ဒီနှစ်ထဲ အလုပ်စီးပွားကံ အားနည်းတတ်သူများအတွက် ယတြာ

အခုလို ခေတ်ကာလထဲမှာ အလုပ်ရှင်က အခြေအနေ မကောင်းလို့ပဲ ဖြစ်ဖြစ်၊ တခြား အကြောင်းတွေကြောင့်ပဲ ဖြစ်ဖြစ် ကိုယ့်အလုပ်လေး မရေမရာ၊ မတည်မငြိမ် ဖြစ်လာရင် ဒီယတြာကို သေချာလေး လုပ်ပေးသင့်ပါတယ်။

ပထမဦးစွာ လက်ရှိ ကောဇာမြန်မာနှစ်အရ ကိုယ်ရဲ့ အလုပ်အကိုင်ကံဇာတာ ဘယ်လိုနေမလဲ ဆိုတာ အရင်ဆုံး စစ်ဆေးကြည့်ပါမယ်။ ဒီနှစ် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် (အင်္ဂလိပ်လို ရှေ့နှစ် ၂၀၂၃ ဧပြီလလယ်ထိ) အတွင်း အောက်ဖော်ပြပါ နေ့နံ၊ နာမည်တွေဟာ အလုပ်အကိုင် မတည်မငြိမ် ဖြစ်တတ်ပါတယ်။

(၁) ဗုဒ္ဓဟူးသားသမီးများ (ဗုဒ္ဓဟူးနာမည်ရှင် ယ၊ ရ ၊ လ ၊ ဝ များ)

(၂) ကြာသပတေးသားသမီးများ (ကြာသပတေးနာမည်ရှင် ပ၊ ဖ၊ ဘ၊ ဗ၊ မ များ)

(၃) နာမည်အဖျားစာလုံးကို ကြာသပတေးနံနဲ့ မှည့်ထားသူများ (ဥပမာ – ခိုင်ဖြိုး၊ ဇော်မင်း၊ လင်းမောင် စသဖြင့်)

အထက်ပါ နေ့နံနဲ့ နာမည်ရှင်တွေဟာ ဒီတစ်နှစ်တာအတွင်း အလုပ်အကိုင် မတည်ငြိမ်တာ၊ အလုပ်ပြောင်းရတာ ၊ အလုပ် ပြုတ်သွားတာတွေနဲ့ ကြုံရတတ်ပါတယ်။ ဒီနေရာမှာ မူလဇာတာတွေကိုတော့ ထည့်သွင်းတွက်ချက်မှု မလုပ်ဘဲ ယေဘုယျသဘောကိုသာ ဆိုလိုတာ ဖြစ်ပါတယ်။

ဖော်ပြပါ နေ့နံ၊ နာမည်တွေလောက် မဆိုးပေမယ့် စနေနဲ့တနင်္ဂနွေတွေကလည်း အသက်မွေးဝမ်းကျောင်းမှာ အနည်းနဲ့အများ အခက်အခဲလေးတွေ၊ စိတ်ညစ်စရာတွေ ရင်ဆိုင်ရတတ်ပါတယ်။ ပြောင်းရရွှေ့ရ၊ မသွားချင်ဘဲ သွားရတာ၊ စိတ်မောလူမော ဖြစ်ရတာတွေ၊ ပင်ပန်းရုန်းကန်ရမှုတွေ များတတ်ပါတယ်။

တကယ်လို့ ကိုယ့်အလုပ်ရှင်ရဲ့အခြေအနေ မဟန်တော့ရင်၊ ကိုယ့်နေရာလေးကို မျက်စောင်းထိုး လိုချင်သူတွေ ပေါများနေရင်၊ ဒါမှမဟုတ် ကိုယ့်အလုပ်လေး တည်မြဲမှ မိသားစုဘ၀ အဆင်ပြေမယ်ဆိုရင် အခု ဖော်ပြပေးမယ့် ယတြာကို အလေးအနက်ထား ဆောင်ရွက်ပေးပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဖော်ပြပါ ဇယားအရ ဥပမာ ပြရရင် ကြာသပတေးသားသမီးတစ်ဦးဟာ အလုပ်အကိုင် ကောင်းမွန်စေဖို့ ယတြာ ပြုမယ်ဆိုရင် တနင်္လာနေ့ မနက်စောစော ဘုရားစေတီတစ်ဆူရဲ့တနင်္လာထောင့်မှာ သောကြာနံ အသီးအပွင့်၊ အစားအစာတွေ ကပ်လှူပြီး ဆုတောင်းရမှာ ဖြစ်ပါတယ်။

ယတြာကို ဘယ်နှကြိမ် လုပ်ရမလဲဆိုရင် အနည်းဆုံး သုံးကြိမ်လောက် လုပ်သင့်ပါတယ်။ ဒီတစ်နှစ်တာအတွင်း အလုပ်ကံ အားနည်းတဲ့ နေ့နံ၊ နာမည်ရှင်တွေဆိုရင် လုပ်ကို လုပ်ထားသင့်တယ်လို့ အကြံပြုချင်ပါတယ်။

ဒါလောက်ဆိုရင် နေ့သားအားလုံးအတွက် ယတြာလုပ်ပုံလုပ်နည်းကို သိလောက်ပြီလို့ ယူဆပါတယ်။ အားလုံးပဲ အလုပ်အကိုင်ကံဇာတာတွေ ကောင်းမွန်နိုင်ကြပါစေ…။ ဧက (ဗေဒင်သုတ)

Zawgyi Font

အခုလို ေခတ္ကာလထဲမွာ အလုပ္ရွင္က အေျခအေန မေကာင္းလို႔ပဲ ျဖစ္ျဖစ္၊ တျခား အေၾကာင္းေတြေၾကာင့္ပဲ ျဖစ္ျဖစ္ ကိုယ့္အလုပ္ေလး မေရမရာ၊ မတည္မၿငိမ္ ျဖစ္လာရင္ ဒီယၾတာကို ေသခ်ာေလး လုပ္ေပးသင့္ပါတယ္။

ပထမဦးစြာ လက္ရွိ ေကာဇာျမန္မာႏွစ္အရ ကိုယ္ရဲ႕ အလုပ္အကိုင္ကံဇာတာ ဘယ္လိုေနမလဲ ဆိုတာ အရင္ဆုံး စစ္ေဆးၾကည့္ပါမယ္။ ဒီႏွစ္ ျမန္မာသကၠရာဇ္ ၁၃၈၄ ခုႏွစ္ (အဂၤလိပ္လို ေရွ႕ႏွစ္ ၂၀၂၃ ဧၿပီလလယ္ထိ) အတြင္း ေအာက္ေဖာ္ျပပါ ေန႔နံ၊ နာမည္ေတြဟာ အလုပ္အကိုင္ မတည္မၿငိမ္ ျဖစ္တတ္ပါတယ္။

(၁) ဗုဒၶဟူးသားသမီးမ်ား (ဗုဒၶဟူးနာမည္ရွင္ ယ၊ ရ ၊ လ ၊ ဝ မ်ား)

(၂) ၾကာသပေတးသားသမီးမ်ား (ၾကာသပေတးနာမည္ရွင္ ပ၊ ဖ၊ ဘ၊ ဗ၊ မ မ်ား)

(၃) နာမည္အဖ်ားစာလုံးကို ၾကာသပေတးနံနဲ႔ မွည့္ထားသူမ်ား (ဥပမာ – ခိုင္ၿဖိဳး၊ ေဇာ္မင္း၊ လင္းေမာင္ စသျဖင့္)

အထက္ပါ ေန႔နံနဲ႔ နာမည္ရွင္ေတြဟာ ဒီတစ္ႏွစ္တာအတြင္း အလုပ္အကိုင္ မတည္ၿငိမ္တာ၊ အလုပ္ေျပာင္းရတာ ၊ အလုပ္ ျပဳတ္သြားတာေတြနဲ႔ ႀကဳံရတတ္ပါတယ္။ ဒီေနရာမွာ မူလဇာတာေတြကိုေတာ့ ထည့္သြင္းတြက္ခ်က္မႈ မလုပ္ဘဲ ေယဘုယ်သေဘာကိုသာ ဆိုလိုတာ ျဖစ္ပါတယ္။

ေဖာ္ျပပါ ေန႔နံ၊ နာမည္ေတြေလာက္ မဆိုးေပမယ့္ စေနနဲ႔တနဂၤေႏြေတြကလည္း အသက္ေမြးဝမ္းေက်ာင္းမွာ အနည္းနဲ႔အမ်ား အခက္အခဲေလးေတြ၊ စိတ္ညစ္စရာေတြ ရင္ဆိုင္ရတတ္ပါတယ္။ ေျပာင္းရေ႐ႊ႕ရ၊ မသြားခ်င္ဘဲ သြားရတာ၊ စိတ္ေမာလူေမာ ျဖစ္ရတာေတြ၊ ပင္ပန္း႐ုန္းကန္ရမႈေတြ မ်ားတတ္ပါတယ္။

တကယ္လို႔ ကိုယ့္အလုပ္ရွင္ရဲ႕အေျခအေန မဟန္ေတာ့ရင္၊ ကိုယ့္ေနရာေလးကို မ်က္ေစာင္းထိုး လိုခ်င္သူေတြ ေပါမ်ားေနရင္၊ ဒါမွမဟုတ္ ကိုယ့္အလုပ္ေလး တည္ၿမဲမွ မိသားစုဘ၀ အဆင္ေျပမယ္ဆိုရင္ အခု ေဖာ္ျပေပးမယ့္ ယၾတာကို အေလးအနက္ထား ေဆာင္႐ြက္ေပးပါ။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ေဖာ္ျပပါ ဇယားအရ ဥပမာ ျပရရင္ ၾကာသပေတးသားသမီးတစ္ဦးဟာ အလုပ္အကိုင္ ေကာင္းမြန္ေစဖို႔ ယၾတာ ျပဳမယ္ဆိုရင္ တနလၤာေန႔ မနက္ေစာေစာ ဘုရားေစတီတစ္ဆူရဲ႕တနလၤာေထာင့္မွာ ေသာၾကာနံ အသီးအပြင့္၊ အစားအစာေတြ ကပ္လႉၿပီး ဆုေတာင္းရမွာ ျဖစ္ပါတယ္။

ယၾတာကို ဘယ္ႏွႀကိမ္ လုပ္ရမလဲဆိုရင္ အနည္းဆုံး သုံးႀကိမ္ေလာက္ လုပ္သင့္ပါတယ္။ ဒီတစ္ႏွစ္တာအတြင္း အလုပ္ကံ အားနည္းတဲ့ ေန႔နံ၊ နာမည္ရွင္ေတြဆိုရင္ လုပ္ကို လုပ္ထားသင့္တယ္လို႔ အႀကံျပဳခ်င္ပါတယ္။

ဒါေလာက္ဆိုရင္ ေန႔သားအားလုံးအတြက္ ယၾတာလုပ္ပုံလုပ္နည္းကို သိေလာက္ၿပီလို႔ ယူဆပါတယ္။ အားလုံးပဲ အလုပ္အကိုင္ ကံဇာတာေတြ ေကာင္းမြန္ႏိုင္ၾကပါေစ…။ ဧက (ေဗဒင္သုတ)

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)