ အဝေးကနေ …ကောင်းသော အဆက်အသွယ်များ ၊ သတင်းစကားများ ကြားသိရတတ်ခြင်းပါပဲ။ ထို့အတူ မထင်မှတ်ဘဲ မထင်မှတ်ထားသူအချို့ သို့တည်းမဟုတ် .စနေနေ့ဖွားအချို့ ၊ သို့မဟုတ် လူမျိုးကွဲ ဘာသာကွဲတိုင်းတစ်ပါးသားအချို့မှ ကောင်းကျိုး ပေးတာမျိုးလည်း ကြုံရတတ်ပါတယ်။

နောက်တစ်ခုကတော့ တနင်္လာနေ့ဖွားများ ဒီနှစ် ၁၃၈၁ ခုနှစ်ထဲမှာ မပြီးသေးသော တစ်ပိုင်းတစ်စ ဖြစ်နေသေးသည့် အလုပ်တွေကို ဆက်လက်လုပ်ကိုင်ဆောင်ရွက်နိုင်သည့် စွမ်းရည်မျိုး ပိုင်ဆိုင် ရရှိလာတတ်ကြပါတယ်။ ဒါကြောင့် တစ်ပိုင်းတစ်စ ဖြစ်နေတဲ့ အလုပ်တွေကို ပြီးအောင် ဆက်လုပ်မယ်ဆိုရင် ဒိနှစ်ထဲမှာ အထူးကြိုးစားအားစိုက်ကြည့်ကြသင့်ပါတယ်။

ရရှိလာသည့် စွမ်းရည်ကို အသုံးချခွင့်ရချိန်မှာ အသုံးချကြည့်ကြစေလိုပါတယ်။ ထို့အတူပါပဲခင်ဗျာ။

၁၃၈၁ခုနှစ်သည် …တနင်္လာနေ့ဖွားတွေကို …တစ်ကြိမ်နဲ့ မအောင်မြင်တောင် ဇွဲမလျော့ဖို့၊ တစ်ဖန် ပြန်လည်ကြိုးစားပြီး အောင်မြင်မှုကို ပိုင်ဆိုင်ဆုပ်ကိုင်နိုင်ဖို့ မုချ အခွင့်အရေး ပေးတတ်သည့် ကာလဖြစ်တာမို့…လက်မလျော့ဘဲ ကြိုးစားအားထုတ်နိုင်ကြပါစေခင်ဗျား။

အထူးသဖြင့် တနင်္လာနေ့ဖွားဖြစ်ပြီး အသက်ပိုင်းအားဖြင့် … ၁၈နှစ် ၊ ၂၅နှစ် ၊ ၃၂ နှစ် ၊ ၃၉နှစ် ၊ ၄၆နှစ် ၊ ၅၃နှစ် ထဲမှာလည်း ဖြတ်သန်းနေမယ်ရင် ထို့အတူ အသက်အားဖြင့် ၂၃နှစ်တင်းတင်းပြည့်ပြီးချိန်မှ ၂၅နှစ် ၁လ ၁၅ရက် အတွင်း ဖြတ်သန်းနေဆဲ အချိန်ကာလနဲ့ တိုက်ဆိုင်နေမယ်ဆိုရင်သော်လည်းကောင်း….၊ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အသက်အားဖြင့် ၂၉နှစ် ၄လ ၁၅ရက်မှ …၃၁နှစ် ၆လ အတွင်း ဖြစ်နေခဲ့ရင်သော်လည်းကောင်း..၊ အသက်အားဖြင့် …၄၂နှစ် ၆လ မှ… ၄၃နှစ် ၉လ အတွင်း ဖြစ်နေခဲ့ရင်သော်လည်းကောင်း…၊

အသက်အားဖြင့် …၄၈နှစ် ၉လ မှ….၅၀တင်းတင်းပြည့်ချိန်ထိ ကာလအတွင်း ဖြတ်သန်းနေဆဲ ..အချိန်နဲ့ တိုက်ဆိုင်နေမယ် ဆိုရင်သော်လည်းကောင်း ပြန်လည်ကြိုးစား ပြန်လည်အောင်မြင်နိုင်သော ကောင်းမြတ်သော ကာလပဲ ဖြစ်ပါတယ်ခင်ဗျား။

ကောင်းသောကြိုးစားအားထုတ်မှုအားဖြင့် ကောင်းသောပြန်လည်အောင်မြင်မှုတို့ကို ..တနင်္လာနေ့ဖွား သူတော်ကောင်းအပေါင်းတို့ ပိုင်ဆိုင်ရရှိနိုင်သည် ချမ်းသာခြင်း ရှိကြသည် ဖြစ်ကြပါစေ။

လေးစားခြင်းဖြင့်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)