တရုတ်ဖုန်းရွှေပညာမှ ကြည့်မှန်များအကြောင်း

တရုတ်လူမျိုးတို့၏ ရှေးဟောင်းလောကီပညာတစ်ခု ဖြစ်သော ဖုန်းရွှေပညာရပ်တွင် ကြည့်မှန်များနှင့် ပက်သက်သော အယူအဆနှင့် အစီအရင်များစွာ ရှိသည်။

ဖုန်းရွှေအတတ်ပညာအရ မိမိနေအိမ်သည် အခြားအဆောက်အဦတစ်ခု၏ ထောင့်စွန်းနှင့် တည့်တည့်မတ်မတ် ကျရောက်နေခြင်းသည် မကောင်းသော အချင်းအရာတစ်ခုဖြစ်ပြီး မြားဦးနှင့် ချိန်ရွယ်ခံထားသကဲ့သို့ ဖြစ်စေသည်။ ယင်းအနေထားအမျိုးတွင် ထိုအရပ်ဘက်သို့ မျက်နှာမူပြီး မှန်အသေးတစ်ချပ်ကို ကပ်ထားပေးခြင်းဖြင့် အညံ့ဆိုးများ ပပျောက်သွားပေမည်။

လမ်းဦးတိုက်အိမ်များတွင် မကောင်းသောဓာတ်များ လွှမ်းမိုးသက်ရောက်ခြင်းမှ ကင်းဝေးစေရန် ၎င်းနေအိမ်ရှေ့ တည့်တည့်တွင် ကြည့်မှန်တစ်ချပ်ကို ကပ်ထားခြင်းဖြင့် လမ်းဦးတိုက်ကြောင့် ဖြစ်ပေါ်စေသော အညံ့ဆိုးမှ ကာကွယ်စေမည် ဖြစ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကြည့်မှန် လုံးဝ မထားအပ်သော နေရာတစ်ခုမှာ မိမိအိပ်ခန်းအတွင်း ဖြစ်သည်။ အိပ်ခန်းအတွင်း ကြည့်မှန်ထားခြင်းကို ဖုန်းရွှေပညာက တားမြစ်ထားသည်။ အိပ်နေစဉ် မိမိပုံရိပ်ကို ပြန်မြင်နေရသော အနေအထားမျိုးကို အထူးရှောင်ကြဉ်သင့်ပေသည်။ ကြည့်မှန်သည် ပုံရိပ်ကို ပွားများစေသော သဘောရှိရာ ထမင်းစားခန်းတွင် ကြည့်မှန်ကို ထားရှိခြင်းသည် စားရေရိက္ခာ ပေါကြွယ်ဝစေခြင်း၊ နှစ်ဆ ပွားများစေခြင်း သဘော ရှိသည်။

ကုမ္ပဏီရုံးခန်းတွင် အတွင်းဘက်မှ ကြည့်သော် ဘယ်ဘက်ခြမ်းတွင် ကြည့်မှန် ထားခြင်းဖြင့် လုပ်ငန်းတိုးတက်မှုအတွက် ကံအထောက်ပံ့ကောင်း ဖြစ်ထွန်းစေမည်။ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ငွေသိမ်းကောင်တာ၌ ကြည့်မှန် ချိတ်ဆွဲထားခြင်းဖြင့် လုပ်ငန်းလည်ပတ်မှုကံကို အားကောင်းစေသည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကြည့်မှန်အကွဲများ၊ အက်နေသော မှန်များကို ချက်ချင်း စွန့်ပစ်သင့်သည်။ ထိုသို့ ကွဲအက်နေသော ကြည့်မှန်များကို ဆက်ထားရှိပါက ကံဇာတာ အားနည်းတတ်ပြီး ရုတ်တရက် အညံ့ဆိုးများ ကျရောက်တတ်သည်ဟု အယူအဆ ရှိသည်။ ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာ ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)