ထီကံကောင်းစေနိုင်သော ဖုန်းရွှေနည်းလမ်းများ

ကံ၊ ဥာဏ်၊ ဝီရိယ ၃ ပါး ရှိရာမှာ ကံတရားပေါ်ကိုသာ အဓိက မှီတည်နေတဲ့ ထီနဲ့ ပတ်သက်လို့ မြန်မာပြည်မှာ တွက်ချက်နည်းပေါင်းစုံ ရှိပါတယ်။ ထီပေါက်အောင်လို့ ယတြာဓာတ်ဆင်တဲ့ နည်းတွေကလည်း မနည်းမနောပါ။

အဲဒီလိုပဲ တရုတ်တွေရဲ့ ရှေးဟောင်းလောကီပညာ ဖုန်းရွှေမှာလည်း ထီထိုးနည်းနဲ့ ပတ်သက်တဲ့ နည်းစနစ်တွေ ရှိပါတယ်။ ဒီနည်းကတော့ ထီဂဏန်း ရွေးချယ်ပေးတာလည်း မဟုတ်၊ ထီပေါက်ဖို့အတွက် ဂါထာအဓိဌာန်တွေ ဝင်ခိုင်းမယ့် နည်းလည်း မဟုတ်ပါဘူး။ ကိုယ်ထိုးမယ့် ထီဆိုင်ရဲ့ အနေအထားပေါ် မူတည်ပြီး ထီပေါက်နိုင်တဲ့ ကံအကြောင်းတရားကို စွမ်းအား မြှင့်တင်ပေးတဲ့ သဘောပါ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

ဒီနည်းစနစ်ကို ထိုင်ဝမ်က နာမည်ကျော် ဖုန်းရွှေဆရာတစ်ဦးက လမ်းညွှန်တာ ဖြစ်ပြီး ပေါက်အားကောင်းနိုင်ခြေ ရှိတဲ့ ထီဆိုင်ကို အောက်ပါအတိုင်း ရွေးချယ်နိုင်ပါတယ်။

၁။ မြို့လယ်ခေါင် လူရှုပ်ထွေး ပြွတ်သိပ်တဲ့ နေရာက ထီဆိုင်မျိုးကို ရွေးချယ်ပါ။

၂။ ဘုရားကျောင်း၊ ဘုံကျောင်း၊ နတ်ကွန်း၊ စေတီ တစ်ခုခုနဲ့ နီးစပ်ရာ ထီဆိုင်မှာလည်း ထိုးနိုင်ပါတယ်။

၃။ ထီဆိုင် မျက်နှာစာဟာ ကျယ်ကျယ်ဝန်းဝန်း ရှိပြီး ရှုပ်ရှုပ်ထွေးထွေး ဖြစ်မနေဘူးဆိုရင် အဲဒီဆိုင်မှာ ရွေးထိုးပါ။ ထီဆိုင် မျက်နှာစာက သိပ်ရှုပ်ထွေးနေပြီး မိန်းလမ်းမကြီးနဲ့ သိပ်ကပ်နေရင်တော့ မထိုးပါနဲ့။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

၎။ မျက်နှာပြင် ညီညာ ဖြောင့်တန်းတဲ့ လမ်းမှာ ထီဆိုင် ရှိရင် ကံစမ်းပါ။ ဒါပေမယ့် ထီဆိုင်ရှေ့မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် ရှိနေပြီး လမ်းကလည်း ကောက်ကွေ့၊ ဖုထစ်နေရင် အဲမှာ မထိုးပါနဲ့။

၅။ ထီဆိုင်ထဲကို လေ့လာပါ။ အဝင်တံခါးမနဲ့ တိုက်ရိုက် တိုးလျှိုပေါက် ဖြစ်နေတဲ့ အထဲတံခါး ရှိနေရင် မထိုးပါနဲ့။ အထဲတံခါးတွေက ဘေးဘယ်ညာမှာ ရှိနေရင်တော့ အဆင်ပြေပါတယ်။ တံခါးမကြီးနဲ့ တိုက်ရိုက် မဖြစ်ရပါဘူး။

၆။ ထီဆိုင်ရဲ့ အဓိက တံခါးမကြီးဟာ ဆိုင်ထဲက အိမ်သာနဲ့ မျက်နှာချင်းဆိုင် ရှိနေရင် မထိုးပါနဲ့။ အဲဒီလိုပဲ ဆိုင်ထဲက မီးဖိုက တံခါးမကြီးကို မျက်နှာမူနေရင်လည်း အဲဒီထီဆိုင်မျိုးကို ရှောင်ပါ။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

၇။ ထီဆိုင်ထဲကနေ အပြင်ကို ပြန်လှည့်ကြည့်ရင် (ထီရောင်းသူနေရာက ရပ်ကြည့်ရင်) ဘယ်ဘက်ခြမ်းနေရာမှာ ထီထိုးသူ (သို့) ဧည့်သည်တွေ ဝင်ထွက်သွားလာလို့ အဆင်ပြေမယ့် နေရာအကျယ်အဝန်း ရှိရပါမယ်။ ညာဘက် နေရာမှာတော့ တံခါး (သို့) ပြတင်းပေါက် ရှိသင့်ပါတယ်။ ဒါမှ ထီပေါက်ကံကို အားကောင်းစေမှာ ဖြစ်ပါတယ်။

အထက်ပါ နည်းစနစ်တွေကို လေ့လာပြီးတော့ အဲဒီ ထီဆိုင်ဟာ ပေါက်အား ကောင်း၊ မကောင်း၊ ထီဆုကြီးတွေ ဝင်နိုင်၊ မဝင်နိုင်ကို သိရှိနိုင်မှာ ဖြစ်သလို ကိုယ်ထိုးတဲ့အခါမှာလည်း ထီပေါက်နိုင်ခြေ ဘယ်လောက် ရှိပါ့မလဲ ဆိုတာကို အကြမ်းဖျဉ်း ကြိုသိနိုင်မှာ ဖြစ်ပါတယ်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)