ဒီလထဲမှာ ကံကောင်းအဆင်ပြေနိုင်တဲ့ မွေးရက်ဂဏန်းများ

လက်ရှိ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလထဲမှာ ကံဇာတာ သူများထက် ပိုကောင်းနိုင်တဲ့ တနည်းအားဖြင့် လုပ်ငန်းစီးပွား ထူးခြားကောင်းမွန်လာနိုင်တဲ့ အင်္ဂလိပ်လို မွေးရက်ဂဏန်းတွေ ရှိပါတယ်။ သူတို့တွေကတော့ …

(၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ တွင် မွေးဖွားသူများ) – တစ်ဂဏန်းသမားတွေအဖို့ ဒီလဟာ အင်မတန် ထူးခြားလာနိုင်တဲ့ လဖြစ်တယ်။ ကြိုးစားအားထုတ်မှုတွေကနေ အကျိုးရလဒ်ကောင်းတွေ ပေါ်ထွက်လာမယ်။ စွန့်စားမှု များလှတဲ့ လုပ်ငန်းတွေမှာ အောင်မြင်မှု ရတတ်တယ်။ ပျော်ရွှင်ဝမ်းမြောက်စရာ၊ အားတက်စရာတွေ ကြုံတွေ့ရလိမ့်မယ်။

(၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ တွင် မွေးဖွားသူများ)  – ကံတရားက ဖေးကူပံ့ပိုးပေးမယ့်ကာလ ဖြစ်လို့ ကြံစည်လုပ်ကိုင်သမျှ လွယ်ကူအဆင်ပြေတာ တွေ့ရမယ်။ ရည်မှန်းချက်တွေ ဖြစ်လာမယ်။ အကျိုးတူစပ်တူအလုပ်တွေ ကောင်းမယ်။ မိသားစုနဲ့ အချိန်ပေးနိုင်မယ်။ ပျော်စရာတွေအတူ ဖန်တီးနိုင်မယ်။ တစ်လလုံးမှာ ဝမ်းမြောက်စရာတွေ များမယ်။

(၆ ၊ ၁၅ ၊ ၂၄ တွင် မွေးဖွားသူများ)  – ဒီလမှာ ကံကောင်းမှုတွေမျိုးစုံနဲ့ ကြုံရလိမ့်မယ်။ မိတ်ဆွေအပေါင်းအသင်း ဆွေမျိုးသားချင်းတွေနဲ့အတူ ပျော်ပျော်ကြီး နေထိုင်ရတတ်တယ်။ အလုပ်မှာလည်း လွယ်ကူချောမွေ့ အောင်မြင် အဆင်ပြေမယ်။ ဝင်ငွေရလမ်းလည်း ဖြောင့်ဖြူးပြီးတော့ ပုံမှန်မဟုတ်တဲ့ ပြင်ပဝင်ငွေတွေ တိုးပွားရရှိတတ်တယ်။

(၈ ၊ ၁၇ ၊ ၂၆ တွင် မွေးဖွားသူများ) – မမျှော်လင့်ဘဲ ငွေကြေးကံကောင်းမှုတွေ ကြုံရမယ်။ မထင်မှတ်တဲ့ရလမ်း ပေါ်လာလိမ့်မယ်။ ဒီလမှာ အားသစ်အင်သစ်တွေ ရလာသလို တက်တက်ကြွကြွနဲ့ အရာရာကို ရင်ဆိုင်လာမယ်။ အလုပ်မှာ ချီးကျူးဂုဏ်ပြုတာ၊ အသိအမှတ်ပြုတာတွေ ခံရလိမ့်မယ်။ အထူးသဖြင့် ဒီလမှာ ဝင်ငွေတိုးလာမယ်။

၂၀၂၁ ၊ နိုဝင်ဘာမှာ ထူးကဲစွာ ကံကောင်းပျော်ရွှင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)