ဒီတစ်နှစ် (၁၃၈၄) မှာ နေရာဌာနကံဇာတာ ထူးခြားမယ့်နေ့နံများ

မြန်မာနှစ်သစ် ၁၃၈၄ ခုနှစ်ကို ကူးပြောင်းလာတာနဲ့အတူ နေ့နံတချို့ရဲ့ အိုးအိမ်နေရာဌာနကံဇာတာတွေလည်း အကောင်းအဆိုး၊ အပြောင်းအလဲတွေ ဖြစ်ပေါ်လာပါတော့မယ်။ ဒီနှစ် ၁၃၈၄ မှာ ဘယ်နေ့သားသမီးတွေက နေရာဌာနကံတွေ ကောင်းလာပြီး ဘယ်နေ့ဖွားတွေကတော့ အပြောင်းအရွှေ့ကံတွေ ဖြစ်ပေါ်လာမယ်ဆိုတာ ကြည့်ရအောင်ပါ။

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တစ်နှစ်တာအတွင်း (အင်္ဂလိပ်လိုဆိုရင် ၂၀၂၂ ဧပြီကနေ ၂၀၂၃ ဧပြီလအတွင်း)

(၁) တနင်္ဂနွေသားသမီး

(၂) ကြာသပတေးသားသမီး

(၃) စနေသားသမီး

ဒီနေ့ဖွားတွေဟာ အိုးအိမ်နေရာ၊ ရာထူးဌာနကံတွေ အားကောင်းလာနိုင်ပါတယ်။ နေရာထိုင်ခင်းကိစ္စ အဆင်ပြေ ချောမွေ့တာ၊ အိုးအိမ်ကောင်း ရရှိတာ၊ ရာထူးဌာနကောင်း ရောက်တာ စတဲ့ကံတွေ အကျိုးပေးလာနိုင်ပါတယ်။

ဒီနှစ်ထဲ အိမ်ဝယ်၊ တိုက်ခန်းဝယ်၊ မြေဝယ် စတဲ့ကိစ္စတွေမှာ ကံကောင်းအောင်မြင်တတ်ပြီး ရောင်းဝယ်တာတွေ လုပ်မယ်ဆိုရင်လည်း အကျိုးပေးကောင်းမွန်တတ်ပါတယ်။ ဝယ်နိုင်သူများ ဝယ်ထားရင် မမှားဘူးလို့ ဆိုရမှာပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒါပေမယ့် ဒီနှစ် ၁၃၈၄ ခုနှစ်အတွင်းမှာ

(၁) သောကြာသားသမီးတွေဟာ အိုးအိမ်နေရာ မတည်မြဲဘဲ ဟိုနေရာ ပြောင်းရ၊ ဒီနေရာ ရွှေ့ရနဲ့ ခဏခဏ ဖြစ်လာနိုင်ပါတယ်။ အထူးသဖြင့် အိုးပိုင်အိမ်ပိုင် မရှိသေးသူတွေ၊ အိမ်ငှားဘဝ နေနေရသူတွေအဖို့ ဒီနှစ်ထဲမှာ နေရာ မမြဲဘဲ အရွှေ့အပြောင်း များတတ်ပါတယ်။ ရာထူးဌာန မတည်ငြိမ်တာတွေလည်း ဖြစ်တတ်ပါတယ်။

အိုးအိမ်ပိုင်ဆိုင်သူများကတော့ အိမ်ပျက်လို့ ပြင်ရတာ၊ အိမ်မကပ်၊ အိမ်မမြဲတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒီနှစ်အတွင်း အိမ်ရောင်း၊ တိုက်ခန်းရောင်း၊ မြေရောင်းလိုရင် အမြန် အရောင်းစွံလို့ ထွက်လွယ်တတ်ပါတယ်။

(၂) အင်္ဂါသားသမီးတွေဟာ ဒီနှစ်ထဲမှာ မိမိတို့ မွေးရပ် (သို့) နေနေကျအရပ်ဒေသနဲ့ အလွန် ဝေးကွာလွန်းတဲ့ ဒေသတွေဆီ ရောက်သွားတတ်ပါတယ်။ နိုင်ငံရပ်ခြားသွားဖို့ ကြိုးစားနေသူတွေ၊ ပြည်ပမှာ ပညာတော်သင်ဖို့ လုံးပန်းနေသူတွေ ဒီနှစ်အတွင်းမှာ လိုအင်ဆန္ဒ ပြည့်ဝတတ်ပါတယ်။

မပြောင်းရင်လည်း မပြောင်းဖြစ်ပေမယ့် ပြောင်းပြီရွှေ့ပြီဟေ့ဆိုရင် အလှမ်းကွာလှတဲ့အရပ်ဒေသတွေဆီ ပြောင်းရွှေ့ရတတ်ပါတယ်။ ရာထူးနေရာကိစ္စ ပြောင်းချင်သူတွေဆို နယ်စွန်နယ်ဖျားဒေသတွေဆီတောင် ရောက်သွားတတ်ပါတယ်။ မလုပ်ချင်တဲ့နေရာမှာ အောင့်အီးသည်းခံ လုပ်ရတာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။

ဖော်ပြပါ အိုးအိမ်နေရာ၊ ရာထူးဌာနကိစ္စ ဟောကိန်းတွေဟာ တစ်နှစ်တာအတွင်း ကြုံတွေ့လာနိုင်တဲ့ ယေဘုယျ ကံဇာတာကို တွက်ချက်ဖော်ပြတာ ဖြစ်ပြီး အသေးစိတ်ကတော့ မိမိနာမည်နဲ့ မူလဖွားဇာတာတွေပေါ်မှာ မူတည် ပြောင်းလဲနိုင်တယ်ဆိုတာကိုတော့ သတိချပ်ရမှာ ဖြစ်ပါတယ်။

အားလုံးပဲ နေရာဌာနနဲ့ ပတ်သက်တဲ့ဆုတောင်းတွေ ပြည့်ဝကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)