ဒွါဒလဂ်ပြတ်ကိန်း တွက်နည်းနှင့် ယတြာချေပုံ

မြန်မာ့လက်ဆန်းဗေဒင်တွင် တစ်မူထူးခြားသော ဒွါဒလဂ်ပြတ်ကိန်းတွက်နည်းနှင့် ယတြာချေပုံတို့ကို ဗေဒင်ဝါသနာရှင်များ ကိုယ်တိုင် တွက်ချက်သိရှိနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။

ဒွါဒလဂ်ပြတ်ကိန်း ကျရောက်သည့်အခါ လုပ်ရေးကိုင်ရေးများ နှောင့်နှေးတတ်ခြင်း၊ အကြံအစည်များ လွဲချော်တတ်ခြင်း၊ ကိုယ်စိတ်နှစ်ပါး ပင်ပန်းစရာများ ကြုံရတတ်ခြင်း၊ အရှုပ်အရှင်းပြဿနာ များရခြင်း တို့ ဖြစ်ပွားတတ်သည်။

အထူးသဖြင့် မိမိကိုယ်တိုင် အကြံအစည် ပျက်ခြင်း၊ အတွေးအခေါ် ပျက်သုဉ်းခြင်းများ ဖြစ်တတ်သော ကိန်းဟု ဆိုရပါမည်။ ဒွါဒလဂ်ပြတ်ကိန်းတွက်နည်းကို ဖော်ပြပါမည်။

မိမိရောက်ဆဲ အသက်ကိုတည် ၃-ဖြင့် ပေါင်းပါ ။ ရလဒ်ကို ၉-ဖြင့် မြှောက်ပြီး ၁၂ ဖြင့် စားပါ။ ဝ-ကြွင်းသော် ဒွါဒလဂ်ပြတ်ကိန်း ရောက်သည်ဟု သတ်မှတ်ပါသည်။

ဥပမာ (၁)  – အသက် ၂၉နှစ် ရှိသူတစ်ဦးဆိုပါက ၂၉ ကို ၃နှင့်ပေါင်းက ၃၂ ရပါမည်။ ၎င်း ၃၂ကို ၉ဖြင့် မြှောက်ပါက  ၂၈၈ ရပါမည်။ ၎င်း ၂၈၈ ကို ၁၂-ဖြင့်စားပါက ဝကြွင်းပါမည်။ ထို့ကြောင့် ဇာတာရှင်သည် အသက် ၂၉ နှစ်အတွင်း ဒွဒလဂ် ပြတ်ကိန်းဆိုက်သည်ဟု ဆိုရပါမည်။

ဥပမာ (၂) – အသက် ၄၁နှစ် ရှိသူတစ်ဦးဆိုပါက အသက် ၄၁ကို ၃ဖြင့်ပေါင်းပါက ၄၄ ရပါမည်။ ၎င်း ၄၄ကို ၉ဖြင့် မြှောက်ပါက ၃၉၆ ရပါမည်။ ၎င်း ၃၉၆ ကို ၁၂ဖြင့်စားပါက အကြွင်း ၀ – ရပါမည်။ ထို့ကြောင့် ဒွါဒလဂ်ပြတ်ကိန်း ဆိုက်သည်ဟု ဆိုရပါမည်။

အထက်ပါ ဥပမာ နှစ်ခုကို နည်းမှီ၍ ကျန်သူများလည်း အလွယ်တကူ တွက်နိုင်ပါသည်။ ယတြာအနေဖြင့် ထိုကဲ့သို့ ဒွါဒလဂ်သုဉ်းကိန်း ကြုံသောအခါ ဆောင်ရွက်ရမည့်ယတြာမှာ သစ်ပင် ၁၂-ပင် စိုက်ပျိုးခြင်းဖြင့် အညံ့ပျောက်သည့်အပြင် ဘဝတွင် ဒွါဒလဂ် ပျက်သုဉ်းတော့မည် မဟုတ်ဘဲ သေလွန်သည့်အခါ အပါယ်သို့ပင် မကျရောက်နိုင်ဟု ရှေးအဌကထာဆရာတော်တို့က ဆိုခဲ့သည်။

စိုက်ပျိုးရမည့် သစ်ပင် ၁၂-ပင်မှာ (၁)ဗောဓိညောင်ပင် (၂) အင် (သို့) အုန်းပင် ၁-ပင်  (၃) ကံကော် ၁-ပင် (၄) သီး ၂-ပင် (၅) လင်းလွန်း ၂-ပင် (၆) ထိန် (သို့) ဒန်း ၂-ပင် (၇) ပေါက် (သို့) ပေါက်ပန်းဖြူ ၂-ပင် စုစုပေါင်း ၁၂-ပင်စိုက်ပျိုးရပါမည်။

ဤသို့ တစ်ကြိမ်တစ်ခါ ဆောင်ရွက်ခြင်းဖြင့် ဒွါဒလဂ်သုဉ်းကိန်းမှ လွတ်မြောက်ပြီး ကောင်းကျိုးတရား ခံစားရမည်။ တစ်သက်တွင် တစ်ကြိမ် ဆောင်ရွက်ခြင်းဖြင့် ဤကိန်းကြောင့် ကြုံတွေ့ရမည့် အညံ့များမှ လွတ်မြောက် ချမ်းသာရပါလိမ့်မည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)