တရားဝင်ကွာရှင်းပြတ်စဲခြင်းနှင့် မြန်မာ့ဗေဒင်ရှုထောင့်

မြန်မာ့လက်ဆန်းဗေဒင်ကို လေ့လာနေကြသူတွေအတွက် အိမ်ထောင်ဖက်နဲ့ တရားဝင် ကွဲကွာခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဇာတာကို လက်တွေ့ သုတေသန လုပ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

ဇာတာရှင်အမျိုးသမီးဟာ မဟာဘုတ် ၆ကြွင်း အင်္ဂါအဓိပတိဖွား ဖြစ်ပြီး နာမည်တည်ဆောက်ထားပုံက တနင်္လာ+ဗုဒ္ဓဟူး ဖြစ်ပါတယ်။ အင်္ဂါသမီးကို အမြစ်အညွန့် နာမည်မျိုး ပေးထားတာပါ။ ဇာတာခွင်မှာ အိမ်ထောင်ရေးနှင့် သက်ဆိုင်တဲ့ တနင်္ဂနွေဂြိုဟ်ဟာ သိုက်ဌာနမှာ နိစ်မူနေပြီး နာမည်အဖျားစာလုံး ဗုဒ္ဓဟူးက ရာဇဌာနမှာ ရပ်တည်နေတဲ့အတွက် ဇာတာရှင်အမျိုးသမီးရဲ့ အိမ်ထောင်ရေးကို အဆင်း ဘီးတပ်ပေးလိုက်သလို ဒုက္ခများစေပါတယ်။ ဒါက မူလမဟာဘုတ်ဇာတာပါ အိမ်ထောင်ရေး ပြစ်ချက် ဖြစ်ပါတယ်။

လာမေးတဲ့ အင်္ဂဝိဇ္ဖာအခါတိုင်သည် တနင်္ဂနွေအခါတိုင် ဖြစ်ပါတယ်။ နံတော်စဉ်အရ ဓာတ်တော် လောင်ကျွမ်းချိန် ဖြစ်ပြီး အခါတိုင်မှာ မွေးနံ ၃င်္ဂါ တြိရန်းဌာန ရပ်တည်ပါတယ်။ နာမည်အဖျားလုံးနှင့် မွေးနံသည် တြိစတု စောလှလှေဆန်ကိန်းနဲ့ ငြိနေပါတယ်။ ဒါဟာ လက်ရှိကာလမှာ ကျန်းမာရေး ချူချာအားနည်းခြင်း၊ သေချာပေါက် တွက်ဆထားသော ရည်မှန်းချက်တွေ လွဲချော်ခြင်း၊ တစ်ဖက်နှင့် ညှိနှုင်းပြောဆိုဆက်ဆံမှု အဆင်မပြေခြင်း၊ ကိုယ်တိုင်အားထုတ်ကြိုးပမ်းမှု မအောင်မြင်ခြင်း၊ စွန့်လွတ်သင့်သည်များကို အထိခိုက်များကြားမှ ပြတ်သားစွာ စွန့်ပစ်ခဲ့ခြင်းများကို ဖော်ပြပါတယ်။

ဆန်းကျမ်းဗေဒင်အရလည်း နာကောတိုင်မှာ တနင်္ဂနွေ ဆန်းကျင်ပါတယ်။ ဆန်းကျင်ဂြိုဟ် ၁နွေသည် သက်ရောက်တိုင်ရဲ့ ပြဌာနက အိမ်ထောင်မိတ် ကြာသပတေးကို ပူးယှဉ်ထားပါတယ်။ ကာလပျက် ဌာနပမာဏ ရန်တုဖြစ်ပါတယ်။ ဒါဟာ အိမ်ထောင်ရေး သာယာချမ်းမြေ့မှု မရှိတော့ဘဲ ကြီးမားသော စိတ်ဆင်းရဲမှု ဖြစ်စေခြင်းကို ရည်ညွှန်းပါတယ်။

တနင်္ဂနွေဂြိုဟ် ကိုယ်တိုင်ကလည်း နိစ်ကြီးမှာ ကောဇာကိစ္စဂြိုဟ် ၄ဟူးနဲ့ ပူးယှဉ်ထားခြင်းဟာ အိမ်ထောင်ဖက်ကြောင့် ရောဂါဟောင်း ပြသနာဟောင်းများဖြစ်ပေါ်ခြင်း၊ ခင်ပွန်းသည်ကြောင့် စိတ်ဆင်းရဲရခြင်း အိမ်ထောင်ဘက်ကို စွန့်လွှတ်ရခြင်းကို ရည်ညွှန်းပါတယ်။ အဆိုပါအမျိုးသမီးဟာ လက်ရှိအသက်ပိုင်းမှာ အိမ်ထောင်ဖက်နှင့် တရားဝင်ကွာရှင်းပြတ်ခဲ့ပြီး ဖြစ်ပါတယ်။

မြန်မာ့လက်ဆန်းပညာ၏ မူလကိန်းကံပါခြင်း၊ နာမည်တည်ဆောက်ပုံအနေအထား ယူဆပုံ၊ လက်ရှိ အခါတိုင်၏ အင်အား ၊ သက်ရောက်ဆန်းကျမ်းတိုင်၏ ယူဆဟောပြောပုံတို့ကို မြန်မာ့လက်ဆန်း ဗေဒင်ပညာ စတင်လေ့လားလိုက်စားသူများအဖို့ တင်ပြပေးလိုက်ပါတယ်။

အာစရိဂုဏံအဟံဝန္ဒာမိ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီနက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)