ဒီအသက် ဒီအရွယ်အတွက် ဟောကိန်းတစ်ခု

ဘယ်နေ့သားသမီးမဆို မိမိအသက်ပိုင်းသည် …. ၁၃နှစ် ၊ ၂၀နှစ် ၊ ၂၇နှစ် ၊ ၃၄နှစ်၊ ၄၁နှစ် ၊ ၄၈နှစ်၊ ၅၅နှစ် ၊ ၆၂နှစ် ၊ ၆၉နှစ် ၊ ၇၆နှစ် ….စသည်ဖြင့် ဖြစ်ခဲ့မယ်ဆိုရင် …..

အသေးစိတ်သေချာတွက်ကိန်းချပြီး …စွန်းစားသင့်တာတွေကို စွန်းစားလုပ်ကိုင်ပါ။ ကွက်တိ တိတိကျကျ တွက်နိုင်လေလေ….သင် အောင်မြင်နိုင်လေလေပါပဲ။

အခြားသူတွေနဲ့ …စေ့စပ်ဆွေးနွေးညှိနှိုင်းပါ။ အကျိုးတူ ပေါင်းစည်းမှု ပြုပါ။ သင်တစ်ယောက်တည်း လုံးဝ မရပ်တည်ပါနဲ့။ အခြားသူတွေနဲ့ လက်တွဲနိုင်ဖို့သည် သည်အသက်ပိုင်းမျိုးမှာ အထူး အရေးကြီးပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သင်တစ်ယောက်ထဲ ဘက်ကွဲနေတာနဲ့အမျှ သင်ကံဆိုးပါလိမ့်မယ်။ အများနဲ့ လက်တွဲညီညွတ်နိုင်လေလေ သင်ကံကောင်းနိုင်လေလေ အသက်ပိုင်းမျိုးဆိုတာ …မှတ်သားထားသင့်ပါတယ်။ စေ့စပ်ကြောင်းလမ်းခြင်း ..ပြုလိုသော မင်္ဂလာရည်ညွန်း မောင်မယ်များအတွက်လည်း ဒီအသက် ဒီအရွယ် ကာလတွေဟာ သင့်မြတ်သော အသက်ပိုင်းဖြစ်ပါကြောင်း….။ ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)