ဒီနှစ်မှာ စီးပွားရှာလိုသူတွေအတွက် ရိုးရာဗေဒင် အကြံပြုချက်

ရောက်ရှိနေပြီ ဖြစ်တဲ့ မြန်မာနှစ်သစ် ၁၃၈၁ ခုနှစ်မှာ..

အများအားဖြင့် ကမ္ဘာနဲ့အ၀ှမ်းမှာ ဆန်ရေစပါး နှင့် ဂျုံ ဖြစ်ထွန်းခြင်း ၊ ၄င်းတို့နှင့် ဆက်စပ်ပတ်သက်နေသော လုပ်ငန်းနယ်ပယ်များ အကျိုးစီးပွား ဖြစ်ထွန်းခြင်း ရှိနိုင်တယ်လို့ ယေဘုယျ သတ်မှတ်ရပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

ဒါ့အပြင် သံနှင့် သံမဏိ နယ်ပယ် ၊ သံထည်လုပ်ငန်းများ ၊ Recycle လုပ်ငန်းများ ၊ ပစ္စည်းဟောင်းများ ရောင်းဝယ်ဖောက်ကားခြင်း၊ ကိုယ်စားလှယ်လုပ်ငန်းများ ၊ ဖိနပ်လုပ်ငန်းများ ၊ မိုင်းတွင်းနဲ့ ကျောက်မီးသွေး လုပ်ငန်းနယ်ပယ်များ ၊ နှစ်ရှည်ပင် စိုက်ပျိုးခြင်းနှင့် ဆက်စပ်လုပ်ငန်းနယ်ပယ်များ၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်နေသော လုပ်ငန်းနယ်ပယ်များမှာလည်း အကျိုးစီးပွား ဖြစ်ထွန်းနိုင်တဲ့ နှစ် ဖြစ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းနယ်ပယ်များ၊ ဖုန်းနှင့် အပိုပစ္စည်းလုပ်ငန်းများ ၊ ဘာသာစကားဆိုင်ရာ လုပ်ငန်းနယ်ပယ်များမှာလည်း ပိုမို အားကောင်းလာနိုင်ဖွယ်ရာရှိပါတယ်။

ဒါပေမယ့် အခု စတင် ဖြတ်သန်းနေတဲ့ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်ထဲမှာ ငွေကြေး နှင့်ဆိုင်သော အပေါင်အနှံ အချေးအငှား လုပ်ငန်းတွေ အထူးသတိပြုရမယ့် နှစ်မျိုးပဲ ဖြစ်ပါတယ်။ ထို့အတူ ဘဏ်လုပ်ငန်းများနဲ့ ငွေကြေး (အထူးသဖြင့် နိုင်ငံခြားငွေ နှင့် ပတ်သက်သည့်ကဏ္ဍများ) မှာ အထူးအထူးကို …ပြဿနာ များပြားနိုင်သော ကာလတစ်ခုကို ကျရောက်လို့လာပြီ ဖြစ်ပါတယ်။

ကျွန်တော့်အယူအဆ တင်ပြရရင်.. ဒီနှစ်မှာ ကမ္ဘာနှင့်အ၀ှမ်းမှာ ရှိတဲ့ ဘဏ်လုပ်ငန်းတွေ သတိနဲ့ လုပ်ကိုင်သင့်သော နှစ်မျိုး ဖြစ်ပါတယ်။ အဆင်မသင့်ရင် ဒေ၀ါလီခံသွားရနိုင်သည်အထိ ငွေကြေးပြဿနာများ ရင်ဆိုင်ရတတ်သည့် နှစ်လို့ ဆိုရမှာပါ။ ထို့အတူ အသေးစား ပုဂ္ဂလိကငွေချေးလုပ်ငန်းနယ်ပယ်လေးတွေမှာလည်း အလားတူဂယက်မျိုးလေးတွေ ရိုက်ခတ်လာမယ့်နှစ်တစ်နှစ် ဖြစ်ပါတယ်။

ဒီနှစ်မှာ သိသာထင်ရှားစွာ အတက်အကျ၊ အပြောင်းအလဲ ဖြစ်ပွားနိုင်တာကတော့ ကားဈေးကွက်နဲ့ ဆက်စပ်ပစ္စည်းနယ်ပယ်ပဲ ဖြစ်ပါတယ်။ အတက်အကျ အပြောင်းအလဲ အလွန်များနိုင်ပြီးတော့ နိုင်ငံအလိုက် ယာဉ်ကားများနှင့်ပတ်သက်သော ပေါ်လစီ အပြောင်းအလဲများလည်း ဖြစ်ပေါ်လာနိုင်ဖွယ်ရာရှိပါတယ်။ (ဗေဒင်သုတ – BaydinThyuta Facebook Page မှ တင်ဆက်သည်။ ကူးယူဖော်ပြခွင့် မပြုပါ)

အားလုံးကို ခြုံငုံသုံးသပ်ရရင် အခု ၁၃၈၁ ခုနှစ်သည် ငွေကြေးဆိုင်ရာပိတ်ပင်မှု ၊ အဆုံးသတ်မှု (၀ါ) ငွေမဲအဖြစ်ကြော်ငြာမှုမျိုး အပါအ၀င်…ငွေကြေးဆိုင်ရာ ကြီးမားသော အဆုံးသတ်ဖြစ်စဉ်မျိုးတွေ ဖြစ်ပွားလွယ်တတ်သည့်ကာလ အမှန် ဖြစ်ပါတယ်။

တစ်ကမ္ဘာလုံးနှင့်ဆိုင်သည့် ဟောကိန်းဖြစ်သည့်တိုင်အောင် ကျွန်တော်တို့နိုင်ငံနဲ့ နိုင်ငံရဲ့ ငွေကြေးကဏ္ဍ၊ ငွေစက္ကူ အပြောင်းအလဲတွေမှာ အခြားနိုင်ငံများနည်းတူ ဂရုပြုရမယ့် နှစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်သမျှ ငွေကြေး လက်ဝယ် ထားရှိခြင်းမျိုးထက် အခြားပိုင်ဆိုင်မှုအဖြစ် ပုံစံပြောင်းထားသင့်သော နှစ်မျိုးလို့ ဆိုရမှာပါ…။

လေးစားစွာဖြင့်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)